Connect with us

China

အိမ်ဖြူတော် ဝန်ထမ်းရေးရာကို ထရမ့် ပြန်လည်စီမံ၊ အမျိုးသားလုံခြုံရေးအရာရှိ ၁၆၀ ဦး ဘေးဖယ်နေရ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦ၊ အဝိုင်းပုံခန်းမတွင် ထရမ့်က အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ရာထူးတာဝန်လက်ခံသည့်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဆင်ဟွာ/အေပီ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေး အကြံပေး Michael Waltz က အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ(NSC) အကြံပေးများကို အိမ်ပြန်၍ အမိန့်စောင့်ဆိုင်းရန် ဇန်နဝါရီ ၂၂ ရက်တွင် ညွှန်ကြားခဲ့သည်။ ယင်းမှာ အမှန်တကယ်တွင်မူ “ယခင် အရာရှိဟောင်းများ” ကို ဘေးဖယ်ထားခြင်း ဖြစ်သည်ဟု အေပီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ အစိုးရသစ်အနေဖြင့် အိမ်ဖြူတော် ဝန်ထမ်းရေးရာကို စိစစ်နေပြီး အရာရှိအားလုံး သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးအစီအစဉ်နှင့် တစ်သားတည်းဖြစ်စေရန် တောင်းဆိုခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ် အပြောင်းအလဲလုပ်ရန် ပြင်ဆင်
အမျိုးသားလုံခြုံရေးကောင်စီသည် အမေရိကန်သမ္မတထံသို့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများကို အကြံပြုရခြင်းဖြစ်သည်။ ယင်းအမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများမှာ ကျွမ်းကျင်သည့် အစိုးရဝန်ထမ်းများဖြစ်ပြီး ၎င်းတို့ကို ဌာနအသီးသီးမှ ခေါ်ယူခန့်အပ်လေ့ရှိသည်။ ဇန်နဝါရီ ၂၂ ရက်တွင် ကောင်စီဝန်ထမ်း တစ်ရပ်လုံး တယ်လီဖုန်းအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ နေအိမ်တွင်သာ စောင့်ဆိုင်းရန် လိုအပ်ကြောင်း၊ ဆိုင်ရာရုံးများ၏ကြီးကြပ်သူနှင့် ကိုယ်စီ အဆက်အသွယ်ထားရှိလျှင်ရပြီး အိမ်ဖြူတော်သို့ လာရောက်ရုံးတက်ရန် မလိုအပ်ကြောင်း အကြောင်းကြားခြင်းခံခဲ့ရသည်။

ဤအကြိမ် တယ်လီဖုန်းအစည်းအဝေးမှာ ၂ မိနစ်သာ ကြာမြင့်ပြီး Michael Waltz ရုံးတာဝန်ခံ Brian McCormack က အဆိုပါ သတင်းကို ကြေညာခဲ့ရာ “သမ္မတရုံးနဲ့ သမ္မတကို အားပေးပံ့ပိုးတာက ကြီးမားတဲ့ ဂုဏ်ယူဖွယ်ဖြစ်တယ်ဆိုတာ အိမ်ဖြူတော်မှာ ကံကောင်းထောက်မစွာ နေပြီး အလုပ်လုပ်နေရတဲ့ ဘယ်သူမဆို သိမှာပါ” ဟု ပြောကြားခဲ့ကြောင်း၊ အလားတူပင် အားလုံးက သမ္မတတိုင်းသည် မူဝါဒရည်မှန်းချက်ကို ဖော်ဆောင်ရန် လိုက်ဖက်ညီမည့် အိမ်ဖြူတော်အရာရှိအဖွဲ့ ထားရှိသည့် အခွင့်အာဏာရှိသည်ကို ရှင်းရှင်းလင်းလင်း သိရှိကြကြောင်း အေပီသတင်းဌာနက မီဒီယာမှရရှိသည့် တယ်လီဖုန်းအသံသွင်းချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ရိုက်ခတ်မှုဒဏ်ခံရသည့် လူပုဂ္ဂိုလ်များအနက် နိုင်ငံခြားဝန်ကြီးဌာန၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) မှ ခန့်အပ်သူ ဒါဇင်နှင့်ချီ ပါရှိရာ အများစုမှာ ၎င်းတို့၏ကဏ္ဍများ၌ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပြီး ခေါ်ယူခန့်အပ်သည့်သက်တမ်းမှာ သာမန်အားဖြင့် တစ်နှစ်မှ နှစ်နှစ်အထိ ရှိပေသည်။

အမျိုးသားလုံခြုံရေးကောင်စီ အကြမ်းဖက်နှိမ်နှင်းရေးဌာနမှ သက်တမ်းတိုးထားသော ဝန်ထမ်းအများအပြားသည် ဇန်နဝါရီ ၂၁ ရက်တွင် ခေါ်ယူခန့်အပ်သော သက်တမ်းကာလ ကြိုတင်အဆုံးသတ်လိုက်ကြောင်း၊ သို့သော် ဖုန်းအဆက်အသွယ်ထားရှိရမည် ဖြစ်ကြောင်း အကြောင်းကြားခံရသည်ဟု အမည်မဖော်လိုသည့် သတင်းအရင်းအမြစ် နှစ်ဦးက ဥပမာပေး ပြောကြားခဲ့သည်။ အခြားဌာနမှ ခေါ်ယူခန့်အပ်၍ သက်တမ်းတိုးထားသူများ၏ အိမ်ဖြူတော်အီးမေးလ်သည် ဇန်နဝါရီ ၂၂ ရက် တယ်လီဖုန်းအစည်းအဝေးအပြီးတွင် အပိတ်ခံခဲ့ရကြောင်း၊ သို့သော် ဖုန်းအဆက်အသွယ် ဆက်လက်ထားရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းရေးရာ စိစစ်သည့်ကာလတွင် ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် သိပ်မဖြစ်နိုင်ကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီဝင် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ထရမ့်၏အာဏာလွှဲပြောင်းရေးအဖွဲ့အနေဖြင့် အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရန်အတွက် ယင်းအစိုးရဝန်ထမ်းများ၏ ရာထူးတာဝန်ခန့်အပ်ထားသည့် သက်တမ်းကို အစိုးရသစ် တာဝန်ယူပြီး ကနဦးကာလအထိ တိုးမြှင့်ပေးရန် ထရမ့်အား မေတ္တာရပ်ခံခဲ့သလို အဆိုပါအစိုးရဝန်ထမ်းများအနေဖြင့် လွန်ခဲ့သည့်အစိုးရ ဒီမိုကရက်တစ်ပါတီ သို့မဟုတ် ရီပက်ဘလစ်ကန်အစိုးရကို “ဘက်လိုက်မှု၊ ယိမ်းယိုင်မှု မရှိ” အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မကြာသေးမီက Breitbart News Network ၏ မေးမြန်းမှုကို ဖြေကြားရာ၌ Michael Waltz က ဘိုင်ဒန်အစိုးရလက်ထက်တွင် အမျိုးသားလုံခြုံရေးကောင်စီသို့ ဝင်ရောက်ပြီး သက်တမ်းတိုးထားသည့်အစိုးရဝန်ထမ်းများကို မူလဌာနများသို့ ပြန်၍ တာဝန်ထမ်းဆောင်စေမည် ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ အစိုးရအသစ်၏ အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများသည် “သမ္မတလုပ်ငန်းအစီအစဉ်နှင့် ရာနှုန်းပြည့် ထပ်တူညီရန် ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အမေရိကန်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများအပါအဝင် ရှုပ်ထွေးလှသည့် နိုင်ငံခြားရေးမူဝါဒကိစ္စရပ်များကို ကိုင်တွယ်စီမံရန် လိုအပ်သည်ဟု အေပီသတင်းဌာနက သုံးသပ်ထားသည်။ အကယ်၍ ဤကဲ့သို့ အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများကို ပြန်လည်ဖွဲ့စည်းမည် ဆိုလျှင် အသစ်လာသည့် မူဝါဒကျွမ်းကျင်ပညာရှင်များက မူဝါဒကွဲပြားမှုနှင့် စိုးရိမ်ပူပန်မှုများကို လွတ်လပ်စွာ ဖော်ပြနိုင်မည် မဟုတ်ပေ။

ဝန်ထမ်းရေးရာ စိစစ်ခြင်း

အမျိုးသားလုံခြုံရေးကောင်စီသည် ထရမ့် ရာထူးလက်ခံကြောင်း ကျမ်းသစ္စာကျိန်ဆိုသည့် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၀၁ မိနစ် အချိန်မှစ၍ ဝန်ထမ်းရေးရာ ဘက်စုံ စိစစ်မှုများကို စတင်ခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေး ကာကွယ်ရေးအတွက် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများအနေဖြင့် ထရမ့်၏ “အမေရိကန် ဦးစားပေး” အစီအစဉ်ကို ဖော်ဆောင်မည်ဟု ကတိကဝတ်ပြုရန် Michael Waltz က အာမခံရမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Brian Hughes က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ထရမ့်အစိုးရ၏ အချို့အဆင့်မြင့်အရာရှိများက အစိုးရသစ် မဖွဲ့စည်းမီတွင် ကျွမ်းကျင်အစိုးရဝန်ထမ်းအချို့အား စတင် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ မေးမြန်းမှုတွင် ၎င်းတို့အနေဖြင့် လွန်ခဲ့သည့်နှစ် သမ္မတ ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲအား မည်သူ့ကို ပေးခဲ့သနည်း၊ နိုင်ငံရေးငွေကြေးလှူဒါန်းမှုအခြေအနေနှင့် လူမှုကွန်ရက်မီဒီယာတွင် ထရမ့်အဖွဲ့အား “အပြစ်ရှိသည်” ဟုရှုမြင်သော ပို့စ်များ တင်ခဲ့ခြင်းရှိမရှိ တို့ ပါဝင်ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက အေပီသတင်းဌာန သတင်းထောက်အား ပြောကြားခဲ့သည်။

ဝန်ထမ်းရေးရာစိစစ်မှု ပြီးဆုံးပြီးနောက် အမျိုးသားလုံခြုံရေးကောင်စီသည် “ပိုမိုထိရောက်မှု၊ ပိုမို ရှင်းလင်းသည့်အထက်အောက်ဆက်ဆံရေးအသွင်” ရှိလာမည်ဟု Michael Waltz က မျှော်လင့်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ထရမ့်အစိုးရပထမသက်တမ်းတွင် တာဝန်ထမ်းဆောင်ဖူးသူများအပါအဝင် အစိုးရသစ် အလေးထားသော ကျွမ်းကျင်သူများကို ဌာနအသီးသီးမှ စတင်ခေါ်ယူခန့်အပ်နေပြီဖြစ်ကြောင်း သိရသည်။

ထရမ့်သည် အမျိုးသားလုံခြုံရေးကောင်စီ အရာရှိများ၏ သစ္စာမရှိမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ဖူးသည်။ ပထမအကြိမ် သမ္မတတာဝန်ထမ်းဆောင်စဉ်က အမျိုးသားလုံခြုံရေးကောင်စီတွင် ခေါ်ယူခန့်အပ်ထားသည့် ကျွမ်းကျင်စစ်သည်အရာရှိနှစ်ဦးသည် “သတင်းပေးသူ” ဖြစ်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လက ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့်ဖုန်းဖြင့်ဆက်သွယ်စဉ် ထရမ့်က တစ်ဖက်သူအား အမေရိကန် ဒုသမ္မတဟောင်း၊ ထိုစဉ်က ဒီမိုကရက်တစ်ပါတီ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ၎င်း၏သားဖြစ်သူ Hunter Biden အား စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ဖူးကြောင်း တိုင်ကြားခဲ့သည်။ ယင်းကြောင့် ထိုစဉ်က ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်က ယင်းနှစ် ဒီဇင်ဘာလတွင်ပင် ထရမ့်အား အာဏာအလွဲသုံးမှု စသည့် ပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ ရီပက်ပလစ်ကန်ပါတီ ထိန်းချုပ်သည့် အထက်လွှတ်တော်က ယင်းစွဲချက်ကို ပယ်ချခဲ့ခြင်းကြောင့်သာ ထရမ့် အပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကင်းလွတ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်အပြင် ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဘိုင်ဒန်အစိုးရအတွက် အကျိုးဆောင်ခဲ့သည့် အခြားဌာန အရာရှိများကိုလည်း ကိုင်တွယ်စီမံခဲ့သည်။ ၎င်းက ၎င်းတည်ထောင်သည့် Truth Social လူမှုကွန်ရက်မီဒီယာတွင် ဘိုင်ဒန်အစိုးရ၏အရာရှိ တစ်ထောင်ကျော်ကို “အလုပ်ထုတ်” မည် ဖြစ်ကြောင်း၊ ပူးတွဲ စစ်ဦးစီးချုပ်များ (JCS) ဥက္ကဋ္ဌဟောင်း Mark Milley ကို အမျိုးသား အခြေခံအဆောက်အဦ အကြံပေးအဖွဲ့ ရာထူးတာဝန်မှ ပယ်ဖျက်မည်ဟု သီးသန့် နာမည်တပ်၍ ဇန်ဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်က ယင်းနေ့တွင်ပင် Mark Milley ရုပ်ပုံကို ဖြုတ်ချခဲ့ပေသည်။

ထရမ့်အစိုးရက အမေရိကန် ကမ်းခြေစောင့်တပ်မှူး၊ ရေတပ်ဗိုလ်ချုပ်ကြီး Linda L. Fagan ကို ရာထူးတာဝန်မှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ တပ်ဖွဲ့ခွဲတစ်ခုကို ကိုင်တွယ်ရသည့် ပထမဦးဆုံး အမျိုးသမီး စစ်သည်အရာရှိဖြစ်သည်။ Linda L. Fagan ရာထူးမှ ဖယ်ရှားခံရသည့် အကြောင်းရင်းမှာ ဗဟုအသွင်ပြောင်းမှုနှင့် အားလုံးပါဝင်နိုင်မှုကို “အတိုင်းအထက်အလွန် ဂရုပြုခြင်း” ကြောင့် ဖြစ်သည်ဟု အမေရိကန် အမိမြေလုံခြုံရေးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
特朗普整顿白宫人事 160名国安幕僚靠边站
新华社北京1月24日电 美国总统国家安全事务助理迈克·华尔兹22日要求大约160名白宫国家安全委员会助理回家待命,按美联社说法,这实际上是让这些“前朝臣子”靠边站。新一届政府正在审查白宫人事,要求全体幕僚与总统唐纳德·特朗普的政治议程保持一致。
准备换人
国家安全委员会向美国总统提供国家安全和对外政策建议。这些国安委工作人员都是职业公务员,通常从各部门借调。他们22日参加全体职工电话会议,得知只需待在家里,与各自办公室主管保持联系即可,无需到白宫打卡上班。
美联社援引这家媒体获得的电话录音报道,这次电话会议仅两分钟,华尔兹的办公室主任布赖恩·麦科马克宣布上述消息,并说,“任何有幸在白宫工作的人都应清楚,支持总统行政办公室和总统本人是一份巨大荣誉”,大家同样清楚,每一位总统都有权为实现政策目标而配备相应的白宫幕僚团队。
受影响人员中,数十人借调自国务院、联邦调查局、中央情报局,大多数是专业领域专家,借调期通常一到两年。两名不愿公开姓名的知情人士举例说,国安委反恐局多名延期借调人员21日就被告知,借调期提前结束,但依然要保持手机畅通。一些延期借调人员的白宫邮箱22日在电话会议结束后就被关闭,但仍需保持手机畅通。人事审查期间,他们不大可能承担实质性工作。
前任民主党籍总统约瑟夫·拜登的国家安全事务助理杰克·沙利文曾请求特朗普过渡团队把这些公务员的借调期至少延长到新一届政府上任之初,以确保顺利过渡,表示这些公务员“不偏不倚”效力往届民主党或共和党政府。
只是,华尔兹最近接受布赖特巴特新闻网采访时说,他打算让那些在拜登执政时进入国安委且延长借调期的公务员回归原部门,目的是确保新一届政府的国安委工作人员“同总统的议程百分之百保持一致”。
美联社分析,眼下,美国需要应对一系列复杂的对外政策事务,包括俄乌冲突和中东地区冲突。如果这样重建国安委人事,那些新来的政策专家不可能就政策分歧和顾虑自由表达意见。
人事审查
国安委发言人布赖恩·休斯在一份声明中说,国安委在美国东部时间20日中午12时01分,即特朗普宣誓就职那一刻就启动了全面人事审查,华尔兹要确保国安委工作人员承诺执行特朗普“美国优先”议程,以保护国家安全。
不愿公开姓名的知情人士告诉美联社记者,特朗普政府一些高级官员在新政府成立前就开始盘问一些职业公务员,问题包括他们去年总统选举时把票投给了谁,政治捐款状况,以及是否在社交媒体上发表过特朗普团队视为“有罪”的帖子。
白宫官员说,人事审查结束后,华尔兹期待国安委“更有效率、更扁平化”。他们已经开始从各部门借调一些新一届政府看重的专业人员,包括曾在第一届特朗普政府工作的人。
特朗普曾因国安委幕僚不忠诚而吃过大亏。第一次执政时,两名借调到国安委的职业军官成为“吹哨人”,检举特朗普2019年7月同乌克兰总统弗拉基米尔·泽连斯基通电话时要求对方调查美国前副总统、当时的民主党总统竞选人约瑟夫·拜登及其儿子亨特。这导致当时由民主党掌控的国会众议院同年12月以滥用职权等罪名弹劾特朗普。因共和党掌控的参议院否决弹劾条款,特朗普才未被定罪免职。
除了白宫,特朗普20日宣誓就职后还着手处理曾为拜登政府效力的其他部门官员。他21日在自创社交媒体平台“真实社交”上宣布,将“开除”上千名拜登政府官员,特别点名解除美军前参谋长联席会议主席马克·米利在国家基础设施顾问委员会的职务。五角大楼当天便摘下米利的画像。
国土安全部21日说,特朗普政府已经解除美国海岸警卫队司令、海军上将琳达·李·费根的职务。她2021年成为首名执掌美国武装部队某一分支的女军官。国土安全部一名高级官员说,费根被解职原因包括“过度关注”多元化和包容性。(胡若愚)
1. 1月20日,在美国首都华盛顿国会大厦圆形大厅,特朗普在美国第47任总统就职典礼上发表讲话。新华社/美联