Connect with us

North America

Q&A|ထရမ့်၏ဖိအားပေးမှုကို မိုဒီ မည်သို့ ဖြေရှင်းမည်နည်း

အမေရိကန် သမ္မတ ထရမ့်နှင့် အမေရိကန်သို့ ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်သို့ ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထရမ့်က စီးပွားရေးအကြောင်း အလွန်အကျွံဆို၍ မကြာခဏ ဖိအားပေးလျက်ရှိရာ မိုဒီက နှစ်ဖက်ကုန်သွယ်ရေးပမာဏအား တစ်ဆနှင့်အထက် တိုးမြှင့်သွားမည်ဟု ကတိပေးခဲ့သည်။

အိန္ဒိယနိုင်ငံသို့ တင်ပို့မှု “အလွန်ခက်ခဲသည်” ဟု ထရမ့် ညည်းညူ

မိုဒီနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်က အိန္ဒိယမှာ အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမှု အမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း၊ “ဒါဟာ ပြဿနာကြီးတစ်ခုပါ” ဟုပြောကြားခဲ့သည်။ “ကျွန်တော် သူတို့ကို ပြစ်တင်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒါက မတူတဲ့စီးပွားရေးလုပ်ပုံလုပ်နည်း တစ်မျိုးပါ၊ (အမေရိကန် ကုန်ပစ္စည်းတွေကို) အိန္ဒိယဆီ ရောင်းချဖို့ အရမ်းခက်ခဲပါတယ်။ သူတို့မှာ ကုန်သွယ်ရေးအတားအဆီး ရှိလို့ပါ” ဟုလည်း ၎င်းက ဆိုသည်။
ထရမ့်က အမေရိကန်၏ လက်ရှိတောင်းဆိုချက်မှာ “တန်းတူညီမျှ” ဖြစ်သည့်နိုင်ငံဖြစ်ကြောင်း၊ “အိန္ဒိယက (အမေရိကန်ဆီက) ငွေဘယ်လောက်ကောက်ခံရင် ကျွန်တော်တို့ကလည်း သူတို့ကောက်ခံသလောက် ကောက်ခံမှာပဲ” ဟု လည်းပြောကြားခဲ့သည်။
“အလားတူ စည်းကြပ်ခွန်” ကောက်ခံသည့်အပိုင်းတွင် အိန္ဒိယနိုင်ငံအပေါ် ဖြေလျှော့မှု လုပ်ဆောင်ပေးမည်လားဟု သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က အိန္ဒိယဘက်က အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် မြင့်မားလွန်းမှုနှင့်စပ်လျဉ်း၍ ၎င်း၏ ပထမသမ္မတသက်တမ်းကာလအတွင်း အိန္ဒိယဘက်နှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ “ဒါပေမဲ့ ကျွန်တော်က (အိန္ဒိယဘက်က) ဖြေလျှော့မှု မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လွယ်ကူတဲ့နည်းလမ်းကို လုပ်ဆောင်သွားပါမယ်။ သင်က ကျွန်တော်တို့ကို ဘယ်လောက်ကောက်ခံရင် ကျွန်တော်ကလည်း သင် ကောက်ခံသလောက် ကောက်ခံသွားပါမယ်။ ဒါက အမေရိကန်သားတွေအပေါ် တရားမျှတတယ်လို့ ကျွန်တော်ထင်တယ်။ တကယ့်တကယ်မှာတော့ အိန္ဒိယအပေါ်လည်း တရားမျှတပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်က အိန္ဒိယထံသို့ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တိုက်လေယာဉ်များ ရောင်းချသွားမည်

ယခုနှစ်မှစ၍ အမေရိကန်က အိန္ဒိယနိုင်ငံသို့ စစ်လက်နက်ရောင်းချမှု ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံချီ တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ “ကျွန်တော်တို့က နောက်ဆုံးမှာ အိန္ဒိယနိုင်ငံကို F-35 ကိုယ်ပျောက် တိုက်လေယာဉ် ရောင်းချဖို့အတွက် လမ်းခင်းသွားမှာ” ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် မိုဒီနှင့် “အရေးကြီးသဘောတူညီချက်” တစ်ခုရရှိခဲ့ကြောင်း၊ ယင်းမှာ အမေရိကန်က အိန္ဒိယ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကပံ့ပိုးရောင်းချသူဖြစ်လာမည်ဖြစ်ပြီး “အကြီးဆုံး ပံ့ပိုးရောင်းချသူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်-အိန္ဒိယကုန်သွယ်ရေး “ရေရှည်မညီမျှမှု” ပြဿနာအား ဖြေရှင်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် မိုဒီက သဘောတူညီကြောင်း၊ အိန္ဒိယက အမေရိကန်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်းသည် “လိုငွေပြမှု ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယက အမေရိကန်၏ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင် နည်းပညာကို ဝယ်ယူမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပေသေးသည်။

မိုဒီက ထရမ့်ကို အိန္ဒိယသို့ ခရီးစဉ်လာရောက်ရန် ဖိတ်ကြား

အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံသည် မော်ဂျူးငယ် ဓာတ်ပေါင်းဖိုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် အဓိက သတ္တုပစ္စည်း၊ ခေတ်မီကုန်ကြမ်းပစ္စည်းနှင့် ဆေးဝါး ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်ခြင်း အပါအဝင် စွမ်းအင်လုံခြုံမှု၊ နျူကလီးယားစွမ်းအင်ဖော်ဆောင်မှု၊ ကာကွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု(AI)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ကွမ်တန်နည်းပညာ၊ ဇီဝနည်းပညာ၊ အာကာသစူးစမ်းလေ့လာမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

မိုဒီက နှစ်နိုင်ငံသည် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ကုန်သွယ်ရေးစာချုပ်တစ်ခုကို အမြန်ဆုံး သဘောတူညီမှုရရှိရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ရည်မှန်းချက် ဖော်ဆောင်နိုင်ရန် ကုန်သွယ်ပမာဏအား တစ်ဆနှင့်အထက် တိုးမြှင့်သွားမည်ဟု အတည်ပြုပြီးဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
မိုဒီက ၎င်းအနေဖြင့် အိန္ဒိယပြည်သူ သန်း ၁,၄၀၀ ကိုယ်စား အိန္ဒိယနိုင်ငံသို့ ထရမ့် ခရီးစဥ် ထပ်မံလာရောက်ရန် ဖိတ်ခေါ်ကြောင်းလည်း ပြောကြားခဲ့သည်။
အိန္ဒိယသည် လော့စ်အိန်ဂျလိစ်နှင့် ဘော့စတွန်မြို့များတွင် ကောင်စစ်ဝန်ချုပ်ရုံးအသစ်များ အမြန်ဆုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အိန္ဒိယတွင် အမေရိကန်တက္ကသိုလ် စသည့် ပညာရေးအဖွဲ့အစည်းများ ပြည်ပကျောင်းခွဲများဖွင့်လှစ်ရန် ဖိတ်ခေါ်ကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
热点问答|特朗普施压,看莫迪如何接招?
新华社华盛顿2月13日电 新华社记者邓仙来
正在美国访问的印度总理莫迪13日在白宫同美国总统特朗普举行会谈。特朗普大谈生意经,频频施压。莫迪承诺增加双边贸易额一倍以上。
特朗普抱怨对印出口“太难”
特朗普在与莫迪会谈结束后举行的联合记者会上称,印度是对美国产品征收关税最高的国家,“这是个大问题”。他说:“我没必要责怪他们,但这是一种不同的做生意的方式,把(美国产品)卖到印度去太难了,因为他们有贸易壁垒。”
特朗普称,美国现在是要求“对等”的国家,“印度收(美国)多少钱,我们就收他们多少钱”。
当在场记者问是否会在征收“对等关税”方面对印度作出妥协时,特朗普说,他在首个总统任期内就曾同印方讨论过印度对美国产品征收关税过高问题,“但我未能得到(印度方面的)妥协。所以我们将采取简单方法:你收我多少,我就收你多少。我认为这对美国人是公平的,事实上对印度也是公平的”。
美国将向印度卖油卖气卖战机
特朗普在记者会上说,今年起,美国对印度军售数额将增加数十亿美元,“我们还将为最终向印度出售F-35隐形战斗机铺平道路”。
特朗普说,他和莫迪达成一项“重要共识”,即让美国成为印度主要的石油和天然气供应方,“希望是最大的供应方”。他说,莫迪同意就解决美印贸易“长期不平衡”问题进行谈判,印度购买美国石油和天然气能够“很简单地解决逆差问题”。
特朗普还说,印度将购买美国的民用核能技术。
莫迪邀请特朗普访印
莫迪提到印美两国将在能源安全、核能开发、国防技术、人工智能、半导体、量子技术、生物技术、太空探索等领域加强合作,包括加强小型模块化反应堆合作,并建立关键矿物、先进材料和药品供应链。
他说,两国致力于尽快达成一项互惠贸易协定,并已确定到2030年将双边贸易额增加一倍以上达到5000亿美元的目标。
莫迪说,他代表14亿印度人邀请特朗普再次访印。
莫迪还表示,印度将很快在洛杉矶和波士顿开设新领事馆,同时邀请美国大学等教育机构在印度开设海外校区。(完)
图说:2月13日,美国总统特朗普(右)与到访的印度总理莫迪在华盛顿白宫出席联合记者会。新华社记者 胡友松 摄