Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ နယူးယောက်၌ ကုလသမဂ္ဂ ညီလာခံကာလအတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် နယူးယောက်၌ ကုလသမဂ္ဂ ညီလာခံကာလအတွင်း ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် အချိုးချိုးအကွေ့ကွေ့ မတည်မငြိမ် ဖြစ်ပွားနေရာမှ ဘာလီသို့ ပြန်လည်ရောက်ရှိပြီး ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ရာ ခက်ခဲစွာ ရရှိလာသည့် တိုးတက်မှုများကို တန်ဖိုးထားထိုက်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေး ကျဆင်းမှုကို ရပ်တန့်ပြီး တည်ငြိမ်အောင် ထိန်းထားခြင်းမှာ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ မျှော်မှန်းချက်နှင့်လည်း လျော်ညီကြောင်း၊ ဤသို့ အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း ရှိမရှိဆိုသည်မှာ နှစ်ဖက်၏ ကြိုးပမ်းမှုပေါ်တွင် မူတည်ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် မျက်နှာနှစ်မျိုးဖြင့် အစဉ်အမြဲဆက်ဆံ၍ မရကြောင်း၊ တစ်ဖက်တွင် တရုတ်နိုင်ငံကို ထင်သလို ပိတ်ဆို့ဖိနှိပ်နေပြီး တစ်ဖက်တွင်လည်း မည်သည်မျှ မလုပ်ထားသလို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနေ၍ မရကြောင်း၊ တရုတ်နိုင်ငံနှင့် ပဋိပက္ခ ဖြစ်လိုသည့် ဆန္ဒမရှိဟူ၍ အမေရိကန်ဘက်က ကြိမ်ဖန်များစွာ ပြောကြားပြီးဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်သည့် သဘောထားအမြင် ထားရှိရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့်လမ်းစဉ်ကို တည်ဆောက်ခြင်း၊ လေးစားမှုဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေလိုသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်း၊ သတိကြီးစွာဖြင့် ကွဲလွဲမှုများကို စီမံဖြေရှင်းမှု ရှိရမည် ဖြစ်ရာ ထစ်ခနဲ့ရှိလျှင် “အင်အားဖြင့် ရပ်တည်ချက်ကို ပြသ” ပြီး မိမိထင်ရာ လုပ်ဆောင်ကာ ယခင်အမှားများကို အမှားဆက်လက်ကျူးလွန်မည့် အကြောင်းပြချက်အဖြစ် ဆောင်ရွက်ရမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ထိုင်ဝမ်ရေလက်ကြား အခြေအနေ၏ အကြီးမားဆုံး အန္တရာယ်မှာ လိုက်ချင်းသဲအဖွဲ့၏ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” လုပ်ရပ်များ ထင်ရာစိုင်းလာခြင်း ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးသည် မီးနှင့်ရေပမာ အတူယှဉ်တွဲ၍မရသည့်အရာ ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်အနေဖြင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ် မျှော်လင့်ပါက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို တစ်သဝေမတိမ်း လိုက်နာသင့်ပြီး ပူးတွဲကြေညာချက် ၃ ရပ်ကို ဖော်ဆောင်ရမည် ဖြစ်ရာ ထိုင်ဝမ်ကို လက်နက်ပံ့ပိုးမှုကို ရပ်တန့်ပြီး “ထိုင်ဝမ် သီးခြားရပ်တည်မှု” ကို အများသိ ဆန့်ကျင်ရမည် ဖြစ်သလို တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပေါင်းစည်းမှုကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ၏ ကုန်သွယ်စီးပွား သိပ္ပံနည်းပညာကဏ္ဍများအပေါ် အမေရိကန်၏ဖိနှိပ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးကို နိုင်ငံရေးအသွင်ချဲ့ထွင်၍ မရကြောင်း၊ “ခြံဝန်းငယ်၏ နံရံမြင့်”က “ခြံဝင်းကြီး၏ သံကန့်လန့်ကာ” ဖြစ်နိုင်ကြောင်း၊ လူ့အခွင့်အရေးတွင် “ဆရာကြီး”လုပ်သည့် လက်ညှိုးညွှန်မှုကို လုံးဝဥဿုံလက်ခံမည် မဟုတ်သလို လူ့အခွင့်အရေးကို အကြောင်းပြသော တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစွက်ဖက်မှုကို ပို၍ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ဖလှယ်ရေးမှာ အထူးအရေးကြီးရာ အမေရိကန်အနေဖြင့် အတားအဆီးများကို လက်တွေ့ဖယ်ရှားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံ၏ တည်ငြိမ်လေးနက်သည့် ရပ်တည်ချက်ကို ဝမ်ရိက ရှင်းလင်းပြောကြားခဲ့ရာ၌ တရုတ်နိုင်ငံအနေဖြင့် ကွဲလွဲမှုများကို သက်ဆိုင်မှုရှိသည့်နိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးညှိုနှိုင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် ပြဿနာများကို အမြဲလှုံ့ဆော်ပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေး ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းမှုကို ဖျက်ဆီးရမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ပွင့်လင်းမြင်သာမှုရှိရာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးတွင် ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှု ရှိကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် အပုပ်ချပြောဆိုနေမှု၊ အလွဲသုံးဒဏ်ခတ်ပိတ်ဆို့မှု၊ အခွင့်ကောင်းယူပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ဖန်တီးနေခြင်း၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို အားပေးအားမြှောက်ပြုနေခြင်းကို ရပ်တန့်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ပွင့်လင်းမှု၊ လက်တွေ့ကျမှု ရှိကြောင်း နှစ်ဖက်စလုံးက ယူဆကြရာ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့်နည်းလမ်းကို ရှာဖွေရန်လိုအပ်ကြောင်း သဘောတူညီခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဆန်ဖရန်စစ္စကိုဆွေးနွေးပွဲ၌ ရရှိသည့် အရေးကြီးသဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ ကွဲလွဲမှုများကို သင့်လျော်စွာ စီမံထိန်းချုပ်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ တည်ငြိမ် ကောင်းမွန်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်အနေဖြင့် နိုင်ငံတကာ ဒေသရေးရာ အရေးကြီးကိစ္စရပ်များတွင် တွေ့ဆုံဆွေးနွေးမှုများ ထားရှိကာ သင့်လျော်သည့် အချိန်တွင် တရုတ်-အမေရိကန် အာရှ-ပစိဖိတ်ရေးရာ ဆွေးနွေးပွဲသစ်များ ပြုလုပ်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ (Xinhua)
…………………………
(Chinese Version)
王毅会见美国国务卿布林肯
2024-09-28 05:41:07 分类:政治法律
新华社纽约9月27日电(记者潘云召 邓仙来)当地时间2024年9月27日,中共中央政治局委员、外交部长王毅在纽约联大期间应约会见美国国务卿布林肯。
王毅表示,在两国元首战略引领下,中美关系在曲折动荡中实现重回巴厘岛、通往旧金山,取得的进展来之不易,值得珍惜。中美关系止跌企稳,符合两国人民利益,顺应国际社会期待,能否延续这一势头,取决于双方努力。美方不能总是以“两副面孔”对华,一边肆无忌惮围堵打压中国,一边若无其事同中国对话合作。美方既然多次表示无意同中国发生冲突,就要从根子上树立理性对华认知,构建正确相处之道,以尊重的态度开展对话,以互惠的精神推进合作,以慎之又慎的态度处理分歧,而不是动辄“从实力地位出发”,我行我素,任性妄为,把以前的错误当成继续犯错的借口。
王毅强调,当前台海局势的最大危险是赖清德之流越来越猖獗的“台独”行径。“台独”与台海和平水火不容。如果美方真心希望台海和平稳定,就应恪守一个中国原则,履行三个联合公报,停止武装台湾,公开反对“台独”,支持中国和平统一。
王毅说,中方坚决反对美方对华经贸科技打压。国家安全不能泛政治化,“小院高墙”不能成为“大院铁幕”。中方绝不接受人权“教师爷”的指手画脚,更反对打着人权幌子干涉中国内政。两国人文交流至关重要,美方应以实际行动消除障碍。
王毅阐述中方在南海问题上的严正立场,强调中方坚持同直接当事国通过对话协商解决分歧。美方不要总是在南海兴风作浪,不要破坏地区国家维护南海和平稳定的努力。   王毅指出,中方在乌克兰问题上的立场坦坦荡荡,始终坚持劝和促谈,为推动政治解决作出自己的努力。美方应当停止对中方的抹黑栽赃、滥施制裁,停止借此制造对立、鼓动阵营对抗。
双方一致认为会晤是坦诚、实质性的,认同中美两国需要找到长久和平共存之道。双方将继续落实两国元首旧金山会晤达成的重要共识,开展对话合作,妥善管控分歧,争取两国关系稳定、健康、可持续发展。
双方同意就国际地区热点问题保持沟通,适时举行新一轮中美亚太事务磋商。(完)
1. 9月27日,中共中央政治局委员、外交部长王毅在纽约联大期间应约会见美国国务卿布林肯。 新华社记者 李睿 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.