Connect with us

မြန်မာ-中文

G20 ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အား ဝမ်ရိ မျှော်မှန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီးနောက် မီဒီယာများအား ပြန်လည်ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဆက်လက်တက်ရောက်ခဲ့သည်။
ဝမ်ရိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ်နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင်-
ပထမအနေဖြင့် “စည်းလုံးညီညွတ်မှု” ဖြင့် G20 ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို အခိုင်အမာတည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ကွဲလွဲမှုများအား ထားရှိကာ တူညီမှုများအား စုစည်းရေး၊ တူညီမှုများအား စုစည်းခြင်းဖြင့် ကွဲလွဲမှုများအား ဖြေလျှော့ရေးကို ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်ရာ ခွာပြဲမှု၊ အတိုက်အခံလုပ်မှုများ မပြုဘဲ အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် စံနမူနာပြုနိုင်သော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရမည် ဖြစ်သလို တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွ ဆန့်ကျင်ကာ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်သို့ ပြောင်းလဲမှုတွင် ပို၍ အများအကျိုးဖြစ်ထွန်းမှု၊ အားလုံပါဝင်မှုရှိသော ဦးတည်ရာသို့ တိုးတက်ရေး တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် “တန်းတူညီမျှမှု” ဖြင့် G20 ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းအတွက် ခွန်အားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို ကိုင်စွဲကာ ရန်ဘက်မဟုတ်သော မိတ်ဖက်အဖြစ် အပြန်အလှန်ရှုမြင်ရမည် ဖြစ်သလို အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းအဖြစ် ရှုမြင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်အာဖရိက၏ “ဉာဏ်ရည်တု” မစ်ရှင်အဖွဲ့ တည်ထောင်ခြင်းကို ထောက်ခံအားပေးသလို အာဖရိက ဉာဏ်ရည်တု ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကျင်းပမှုအား ထောက်ခံကြောင်း၊ ဘက်ပေါင်းစုံက တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း၊ “သိပ္ပံပညာ တံခါးဖွင့်လှစ်မှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်” တွင် ပိုမို များပြားသော နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ဖြင့် G20 ၏ အနာဂတ်အလားအလာသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာကို G20 ဆွေးနွေးမှုအစီအစဉ်၏ ဦးစားပေးနေရာတွင် ဆက်လက်ထားရှိကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ စိတ်ဓာတ်ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၏ အသေးစိတ် လှုပ်ရှားမှုအဖြစ် ပြောင်းလဲရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘေးအန္တရာယ်လျှော့ချမှု၊ ကြွေးမြီဆက်လက်ထားရှိနိုင်မှု၊ မျှတမှုရှိစွာ စွမ်းအင် အသွင်ကူးပြောင်းမှု၊ အဓိကသတ္တုထုတ်ကုန် စသည့် ဦးစားပေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍာငွေကုန်ကျစရိတ်လျှော့ချရေး နည်းလမ်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း၊ “အတူတကွ လှုပ်ရှား၍ မျှတစွာ တာဝန်ခံခြင်း” အခြေခံမူအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး လျှော့ချရေး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကသည် အသစ်တစ်ဖန်နိုးထလာပြီ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ G20 အနေဖြင့် ပိုမိုများပြားသော ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်များကို စည်းရုံးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု ဟန်ချက်ညီညီ အကျိုးသက်ရောက်မှု တိုးပွားအောင် ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ စက်မှုအသွင်ပြောင်းမှု၊ အခြေခံအဆောက်အဦ၊ အစိမ်းရောင်သတ္တု စသည့်ကဏ္ဍများတွင် အာဖရိကနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာ ခေတ်မီအသွင်ပြောင်းရေးလမ်းစဉ်ကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက မိတ်ဖက်များနှင့်အတူ  ခေတ်မီအသွင်ပြောင်းရေး “ကဏ္ဍ ၁၀ ရပ် မိတ်ဖက်လှုပ်ရှားမှု” ကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ G20 ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးစွမ်းအင်ကို ဖြည့်တင်းကာ အတူတကွ စည်ပင်သာယာဝပြောသော တိုးတက်မှုကို ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)

王毅展望二十国集团合作目标

新华社约翰内斯堡2月21日电 当地时间2月21日,中共中央政治局委员、外交部长王毅在约翰内斯堡继续出席二十国集团外长会。王毅结合峰会“团结、平等、可持续”主题,就二十国集团下阶段合作目标提出中方建议。

一是以“团结”筑牢二十国集团合作之基。坚持求同存异、聚同化异,不搞分裂对立,反对集团对抗。大国应发挥表率作用,推动全球经济治理体系改革,提升全球南方代表性和话语权。合力建设开放型世界经济,共同反对单边主义、保护主义,推动经济全球化朝着更加普惠包容的方向发展。

二是以“平等”赋能二十国集团前行之路。坚持共商共建共享,视彼此为伙伴而非对手,视彼此的发展为机遇而非挑战。中方支持南非设立“人工智能”任务组,支持举办非洲人工智能全球峰会,欢迎各方来华出席2025年世界人工智能大会,欢迎更多国家和国际组织参与“开放科学国际合作倡议”。

三是以“可持续发展”开辟二十国集团新前景。继续将发展议题置于二十国集团议程优先位置,把多边主义精神转化为可持续发展的具体行动。中方支持减灾、债务可持续性、公正能源转型、关键矿产等优先领域合作,探讨降低发展中国家融资成本,按照“共同行动、公平负担”原则,帮助发展中国家减轻债务负担。

王毅表示,非洲正在经历新的觉醒。二十国集团要动员更多发展资源,支持全球发展行动协同增效,同非洲开展工业化、基础设施、绿色矿产等领域合作,加快走现代化之路。中国正在同非洲伙伴一道,全方位推进现代化“十大伙伴行动”,愿继续以二十国集团合作赋能非洲发展,实现共同繁荣进步!(完)

当地时间2月18日,中共中央政治局委员、外交部长王毅在主持联合国安理会“践行多边主义,改革完善全球治理”高级别会议后,向媒体发表谈话。 新华社记者 吴晓凌 摄