Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် သမ္မတအသစ်ကို ကြိုဆို

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ရုံးခန်းမှ ထွက်လာသော Dissanayake ကို စက်တင်ဘာလ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
“သီရိလင်္ကာရဲ့ စီးပွားရေး အခြေအနေကို ပြောင်းလဲပစ်မယ်လို့ သူက ပြောတယ်။ သူစိတ်ရင်းမှန်နဲ့ ပြောတာလို့ ကျွန်တော်ယုံကြည်တယ်” ဟု သီရိလင်္ကာနိုင်ငံ Kelaniya တက္ကသိုလ်မှ ကျောင်းသား Visakha Dusala က ပြောကြားခဲ့သည်။
Dusala ၏စကားများသည် သမ္မတအသစ် Anura Kumara Dissanayake အပေါ် သီရိလင်္ကာနိုင်ငံသားများစွာ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုလျက်ရှိသည်။ Dissanayake သည် စက်တင်ဘာ ၂၁ ရက် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
Dissanayake က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ မိန့်ခွန်းပြောကြားရာတွင် သီရိလင်္ကာနိုင်ငံသည် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ၎င်းအနေဖြင့် နိုင်ငံအတွက် ပိုမိုထိရောက်သော ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Dissanayake သည် ၁၉၆၈ ခုနှစ် သီရိလင်္ကာနိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ်ရှိ သာမန်မိသားစုတစ်စုတွင် မွေးဖွားခဲ့ပြီး တစ်ချိန်က အစိုးရအဖွဲ့ဝန်ကြီး၊ လွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ Dissanayake သည် နိုင်ငံတော်မှ ကြားဝင်ဆောင်ရွက်မှု၊ အခွန်လျှော့ချမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ရာ ၎င်းမှာ သီရိလင်္ကာအတွက် စတင်မှုအသစ် ဖြစ်နိုင်ကြောင်း သီရိလင်္ကာ နိုင်ငံတကာရေးရာ ပညာရှင် Yasiru Ranaraja က ပြောကြားခဲ့သည်။
Dissanayake နှင့် ၎င်းဦးဆောင်သော အမျိုးသားပြည်သူ့အာဏာပါတီ (National People’s Power) တို့သည် ပြုပြင်ပြောင်းလဲသူများ ပုံရိပ်ကို ဖန်တီးခဲ့ရာ သီရိလင်္ကာပြည်သူများအကြားတွင် ပို၍ကြိုက်နှစ်သက်ခြင်းခံခဲ့ရသည်။ Dissanayake ၏ မဲဆွယ်စည်းရုံးရေး စုဝေးပွဲများတွင် လူပေါင်း သောင်းနှင့်ချီ စုဝေးခဲ့ကြပြီး ထိုပွဲသို့တက်ရောက်ရန် တစ်နာရီ၊ နှစ်နာရီခန့် ကားမောင်းလာခဲ့ကြသူ အများအပြားပင်ရှိကြောင်း ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
နိုင်ငံမှာ နိုင်ငံခြားငွေရှားပါးမှု၊ ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ လျှပ်စစ်ဓာတ်အားထောက်ပံ့မှု အကျပ်အတည်း စသည့် ပြဿနာများ ကြုံတွေ့ခဲ့ရခြင်းကြောင့် ၂၀၂၂ ခုနှစ်၌ သီရိလင်္ကာတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က သမ္မတ Gotabaya Rajapaksa ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်းကျန်ရှိသော သမ္မတရာထူးသက်တမ်းကို ပြီးဆုံးအောင် ဆောင်ရွက်ရန် နောက်ပိုင်းတွင် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာ Janani Wickramasingha ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။
Wickramasingha သည် အရေးကြီးသောအခိုက်အတန့်တွင် တာဝန်ခန့်အပ်ခံရကာ အစီအမံများကို တသီတတန်း လုပ်ဆောင်ခဲ့ပြီး နိုင်ငံ အခြေအနေကို တည်ငြိမ်စေခဲ့သလို နိုင်ငံ၏စီးပွားရေးကို ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြှင့်တင်ခဲ့ရာ အပြုသဘောဆောင်သောတိုးတက်မှုရရှိစေခဲ့သည်။ ယခုအကြိမ် သမ္မတရွေးကောက်ပွဲတွင် Wickramasingha က မဲအရေအတွက် အဆင့်သတ်မှတ်ချက်တွင် တတိယနေရာ ရပ်တည်ခဲ့ပြီး ဒုတိယအကျော့ မဲအရေအတွက်တွင် မပါဝင်နိုင်ခဲ့ပေ။
“ကျွန်တော့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သမိုင်းက အဆုံးအဖြတ်ပေးပါလိမ့်မယ်၊ ဒါပေမဲ့ နိုင်ငံတော်အခြေအနေ တည်ငြိမ်စေဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် ယုံကြည်မှုရှိစွာပြောနိုင်တယ်” ဟု Wickramasingha က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော Dissanayake ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး Dissanayake က သီရိလင်္ကာနိုင်ငံကို ဦးဆောင်ပြီး ရေရှည်တည်တံ့သောတိုးတက်ရေးနှင့် တည်ငြိမ်ရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း Wickramasingha က ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော်ရရှိသော သမ္မတလောင်းသည် တိုက်ရိုက်အနိုင်ရရှိမည်ဖြစ်သည်။ ဆန္ဒမဲ ထက်ဝက်ကျော် မည်သူမျှ မရရှိပါက မဲအရေအတွက်အားဖြင့် ဦးဆောင်နေသော သမ္မတလောင်း နှစ်ဦးသည် ဒုတိယအကျော့တွင် ဆန္ဒမဲတွက်ချက်မှုဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်မည်ဖြစ်သည်။
ယခုအကြိမ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် ၎င်းတို့ ထောက်ခံသည့် ကိုယ်စားလှယ်လောင်း သုံးဦးအထိ မဲစာရွက်ပေါ်၌ မှတ်သားနိုင်ပြီး နှစ်သက်သည့်အတိုင်းအတာအရ အဆင့်သတ်မှတ်နိုင်သည်။ အကယ်၍ ရှုံးသွားသော ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲများတွင် Dissanayake နှင့် United National Party ခေါင်းဆောင် Sajith Premadasa တို့ကို ဒုတိယ သို့မဟုတ် တတိယအဖြစ် အသီးသီး ရွေးချယ်ထားပါက အဆိုပါမဲများကို ဒုတိယအကျော့ရေတွက်မှုတွင် ၎င်းတို့ နှစ်ဦးရရှိခဲ့သောဆန္ဒမဲများကို စုစုပေါင်းမဲအရေအတွက်၌ အသီးသီး ထည့်သွင်းတွက်ချက်ပေးခြင်း ဖြစ်သည်။
ပထမအကျော့ မဲရေတွက်မှုတွင် Dissanayake နှင့် Premadasa တို့၏ မဲရရှိနှုန်းမှာ ၄၂.၃၁ ရာခိုင်နှုန်းနှင့် ၃၂.၇၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနှစ်နေရာတွင် အသီးသီးရပ်တည်ခဲ့ကြသည်။ ထို့နောက် ဒုတိယအကျော့ မဲရေတွက်မှုတွင် Dissanayake က အနိုင်ရခဲ့သည်။ ယင်းမှာ သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် ဤလုပ်ငန်းစဉ်ကို ပထမဆုံးစတင်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
“မရေမတွက်နိုင်သော မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးများက ရှေ့ကိုလှမ်းချီဖို့ ကျွန်တော်တို့ကို တွန်းအားပေးနေပါတယ်။ ပါတီအားလုံးရဲ့ အင်အားတွေကို စုစည်းပြီး သီရိလင်္ကာရဲ့ သမိုင်းကြောင်းကို ပြန်ပြင်ရေးသားဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု Dissanayake က ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ Gampaha ဒေသရှိ မဲရုံတစ်ခုတွင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲပေးရန် ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်၍ မဲသွားပေးခဲ့သော လှုပ်ရှားသွားလာရန်အခက်အခဲရှိသည့် အဖိုးအိုတစ်ဦးကို စက်တင်ဘာလ ၂၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

………………………………..
(Chinese Version)
记者手记|斯里兰卡迎来新总统
新华社科伦坡9月23日电 “他说要改变斯里兰卡的经济形势,我相信他是真诚的。”斯里兰卡凯拉尼亚大学学生维沙卡·杜萨拉说。
杜萨拉的话代表着许多斯里兰卡人对新任总统阿努拉·迪萨纳亚克的期待。迪萨纳亚克在21日举行的总统选举中胜出,并于23日宣誓就职。
迪萨纳亚克在就职讲话中表示,斯里兰卡面临各种挑战,他将努力为国家带来更有效的决策,并期待与国际社会开展合作。
迪萨纳亚克1968年出生于斯里兰卡中北省一个普通家庭,曾担任内阁部长、议员。斯里兰卡国际问题专家亚西鲁·拉纳拉贾说,迪萨纳亚克强调国家干预、降低税收、严厉反腐,这可能是斯里兰卡新的开始。
迪萨纳亚克和他领导的国家人民力量党打造了变革者的形象,在斯里兰卡民众中较受欢迎。据当地媒体报道,迪萨纳亚克竞选集会动辄聚集上万人,甚至有不少人驱车一两个小时来参加活动。
由于国家面临外汇匮乏、物资短缺、物价高涨、供电紧张等问题,斯里兰卡2022年爆发抗议活动,时任总统拉贾帕克萨辞职。后经议会投票,维克拉马辛哈当选总统,以完成剩余任期。
维克拉马辛哈临危受命,采取一系列举措稳定了国家局势,推动该国经济在2023年下半年实现正增长。此次总统选举中,维克拉马辛哈得票排名第三,未能进入第二轮计票。
维克拉马辛哈在一份声明中说:“历史将评判我的努力,但我可以自信地说,我尽了最大努力来稳定国家局势。”他同时祝贺迪萨纳亚克胜选,表示相信迪萨纳亚克将“带领斯里兰卡走上持续增长和稳定的道路”。
根据斯里兰卡总统选举法,获得超过50%选票的总统候选人可直接获胜。若无人获得过半选票,两名得票领先的候选人将通过第二轮计票决出胜负。
在本次选举中,选民最多可在选票上标记3名支持的候选人,并按倾向程度进行排序。已淘汰候选人所获选票中若将迪萨纳亚克和统一国民力量党领导人普雷马达萨作为第二或第三选择,这些选票将在第二轮计票中被分别计入两人获得的总选票数。
第一轮计票中,迪萨纳亚克和普雷马达萨的得票率分别为42.31%和32.76%,排名前两位。随后,迪萨纳亚克通过第二轮计票胜出。这是斯里兰卡大选历史上首次启动这一程序。
迪萨纳亚克在胜选感言中说:“无数眼睛充满着希望和期待,推动着我们前进。我们将团结各方力量,已准备好改写斯里兰卡的历史。”(完)
图说1:9月22日,迪萨纳亚克走出位于斯里兰卡科伦坡的办公室。
图说2:9月21日,在斯里兰卡加姆珀哈一处投票点,一位行动不便的老人坐着轮椅参加2024年总统选举投票。