Connect with us

Africa & Middle East

“ကြွေးမြီထောင်ချောက်အဆို” သည် အမေရိကန်နှင့် အနောက်တိုင်းတို့၏ “စကားထောင်ချောက်” ဖြစ်

တရုတ်နိုင်ငံ ပေကျင်း၌ ပထမဆုံး တရုတ်-လက်တင်အမေရိကနှင့် ကာ‌ရေဘီယံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများက လက်တင်အမေရိကနှင့် ကာ‌ရေဘီယံဒေသတို့တွင် တရုတ်၏ “ကြွေးမြီထောင်ချောက်အဆို” ဟု ပုံကြီးချဲ့ပြောနေခြင်းသည် လွန်စွာ ကြောင်သူတော်ဆန်ကြောင်း မကြာသေးမီက ပေကျင်း၌ ပထမဆုံး တရုတ်-လက်တင်အမေရိကနှင့် ကာ‌ရေဘီယံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တွင် ဟွန်ဒူးရပ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gerardo Torres က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ တရုတ်-လက်တင်အမေရိက ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုသည် လက်တင်အမေရိကနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်နှင့် မြင့်မားစွာ ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်-လက်တင်အမေရိက ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး နက်ရှိုင်းလာသည်နှင့်အမျှ အမေရိကန်နှင့် အနောက်နိုင်ငံများသည် လက်တင်အမေရိကနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားရေး ကြိုးပမ်းရန်အတွက် တရုတ်နိုင်ငံက ပြုလုပ်သော “စီးပွားရေးကိုလိုနီပြုမှု” နှင့် “ကြွေးမြီထောင်ချောက်” စသည့် ဆွေးနွေးစရာ ကိစ္စရပ်များကို ဖော်ထုတ်ပေးခဲ့သည်။
“သူခိုးကလူဟစ်ခြင်း”လှည့်ကွက်
တရုတ်နိုင်ငံ၏ “ကြွေးမြီထောင်ချောက်အဆို” သည် အနောက်နိုင်ငံများ၏ “စကားထောင်ချောက်” ဖြစ်ပြီး အမေရိကန် စသည့် အနောက်နိုင်ငံများကသာလျှင် လက်တင်အမေရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၏ အမှန်တကယ် “အိပ်မက်နတ်ဆိုးများ” ဖြစ်ကြောင်း Torres က ထောက်ပြခဲ့သည်။ “သမိုင်းကြောင်းအရ အနောက်နိုင်ငံတွေချည်းပဲ လက်တင်အမေရိကရဲ့ ကြီးမားတဲ့ကြွေးမြီတွေရဲ့ ကြွေးရှင်ဖြစ်ခဲ့တယ်။ သူတို့က ငွေကြေးဆိုင်ရာ ကိရိယာတွေကို အသုံးပြုကာ သူတို့ရဲ့ ဆန္ဒကို နိုင်ငံအသီးသီးပေါ်မှာ အတင်းအကျပ် ပြဋ္ဌာန်းဖို့ဖြစ်ပြီး သူတို့ပေးအပ်တဲ့ ချေးငွေတွေဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တာမဟုတ်ဘူး” ဟု Torres က ပြောကြားခဲ့သည်။
၂၀ ရာစု ၁၉၈၀ ပြည့်နှစ်များတွင် အမေရိကန်သည် အရေအတွက်အရ ဖြေလျှော့မှု (Quantitative Easing) နှစ်ပေါင်းများစွာလုပ်ဆောင်လာပြီးနောက် ရုတ်တရက် ငွေကြေးမူဝါဒ တင်းကြပ်လိုက်ခြင်းသည် လက်တင်အမေရိကနိုင်ငံများ၏ နိုင်ငံခြားကြွေးမြီအန္တရာယ်များကို လျင်မြန်စွာ မြင့်တက်စေပြီး ထိုစဉ်မှာ လက်တင်အမေရိကနိုင်ငံများသည် ပြည်တွင်းစက်မှုလုပ်ငန်းထုတ်ကုန်များဖြင့် ဥရောပနှင့် အမေရိကန်တို့မှ တင်သွင်းသော ကုန်ပစ္စည်းများကို အစားထိုးမည့် “သွင်းကုန် အစားထိုး စက်မှုထွန်းကားရေး” ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ဖြစ်သည်။ အစပိုင်းတွင် မက္ကဆီကိုနိုင်ငံသည် ပြည်ပကြွေးမြီများကို ပြန်မဆပ်နိုင်ဟု ကြေညာခဲ့ရာ ထို့နောက် လက်တင်အမေရိကနိုင်ငံတစ်ဒါဇင်ကျော်သည် ပြင်းထန်သောကြွေးမြီအကျပ်အတည်းများ ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့ရာ အဖွဲ့လိုက် “ဆုံးရှုံးသွားသော ဆယ်စုနှစ်တစ်ခုသို့” ကျရောက်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် လက်တင်အမေရိကနိုင်ငံများ၏ ကြွေးမြီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးသည့်အကြောင်းပြချက်ဖြင့် ” ဝါရှင်တန် သဘောတူညီချက်” ကို စတင်ခဲ့ပြီး အဆိုပါနိုင်ငံများကို နီယိုလစ်ဘရယ်မူဝါဒ ကျင့်သုံးပြီး နိုင်ငံ၏ ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို မြှင့်တင်ပေးခြင်း၊ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုများကို အကောင်အထည်ဖော်ခြင်းတို့သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်စသည့် ဘက်စုံဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးငွေထုတ်ပေးရန်အတွက် မဖြစ်မနေ လိုအပ်သည့် အခြေအနေများဖြစ်သည်။
၎င်းတို့၏ အရင်းအနှီးငွေစာရင်းများကို အချိန်မတိုင်မီ ဖွင့်လိုက်ရပြီးနောက် လက်တင်အမေရိကနိုင်ငံများ၏ ပြင်ပစနစ်ဆိုင်ရာ အန္တရာယ်များကို ခုခံနိုင်စွမ်းမှာ သိသိသာသာ အားနည်းလာသည်။ ကြီးမားသော နိုင်ငံတကာ ရေတို၊ မြန်နှုန်းမြင့် ငွေကြေးအရင်းအနှီးစီးဆင်းမှု hot money များ၏ သက်ရောက်မှုအောက်တွင် လက်တင်အမေရိကသည် အကျပ်အတည်းများ၏ “ဆိုးရွားသော စက်ဝိုင်း” သို့ မကြာခဏ ကျဆင်းသွားခဲ့ကာ ၁၉၉၄ ခုနှစ်တွင် မက္ကဆီကို ဘဏ္ဍာရေးအကျပ်အတည်း၊ ၁၉၉၉ ခုနှစ်တွင် ဘရာဇီးငွေကြေးအကျပ်အတည်းနှင့် ၂၀၀၁ ခုနှစ်တွင် အာဂျင်တီးနားကြွေးမြီအကျပ်အတည်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ပြင်းထန်သော ပုဂ္ဂလိကပိုင် ပြုပြင်ပြောင်းလဲမှုများသည် လက်တင်အမေရိက လူ့အဖွဲ့အစည်းကို အပြင်းအထန် နှစ်ပိုင်းကွဲစေခဲ့ရာ ချမ်းသာသူနှင့် ဆင်းရဲသားများကြား ကွာဟချက်ကို ပိုမိုကျယ်ပြန့်စေခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများမှ ဖြန့်ကျက်ထားသော “တရုတ်ကြွေးမြီထောင်ချောက်အဆို” သည် “သူခိုးကလူဟစ်ခြင်း” လှည့်ကွက်တစ်ခုဖြစ်ကြောင်း Instituto de Pesquisa Economica Aplicada (Ipea) မှ သုတေသီ Pedro Barros ၏ အမြင်အရ သိရသည်။
“ဆယ်စုနှစ်တစ်လျှောက် အနောက်နိုင်ငံတွေက ဘဏ္ဍာရေးနည်းလမ်းတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး လက်တင်အမေရိကနဲ့ ကာ‌ရေဘီယံနိုင်ငံတွေရဲ့ ဒီမိုကရေစီ၊ အဖွဲ့အစည်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွေကို အားနည်းစေခဲ့ပါတယ်။ အခု တရုတ်က သူတို့ရဲ့လမ်းဟောင်းအတိုင်းပဲ လိုက်မယ်လို့ ထင်ပြီး တရုတ်ကိုပြန်ပြီး အပြစ်တင်နေတယ်။ ဒါပေမဲ့ သူတို့မှားသွားပြီ”ဟု Barros သုံးသပ်ခဲ့သည်။ “ပြဿနာမှာ ဘဏ္ဍာရေးဆိုင်ရာ ကိရိယာတွေမဟုတ်ဘဲ အနောက်နိုင်ငံများ၏ ကာလရှည်စွာ ကိုလိုနီ အတွေးအခေါ် များဖြစ်သည်။”
အမှန်တကယ် “ကိုယ်ပိုင် စီးပွားရေးစွမ်းရည်” ကို တိုးတက်စေခြင်း
လက်တင်အမေရိကနှင့် ကာ‌ရေဘီယံနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို တရုတ်က “ကိုယ်ပိုင် စီးပွားရေးစွမ်းရည်” မြှင့်တင်ရန် ကူညီခဲ့ပြီး အဆိုပါနိုင်ငံများ၏ အရေးတကြီး ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သလို အစဉ်အလာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ အားနည်းချက်နှင့် မစွမ်းဆောင်နိုင်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေကြောင်း Barros မှ ထောက်ပြသည်။
၂၀၀၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ဖွံ့ဖြိုးရေးဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများမှ လက်တင်အမေရိကနှင့် ကာ‌ရေဘီယံဒေသတို့ကို ပေးသော ချေးငွေများကို အခြေခံအဆောက်အအုံစသည့်စီမံကိန်းများတွင် အဓိကအသုံးပြုခဲ့ကြောင်း အမေရိကန် Think Tank ၏ Inter-American Dialogue သုတေသနစင်တာနှင့် ဘော့စတွန်တက္ကသိုလ်တို့မှ ပူးပေါင်းပြုစုထားသော တရုတ်- လက်တင်အမေရိက ဘဏ္ဍာရေးဆိုင်ရာ ဒေတာဘေ့စ်အရ သိရသည်။
“တရုတ်နိုင်ငံ ချေးငွေက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတယ်။ အခြေခံအဆောက်အအုံ ကဏ္ဍကို ဥပမာထားကြည့်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အီကွေဒေါနိုင်ငံမှာ လျှပ်စစ်ဓာတ်အား တင်သွင်းမှုအပေါ် မှီခိုရခြင်းဆိုတဲ့ စနစ်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ ရေအားလျှပ်စစ်စက်ရုံတွေ တစ်ခုပြီးတစ်ခု တည်ဆောက်ကာ လျှပ်စစ်စွမ်းအင်ပြတ်လပ်မှု ပြဿနာ သိသိသာသာ ကောင်းမွန်လာခဲ့တယ်” ဟု Barros က ပြောကြားခဲ့သည်။
လက်တင်အမေရိကနှင့် ကာ‌ရေဘီယံဒေသတို့တွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အလွန်ရေပန်းစားကြောင်း Andean Community ၏ အထွေထွေအတွင်းရေးမှူးချုပ် Gonzalo Gutiérrez Reinel က အလေးပေးပြောကြားခဲ့သည်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် လေးနက်သော အနက်အဓိပ္ပာယ်ရှိကြောင်း၊ လူမှုရေးအလုပ်အကိုင်များကို မြှင့်တင်ပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ကာ ချေးငွေများနှင့် ကောင်းမွန်လိုက်ဖက်သော ဆက်ဆံရေးကို တည်ဆောက်နိုင်သည်ဟု ၎င်းက ပြောကြားသည်။
၂၀၀၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်က ၎င်းဒေသတွင်း၌ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းစုစုပေါင်းမှ ဒေသခံ အလုပ်အကိုင်အခွင့်အလမ်း ၇၇၈,၀၀၀ ခု ဆောင်ကြဉ်းပေးခဲ့ကြောင်း လက်တင်အမေရိကနှင့် ကာ‌ရေဘီယံဒေသရှိ China Academic Network မှ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် လက်တင်အမေရိကနှင့် ကာ‌ရေဘီယံနိုင်ငံများအတွက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ပံ့ပိုးပေးပြီး ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို တစ်ဆင့်တိုးမြှင့်တင်ပေးကြောင်း ယင်းနှင့်ပတ်သက်၍ လက်တင်အမေရိကနှင့် ကာ‌ရေဘီယံစီးပွားရေးစနစ်ဆိုင်ရာ အတိုင်ပင်ခံ Osvaldo Rosales က ပြောကြားခဲ့သည်။
“ရေရှည်အကျိုးအမြတ်” အလားအလာကို တွန်းအားပေးခြင်း
တရုတ်-လက်တင်အမေရိက ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးရှိမှု၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်သော ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှု သဘောတရားကို ဖော်ညွှန်းကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ Institute of Latin America ဒုတိယညွှန်ကြားရေးမှူး ယွဲ့ယွင်ရှာက ပြောကြားခဲ့သည်။ “အနောက်တိုင်း ချေးငွေတွေက လက်တင်အမေရိကရဲ့ မှီခိုမှုအဆင့်အတန်းကို အားကောင်းစေဖို့ လက်တင်အမေရိကနိုင်ငံတွေကို အနောက်တိုင်း စံသတ်မှတ်ချက်တွေအပေါ် အခြေခံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စတဲ့ ကဏ္ဍအများအပြားမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုကြပြီး ဆန့်ကျင်ဘက်အနေနဲ့ တရုတ်က လက်တင်အမေရိကကိုပေးတဲ့ ချေးငွေတွေဟာ ဘုံဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အပေါ် အခြေခံပြီး ဘယ်နိုင်ငံရေးအခြေအနေကိုမှ ပူးတွဲလုပ်ဆောင်တာမျိုး မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာ‌ရေဘီယံနိုင်ငံများထံပေးသော စုစုပေါင်းချေးငွေသည် လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း သိသိသာသာတိုးလာသော်လည်း မြီစားနိုင်ငံများကို ကြွေးမြီအန္တရာယ်နှင့် အဝေးတွင်ရှိနေပြီး ကြွေးမြီအကျပ်အတည်းကို ဖြစ်ပေါ်စေရန် ပို၍မဖြစ်နိုင်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အပြန်အလှန်ကြွေးမြီများသည် လက်တင်အမေရိကနှင့် ကာ‌ရေဘီယံဒေသ (ဝင်ငွေမြင့်နိုင်ငံများမှလွဲ၍) ဒေသတွင်း ကြွေးမြီစုစုပေါင်း၏ ၀.၇ ရာခိုင်နှုန်းသာ ရှိကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ ၎င်းဒေသတွင်းရှိ တရုတ်နိုင်ငံ၏ အဓိက မြီစားတင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ ဘရာဇီးနှင့် အာဂျင်တီးနား၏ အချိုးများသည် ယေဘုယျအားဖြင့် ၆.၈ ရာခိုင်နှုန်း၊ ၀.၆ ရာခိုင်နှုန်းနှင့် ၁.၂ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း သိရသည်။
အမေရိကန် ဘော့စတွန်တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမူဝါဒလေ့လာရေးစင်တာမှလည်း တရုတ်နိုင်ငံ၏ “ကြွေးမြီဒီပလိုမေစီ” အပေါ် မေးခွန်းထုတ်ခဲ့သည်။ တရုတ်၏ ပြည်ပချေးငွေများသည် လက်တင်အမေရိကနှင့် ကာ‌ရေဘီယံနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရေရှည်ဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်မှုများကို ပံ့ပိုးပေးသည့် “ရေရှည်အကျိုးအမြတ်” တစ်မျိုးဖြစ်ပြီး ၎င်းနိုင်ငံများအပြန်အလှန်ချိတ်ဆက်မှု အဆင့်အတန်းကို မြှင့်တင်ရန်၊ ကုန်သွယ်ရေး စီးဆင်းမှုကို မြှင့်တင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အကျပ်အတည်းများကို ကျော်လွှားရန် ကူညီပေးကာ ရေရှည်တည်တံ့သော တိုးတက်မှု အလားအလာကို ဖော်ဆောင်ပေးကြောင်း အဆိုပါစင်တာ၏ ၂၀၂၃ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မှားယွင်းသောအယူအဆများနှင့် လက်တွေ့မျက်မြင်ကို အခြေခံမှု မရှိခြင်းကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူများသည် “ကြွေးမြီဒီပလိုမေစီ” ဟူသော ပြောဆိုမှုအသုံးအနှုန်းကို ရပ်တန့်သင့်သည်”ဟု အစီရင်ခံစာက သတိပေးထားသည်။ (Xinhua)


……………………
(Chinese Version)
“债务陷阱论”是美西方的“话语陷阱”
新华社北京9月12日电 “以美国为首的西方国家在拉美和加勒比地区鼓吹所谓中国‘债务陷阱论’是非常虚伪的。”日前,在北京参加首届中国—拉美和加勒比发展论坛的洪都拉斯副外长赫拉尔多·托雷斯告诉新华社记者,中拉金融合作高度契合拉美国家的发展诉求。
近年来,随着中拉全面合作伙伴关系不断发展深化,美西方抛出中国制造“经济殖民”“债务陷阱”等议题,试图阻碍拉美国家与中国开展正常合作。
“贼喊捉贼”的把戏
托雷斯指出,中国“债务陷阱论”是西方的“话语陷阱”,美国等西方国家才是拉美国家发展道路上真正的“梦魇”。“历史上,西方一直是拉美巨额债务的债权方。它们利用金融工具,将自己的意志强加于各国,所提供的贷款却未致力于发展民生。”托雷斯说。
20世纪80年代,美国在实施了多年的量化宽松政策后突然收紧货币政策,迅速推高拉美国家的外债风险,当时拉美国家正处于以发展本国工业产品替代从欧美进口制成品的“进口替代工业化”发展阶段。先是墨西哥宣布无力偿还外债,之后十多个拉美国家相继爆发严重债务危机,集体陷入“失去的十年”。
1989年,美国以帮助拉美国家应对债务危机为由,推出“华盛顿共识”,要求这些国家采取一系列新自由主义政策,将放松国家管制、推动国有企业私有化、实现贸易和金融自由化等作为国际货币基金组织、世界银行等多边金融机构发放贷款的先决条件。
在被迫过早开放资本账户后,拉美国家抵御外来系统性风险的能力明显减弱。在巨额国际游资的冲击下,拉美地区又陷入危机频发的“怪圈”,先后爆发1994年墨西哥金融危机、1999年巴西货币危机和2001年阿根廷债务危机。此外,冒进的私有化改革令拉美社会两极分化严重,贫富差距进一步拉大。
在巴西应用经济研究所研究员佩德罗·巴罗斯看来,美西方国家兜售的“中国债务陷阱论”是在玩“贼喊捉贼”的把戏。
“几十年来,西方国家滥用金融手段,削弱了拉美和加勒比国家的民主、制度和发展潜力。现在他们又反过来指责中国,以为中国也会走他们的老路。但是,他们错了。”巴罗斯分析道,“出问题的不是金融工具本身,而是西方长期以来的殖民思想。”
真正提高“造血能力”
巴罗斯指出,中国帮助包括拉美和加勒比国家在内的发展中国家提高了“造血能力”,满足了这些国家迫切的发展需求,也在一定程度上反映出传统国际金融机构的低效和失能。
据美国智库美洲对话研究中心和美国波士顿大学共同编制的中拉金融数据库,2005年至2023年间,中国开发性金融机构向拉美和加勒比地区提供的贷款主要用于基础设施等项目。
“中国贷款对该地区发展至关重要。以基础设施领域为例,十多年前,厄瓜多尔面临着电力依赖进口等系统性问题,在中国支持下,越来越多水电站陆续建成,电力短缺问题得到明显改善。”巴罗斯说。
安第斯共同体秘书长贡萨洛·古铁雷斯强调,中国在拉美和加勒比地区的直接投资也大受欢迎。“直接投资具有重要意义,能够带动社会就业,促进经济发展,并与贷款形成良好的互补关系。”
据拉美和加勒比地区中国学术网7月发布的报告,2005年至2023年,中国在该地区开展的基础设施建设项目累计为当地带来77.8万个就业机会。
对此,拉丁美洲和加勒比经济体系顾问奥斯瓦尔多·罗萨莱斯表示,来自中国的直接投资为拉美和加勒比国家提供更好的发展机会,进一步推动经济可持续增长。
激发潜力的“耐心资本”
中国社会科学院拉丁美洲研究所副所长岳云霞表示,中拉金融合作体现了互利共赢、团结协作的南南合作理念。“西方贷款要求拉美国家依据西方范式进行政治、经济、社会等多方面改革,以强化拉美的依附地位。相反,中国对拉贷款是基于共同的发展诉求,不附加任何政治条件。”
她强调,尽管中国向拉美和加勒比国家的贷款总额在过去二十年内显著增加,但远未对债务国构成债务风险,更不会引发债务危机。
世界银行最新数据显示,2022年,同中国的双边债务占拉美和加勒比地区(除去高收入国家)存量债务的0.7%。作为中国在该地区的主要债务国,厄瓜多尔、巴西、阿根廷的这一比例分别约为6.8%、0.6%和1.2%。
美国波士顿大学全球发展政策研究中心同样也对所谓的中国“债务外交”提出质疑。该中心2023年4月发布的一份报告说,中国对外贷款是一种“耐心资本”,为包括拉美和加勒比国家在内的发展中国家提供了更多长期金融选择,帮助这些国家提升互联互通水平、促进贸易流动、吸引外国投资,从而克服发展瓶颈,释放可持续增长潜力。
“由于概念失准且缺乏实证基础,美国的政策制定者应停止使用‘债务外交’这一说法。”报告提醒道。(完)
图说:2024年8月27日,第一届中国—拉美和加勒比发展论坛在北京开幕。新华社记者赵鑫虎摄