Connect with us

China

ကနေဒါအပေါ် တရုတ်နိုင်ငံ၏ တန်ပြန်ဆောင်ရွက်ခြင်းက မည်သည့်အချက်များ ဖော်ပြနေသနည်း။

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ကနေဒါအစိုးရ၏ ယခင်ကကြေညာထားသော တရုတ်နိုင်ငံမှ တင်သွင်းသော လျှပ်စစ်ကားများနှင့် သံမဏိ၊ အလူမီနီယံ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ခြင်းစသည့် ကန့်သတ်လုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က တန်ပြန် အစီအမံ အများအပြားကို ကြေညာခဲ့သည်။ ၎င်းတို့မှာ ကနေဒါမှ ကျင့်သုံးသော သက်ဆိုင်ရာ ကန့်သတ်လုပ်ဆောင်ချက်များအပေါ် “ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု” စတင်ခြင်း၊ ကနေဒါမှ ကာနိုလာဆီထွက်သီးနှံ တင်သွင်းမှုများအပေါ် ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး (Anti-Dumping) စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံပြည်တွင်းစက်မှုလုပ်ငန်း လျှောက်ထားမှုကိုအခြေခံ၍ ကနေဒါ သက်ဆိုင်ရာ ဓာတုဗေဒ ထုတ်ကုန်များအပေါ် ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး (Anti-Dumping) စုံစမ်းစစ်ဆေးမှု စတင်ခြင်း၊ ကနေဒါ၏ သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားမှတစ်ဆင့် ဆောင်ရွက်ခြင်း အစီအမံတို့ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက အဘယ်ကြောင့် ဤအစီအမံများကို စတင်သနည်း။ ယင်းက မည်သည့်အချက်များ ဖော်ပြနေသနည်း။
၎င်းမှာ တရုတ်နိုင်ငံက “ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု” ကို ပထမဆုံး စတင်ခြင်းဖြစ်သလို ကမ္ဘာပေါ်တွင်လည်း ပထမဆုံးနမူနာဖြစ်ကြောင်း သိရှိရသည်။ ဦးတည်ချက်က ပြတ်သားပြီး တန်ပြန်တိုက်ဖျက်သည့် သဘောထားက ထင်ရှားသည်။
တရုတ်နိုင်ငံဘက်က “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဥပဒေ” ပုဒ်မ ၇ ၊ ပုဒ်မ ၃၆ သတ်မှတ်ချက်များအရ ကနေဒါနိုင်ငံ၏ သက်ဆိုင်ရာ ကန့်သတ်လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ “ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု” ကို စတင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပကတိအခြေအနေပေါ်မူတည်၍ ကနေဒါအပေါ် သင့်လျော်သော အစီအမံများ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအားလုံးကို ၁၀၀ ရာခိုင်နှုန်း ထပ်တိုးပိုခွန် စည်းကြပ်ရန် နှင့် ယခုနှစ် အောက်တိုဘာလ ၁၅ ရက်မှစ၍ တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအပေါ် ၂၅ ရာခိုင်နှုန်း ထပ်တိုးပိုခွန် စည်းကြပ်ရန် စီစဉ်ထားကြောင်း ကနေဒါအစိုးရက သြဂုတ်လ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ကနေဒါ၏ ကုန်သွယ်ဖက်များ မကြာသေးမီက လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များကြောင့် ဖြစ်ပွားသည့် ကုန်သွယ်မှု ကူးပြောင်းခြင်းကို တားဆီးရန် ဖြစ်ကြောင်း ကနေဒါဘက်က ပြောကြားခဲ့သည်။
” ထပ်တိုးခွန်နှုန်းထားတွေနဲ့ပတ်သက်လို့ ကနေဒါက ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှု၊ သုတေသနမလုပ်ဘဲ အမေရိကန်ရဲ့လုပ်ရပ်အတိုင်း မျက်စိမှိတ်လိုက်ပြီး အလွန်ကိုယ့်စိတ်အထင်ကို လိုက်နေခြင်း၊ အလွန်အာဃာတထားခြင်း၊ အထိန်းအကွပ်မဲ့ခြင်းတွေက ခွဲခြားဆက်ဆံမှုသဘောပါတဲ့ တားမြစ်ချက်နဲ့ ကန့်သတ်လုပ်ဆောင်ချက်တွေ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ကျွန်တော်တို့ အနေနဲ့ “ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု” စတင်တာက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အစီအမံများ လုပ်ဆောင်ပြီး တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဖြစ်တယ်” ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှု သုတေသနဌာန ဒါရိုက်တာ လျမ်မင်က ပြောကြားခဲ့သည်။
နိုင်ငံတကာစည်းမျဥ်းများရှုထောင့်မှကြည့်လျှင် WTO ၏အခြေခံမူများကို “ခွဲခြားဆက်ဆံမှုမရှိသော”၊ “တရားမျှတသောကုန်သွယ်မှု” နှင့် “ပွင့်လင်းမြင်သာမှု” ဟူ၍ အခြေခံမူသုံးရပ်အဖြစ် ကောက်ချက်ချနိုင်သည်။ ကနေဒါဘက်က ဤလုပ်ဆောင်ချက်သည် WTO ၏ အခြေခံမူ (၃) ရပ်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး နိုင်ငံတကာ ကုန်သွယ်မှုနည်းစနစ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ ပြည်တွင်းဥပဒေများ ရှုထောင့်မှကြည့်လျှင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဥပဒေ” ပုဒ်မ ၇ တွင် “မည်သည့်နိုင်ငံ သို့မဟုတ် ဒေသသည် ကုန်သွယ်ရေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ တားမြစ်ချက်များ၊ ကန့်သတ်ချက်များ သို့မဟုတ် အခြားအလားတူ အစီအမံများ ပြုလုပ်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပကတိအခြေအနေများအပေါ် မူတည်၍ ၎င်းနိုင်ငံ သို့မဟုတ် ဒေသအပေါ် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်” ဟု သတ်မှတ်ထားသည်။
တရားဝင်ခွင့်ပြုချက်အရ တရုတ်နိုင်ငံဘက်က ပကတိအခြေအနေများအပေါ် မူတည်၍ ကနေဒါအပေါ် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ကြောင်း၊ “ဒီသင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုရဲ့ သဘောတရားက အတော်လေး ကျယ်ပြန့်ပြီး ကနေဒါဘက်က တရုတ်နိုင်ငံကို အရေးယူဆောင်ရွက်တဲ့ ကဏ္ဍတွေမှာပဲ ကန့်သတ်ထားတာ မဟုတ်ပါဘူး” ဟု လျမ်မင်က ပြောကြားခဲ့သည်။
ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး (Anti-Dumping) စုံစမ်းစစ်ဆေးမှု နှစ်ရပ်က အဘယ်ကြောင့် ကာနိုလာဆီထွက်သီးနှံနှင့် ဓာတုဗေဒ ထုတ်ကုန်ကဏ္ဍများ၌ ဖြစ်ရသနည်း။
ကနေဒါမှ တရုတ်နိုင်ငံသို့ ကာနိုလာဆီထွက်သီးနှံတင်ပို့မှု အများအပြား တိုးလာပြီး ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး သံသယရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၄၇ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၇၀ ရာခိုင်နှုန်း တိုးလာပြီး ဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်တွင်းထုတ်လုပ်လုပ်ငန်းများ၏ မကြာသေးမီက ဖော်ပြချက် အရ သိရသည်။
တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ ကာနိုလာဆီထွက်သီးနှံတင်ပို့မှုအကြီးဆုံးနိုင်ငံဖြစ်ပြီး အခြား ဓာတုဗေဒ ထုတ်ကုန်များ၏ အရေးပါသော တင်ပို့ကုန်နိုင်ငံလည်းဖြစ်ကြောင်း သက်ဆိုင်ရာ အချက်အလက်များအရ သိရသည်။
ကနေဒါဘက်မှ မမျှတသော ပြိုင်ဆိုင်မှုကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်း ကာနိုလာဆီထွက်သီးနှံနှင့် ဆက်စပ်သော လုပ်ငန်းများသည် ဆုံးရှုံးမှုများ ဆက်တိုက် ကြုံတွေ့နေရသည်ဟု လျမ်မင်က ပြောကြားခဲ့သည်။ တရုတ်ဘက်က သက်ဆိုင်ရာပြည်တွင်းဥပဒေစည်းမျဉ်းများ၊ WTO စည်းမျဉ်းများနှင့်အညီ ဥပဒေအရ ကနေဒါမှ တင်သွင်းသော ကာနိုလာဆီထွက်သီးနှံနှင့် ပတ်သက်၍ ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကို စတင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်းထုတ်လုပ်လုပ်ငန်းလျှောက်ထားမှုအပေါ် အခြေခံ၍ ကနေဒါ၏ သက်ဆိုင်ရာ ဓာတုဗေဒ ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ကနေဒါနိုင်ငံအပေါ် ယခုအကြိမ် ကျင့်သုံးနေသည့် သက်ဆိုင်ရာ အစီအမံများသည် တရုတ်နိုင်ငံ၏ ပြတ်သားသော သဘောထားကို ပြသလျက်ရှိပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခုခံကာကွယ်ရန် လိုအပ်သည့် အစီအမံများအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ လျှပ်စစ်ကားများ တင်သွင်းသည့် တတိယအကြီးဆုံး အရင်းအမြစ်နိုင်ငံဖြစ်ပြီး သံမဏိနှင့် အလူမီနီယမ် တင်သွင်းမှု ဒုတိယအကြီးဆုံး အရင်းအမြစ်နိုင်ငံဖြစ်ကြောင်း လျမ်မင်က ပြောကြားခဲ့သည်။ ကနေဒါဘက်က ဤလုပ်ရပ်သည် ပေါ်လွင်သည့် ကုန်သွယ်မှု ကာကွယ်ရေးဝါဒ၊ WTO စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်သည့် တစ်ဖက်သတ်ဝါဒ ဆောင်ရွက်မှုဖြစ်ကာ အခြားသူများကို ထိခိုက်နစ်နာစေပြီး ၎င်းကိုယ်တိုင်အတွက်လည်း အကျိုးမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံ၏ ဤအပြုအမူသည် တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွားရေး တည်ငြိမ်တိုးတက်မှုကို ထိခိုက်စေမည်မဟုတ်သော်လည်း ၎င်း၏လုပ်ဆောင်ချက်မှာ အလွန်ဆိုးရွားပြီး အမှန်တရားကို မသိသော နိုင်ငံအချို့က အတုယူလုပ်ဆောင်မှုများ ဖြစ်နိုင်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လွတ်လပ်မှုအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများလည်း ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဘက်စုံကုန်သွယ်ရေးယန္တရား၏ ကာကွယ်သူ၊ တည်ဆောက်သူနှင့် အကျိုးဆောင်သူဖြစ်ကြောင်း လုပ်ငန်းဆိုင်ရာ နယ်ပယ်မှ လူပုဂ္ဂိုလ်များက ထောက်ပြခဲ့သည်။ ကနေဒါဘက်မှ အပြုအမူသည် အလွန်ဆိုးရွားသော်လည်း၊ တရုတ်နိုင်ငံ၏ အစီအမံအားလုံးသည် နိုင်ငံတကာဥပဒေနှင့် WTO စည်းမျဉ်းများကို လိုက်နာမည်ဖြစ်ပြီး တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာအသွင်းပြောင်းမှု လှိုင်းလုံးကြီး၏ အရှိန်အဟုန်သည် ထိန်းချုပ်မရနိုင်ပေ။ ကမ္ဘာလုံးဆိုင်ရာစက်မှုကွင်းဆက်တွင် မိမိတို့ ချိတ်ဆက်မှုမှာ သူသူငါငါခွဲခြား၍မရနိုင်ပေ။ တရုတ်နိုင်ငံက ကနေဒါနိုင်ငံအပေါ် ယခုအကြိမ် ဆောင်ရွက်မှုများသည် ၎င်း၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မာစွာ ခုခံကာကွယ်ရန်ဖြစ်ပြီး WTO စည်းမျဉ်းများကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်ခြင်းလည်းဖြစ်ပေသည်။ (Xinhua)
…………………………………………………………………
(Chinese Version)
中国对加拿大采取反制措施,释放哪些信号?
新华社北京9月3日电9月3日,针对此前加拿大政府宣布对自华进口的电动汽车、钢铝产品采取加征关税等限制措施,中国商务部宣布了多项反制措施——将对加拿大采取的相关限制措施发起“反歧视调查”;对自加拿大进口油菜籽发起反倾销调查;依国内产业申请,对加拿大相关化工产品发起反倾销调查;拟将加方有关做法诉诸世贸组织争端解决机制。
中国为何发起这些措施?释放哪些信号?
据悉,这是中国首次发起“反歧视调查”,也是全球首例。指向性明确,反制态度鲜明。
商务部新闻发言人当天表示,中方将根据《中华人民共和国对外贸易法》第七条、第三十六条规定,对加拿大采取的相关限制措施发起“反歧视调查”,后续根据实际情况对加采取相应措施。
加拿大政府8月26日发布公告称,计划自今年10月1日起对所有中国制造的电动汽车征收100%的附加税,自今年10月15日起对进口自中国的钢铁和铝产品征收25%的附加税。加方称,此举目的之一是防止加拿大贸易伙伴近期采取行动而导致贸易转移。
“在附加税税率方面,加拿大盲目跟风美国,自己根本没有做调查研究,极其主观,极其恶意,肆无忌惮,是明显的歧视性禁止和限制措施,我们发起‘反歧视调查’就是要采取合规合法的措施来捍卫中国企业的正当权益。”商务部研究院对外贸易研究所所长梁明说。
从国际规则来看,世贸组织基本原则可归纳为“非歧视性”“公平贸易”和“透明度”三个基本原则。加方此举严重违反世贸组织三个基本原则,公然挑衅国际贸易秩序。
从国内法律来看,《中华人民共和国对外贸易法》第七条规定,“任何国家或者地区在贸易方面对中华人民共和国采取歧视性的禁止、限制或者其他类似措施的,中华人民共和国可以根据实际情况对该国家或者该地区采取相应的措施。”
梁明说,根据授权,中方可以根据实际情况对加拿大采取相应的措施。“这个相应措施概念较为宽泛,不限于加方对中方采取措施的领域。”
两项反倾销调查,为何是油菜籽和化工产品领域?
据中国国内产业近期反映,加拿大对华出口油菜籽大幅增加并涉嫌倾销,2023年达34.7亿美元,数量同比增长170%,价格持续下降。
相关数据显示,中国是加拿大油菜籽最大的出口国,也是其化工产品重要出口国。
梁明说,受加方不公平竞争影响,中国国内油菜籽相关产业持续亏损。中方将根据国内相关法律法规,按照世贸组织规则,依法对自加拿大进口油菜籽发起反倾销调查。中方还将依国内产业申请,对加拿大相关化工产品发起反倾销调查。
中国此次对加拿大采取的相关措施,彰显中方明确态度,就是采取一切必要措施捍卫中国企业的正当权益。
梁明说,中国是加拿大电动汽车的第三大进口来源国,钢铁和铝的第二大进口来源国。加方此举是赤裸裸的贸易保护主义,是严重违反世贸组织规则的单边主义措施,是损人不利己的行为。加拿大的行为不会影响中国外贸和经济的稳定增长,但是性质极为恶劣,可能会导致部分不明真相的国家效仿,也会给全球的贸易自由化带来不利影响。
业内人士指出,中国始终是多边贸易体制的维护者、建设者和贡献者。虽然加方行为极其恶劣,但中方所有的措施都会遵循国际法和世贸组织规则,在合规合法的范围内展开。
全球化浪潮浩浩汤汤,势不可当。全球产业链你中有我,我中有你。中国此次对加拿大采取措施,是对自身合法权益的坚决捍卫,亦是对世贸组织规则的坚定守护。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.