China
တရုတ်နိုင်ငံက ကုန်စည်ကုန်သွယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၈ နှစ်ဆက်တိုက် ရပ်တည်လျက်ရှိ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8k01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးမှာ ပထမဆုံးအကြိမ် ယွမ် ၄၃ ထရီလီယံကို ကျော်လွန်ခဲ့ရာ ယမန်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်းတိုးမြင့်လာပြီး ကုန်စည်ကုန်သွယ်ရေး အကြီးဆုံးနိုင်ငံအဖြစ် ၈ နှစ် ဆက်တိုက် ထိန်းထားခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ ပါတီ အတွင်းရေးမှူး စွန်းမေကျွင်းက တစ်နိုင်ငံလုံးဆိုင်ရာ အကောက်ခွန်လုပ်ငန်းအစည်းအဝေး၌ ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ပြင်ပ မရေရာမှု၊ မတည်ငြိမ်မှု အကြောင်းရင်းများ တိုးပွားလာခြင်းကို ရင်ဆိုင်ရာ၌ အကောက်ခွန်ကဏ္ဍအား ကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် အဆင်ပြေလွယ်ကူရေး မြှင့်တင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးကဏ္ဍကို အရည်အသွေးမြှင့်တင်မှု၊ အရေအတွက်တည်ငြိမ်မှုအား ဖော်ဆောင်ရန် တွန်အားပေးခဲ့ပေသည်။ တစ်နှစ်ပတ်လုံးတွင် ပြည်ဝင်ပြည်ထွက်ဂိတ်များ၏လည်ပတ်မှုပတ်ဝန်းကျင် ကောင်းမွန်အောင် တစ်ဆင့်တိုး ဖော်ဆောင်ရေး၊ ကုမ္ပဏီလုပ်ငန်းများ အကောက်ခွန်ရှင်းလင်းခြင်း အဆင်ပြေချောမွေ့မှု မြှင့်တင်ရေး အစီအမံ ၁၆ ခု ကို ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ အကောက်ခွန်လျှော့ချရေးနှင့် အခွန်သက်သာရေး အစီအမံမျိုးစုံကို ဖော်ဆောင်ခဲ့ရာ အခွန်လျှော့ချခြင်း ပြန်အမ်းငွေ စုစုပေါင်း ယွမ် ၂၈၂.၉ ဘီလီယံ ရှိခဲ့သည်။ မြို့ပေါင်း ၂၀ တွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လွယ်ကူအဆင်ပြေရေး အထူးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ရာ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်ဖန်တီးရေး အစီအမံ ၂၉ ခုကို လက်ရှိ တစ်နိုင်ငံလုံးတွင် ပုံတူ တိုးချဲ့ဆောင်ရွက်ပြီး ဖြစ်သည်။ နိုင်ငံနှင့် ဒေသပေါင်း ၆၂ ခုမှ ဒုတိယတန်းစား စိုက်ပျိုးရေးစားသောက်ကုန် ၁၁၁ မျိုးကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပြုခဲ့သည်။ ပြည်ဝင်ပြည်ထွက်ဂိတ် ၁၄ ခု အသစ်ဖွင့်လှစ်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်းကို တွန်းအားပေးခဲ့သလို Bonded Logistics Center (PLB) ၇ ခု ကိုလည်း အသစ် တည်ဆောက်ခဲ့သည်။
လက်ရှိ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ပြင်ပပတ်ဝန်းကျင်၏ ရိုက်ခတ်မှု ဖြစ်သည်ဟု စွန်းမေကျွင်းက ဆိုသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း အကောက်ခွန်ဌာနများသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင်မြင့်တံခါးဖွင့်လှစ်မှုကို အရေးကြီးတာဝန်များအနက် အဓိကတာဝန်အဖြစ်ထားရှိကာ တိကျမှုအားကောင်းပြီး တန်ဖိုးမြင့်သော ထောက်ပံ့ရေးအစီအမံများကို အချိန်မီ ထုတ်ပြန်၍ ကုမ္ပဏီလုပ်ငန်းများ အမှာစာတည်ငြိမ်မှု၊ ဈေးကွက်ချဲ့ထွင်မှုကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကြီးကြပ်စီမံမှု အားကောင်းအောင် ဝန်ဆောင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ရာ “ဈေးကွက်အရင်းအမြစ် စီမံမှုတွင် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ရမည် ” ဖြစ်သလို “ကြီးကြပ်စီမံနိုင်စွမ်းလည်း ရှိရမည်” ဖြစ်ကြောင်း သိရသည်။
အသေးစိတ်ကြည့်မည်ဆိုလျှင် ပြည်ပကုန်သွယ်ရေး ပမာဏထိန်းသိမ်းခြင်းနှင့် အရည်အသွေးတိုးမြှင့်ခြင်းကို မြှင့်တင်ရာ၌ အဓိကလုပ်ငန်းများတွင် အရေအတွက်သိုလှောင်မှုနှင့် တိုးမြှင့်မှု မူဝါဒ၏ နှစ်ထပ်ကွမ်း အားထုတ်ခြင်း၊ အကောက်ခွန်ဆိုင်ရာ ပံ့ပိုးရေးအစီအမံ ၁၆ ခု ဖော်ဆောင်မှု အင်အားနှင့် ထိရောက်မှုသုံးသပ်ရေးကို အားဖြည့်ဆောင်ရွက်ခြင်း၊ “အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ” (AEO) ကုမ္ပဏီလုပ်ငန်းများ သက်သာခွင့်အစီအမံ စာရင်းအား တိုးချဲ့ခြင်း၊ အကောက်ခွန်ဖြင့် ပြည်ပကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေး အထူးအစီအမံများကို ထုတ်ပြန်ဖော်ဆောင်ခြင်း တို့ပါဝင်ပေသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အဆင်ပြေလွယ်ကူရေး အထူးလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး “Single Window” ဝန်ဆောင်မှုပုံစံ ဆန်းသစ် ဖန်တီးမှုကို တွန်းအားပေးခြင်း၊ လေကြောင်း ပြည်ဝင်ပြည်ထွက်ဂိတ် ဖြတ်သန်းမှု အဆင်ပြေချောမွေ့ရေး အစီအမံအချို့ကို တစ်ဆင့်တိုး ဖော်ဆောင်ခြင်း၊ ကားလမ်း-ရထားလမ်း ချိတ်ဆက်သယ်ယူပို့ဆောင်ရေး စသည့် ကုန်စည်သယ်ယူပို့ဆောင်ရေးစီမံကိန်း တည်ဆောက်မှုကို အားပေးခြင်း တို့ ပါဝင်သည်။ ကုန်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်၍ အခွန်ထိန်းသိမ်းမှုဇုန်အတွင်း ကုန်ပစ္စည်းများပြင်ဆင်မှုနှင့် အခွန်ထိန်းသိမ်းမှုဇုန်အတွင်း ကုန်ပစ္စည်း ပြန်လည်ထုတ်လုပ်မှု (bonded maintenance and bonded remanufacturing) ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကာ စိုက်ပျိုးရေးစားသောက်ကုန် တင်သွင်းမှုကဏ္ဍ စုံလင်ကြွယ်ဝရေး တွန်းအားပေးခြင်း၊ စိုက်ပျိုးရေးစားသောက်ကုန် တိုးချဲ့တင်ပို့မှုကို မြှင့်တင်ခြင်း စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။
ဝန်ဆောင်မှုကဏ္ဍ ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်ရေးတွင် နိုင်ငံတစ်ဝန်း အကောက်ခွန်ဌာနများက စနစ်တိုးချဲ့မှုပုံစံ တံခါးဖွင့်လှစ်ရေးကို အဓိကထား၍ အကောက်ခွန်ကြီးကြပ်ရေးစနစ် ဆန်းသစ်ဖန်တီးရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ကြမည် ဖြစ်ပေသည်။ ၎င်းတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်မှုအတွက် ဝန်ဆောင်မှုပေးခြင်း၊ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း အစုလိုက်ခွဲကန့်သတ်ဆောက်ရွက်ခြင်း လုပ်ငန်းကဏ္ဍ အသီးသီးကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်းတို့ ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန် ဖော်ဆောင်ရေး မဟာဗျူဟာ မြှင့်တင်မှုအဖြစ် ဟန်ချင်ရှိ ကွမ်တုန်း-မကာအို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံအသစ်များကို သုတေသနပြု ဖော်ဆောင်ခြင်း၊ ဘက်စုံအခွန်ထိန်းသိမ်းမှုဇုန် (Comprehensive Bonded Zone) အသွင်ပြောင်း အဆင့်မြှင့်မှု အရှိန်တိုးမြှင့်ခြင်း၊ Bonded Logistics Center (PLB) စိစစ်ခွင့်ပြုရေး ယန္တရားအား ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးခြင်းတို့ ပါဝင်သလို ပြည်ဝင်ပြည်ထွက်ဂိတ် ဘက်စုံအရည်အချင်း သုံးသပ်ရေး ရှေ့ပြေးအစီအစဉ်များအား ဆောင်ရွက်ပြီး နယ်စပ်အဝင်အထွက်ဂိတ်စီမံကိန်း တည်ဆောက်မှု အရှိန်မြှင့်တင်ရေး ဒေသန္တရအား လမ်းညွှန်ပေးခြင်း၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသနှင့် ရှင်းကျန်း၊ ရှီးဇန့် စသည့် အဓိက နယ်စပ်ဂိတ်များတွင် စွမ်းရည်တိုးချဲ့၍ အရည်အသွေးမြှင့်တင်ရေး တွန်းအားပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8k02.jpg)
တောင်အမေရိက ချယ်ရီသီးများ တင်ဆောင်လာသော “BACH” အကြီးစားကွန်တိန်နာသင်္ဘောကြီး ထျန်းကျင်းဆိပ်ကမ်းသို့ ဆိုက်ရောက်လာခြင်းနှင့်အတူ ထျန်းကျင်း ဆိပ်ကမ်း၏ ပထမဆုံး တောင်အမေရိက တိုက်ရိုက် “Cherry Express Line” တရားဝင် စတင် ဖွင့်လှစ်ခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
中国连续8年保持货物贸易第一大国地位
新华社北京2月7日电(记者邹多为、唐诗凝)海关总署党委书记孙梅君7日在全国海关工作会议上表示,2024年中国外贸首次突破43万亿元大关,同比增长5%,连续第8年保持货物贸易第一大国地位。
2024年,面对外部不确定不稳定因素增多,海关优服务促便利,推动中国外贸实现质升量稳:全年出台并实施进一步优化口岸营商环境、促进企业通关便利16条措施;落实关税减让和各类税收优惠措施,共减免退税款2829亿元;在20个城市开展促进跨境贸易便利化专项行动,29项改革创新措施目前已在全国复制推广;准许62个国家和地区111种次农食产品输华;推动新开、扩大开放口岸14个;新设保税物流中心7个。 孙梅君表示,当前,中国外贸发展面临的最大挑战是外部环境的冲击。2025年,全国海关要把促进高质量发展、高水平开放作为重中之重,及时出台精准性强、含金量高的支持措施,帮助企业稳订单、拓市场,强化监管优化服务,做到既“放得活”又“管得住”。 具体来看,在促进外贸稳量提质方面,重点工作包括:推进存量增量政策叠加发力,加大海关16条支持措施实施力度和效果评估,拉长“经认证的经营者”(AEO)企业享惠措施清单,出台实施海关促外贸稳增长特别措施;开展2025年促进跨境贸易便利化专项行动,推进国际贸易“单一窗口”服务模式创新,实施进一步促进航空口岸通关便利化若干措施,支持公铁联运等物流项目建设;深化加工贸易改革,推进保税维修、保税再制造发展,推动农食产品进口多元化,促进农食产品扩大出口等。
在服务高水平对外开放方面,全国海关将围绕扩大制度型开放,深化海关监管制度创新。包括服务高质量共建“一带一路”;做好海南自由贸易港封关运作各项工作;落实自贸试验区提升战略,研究实施新一轮海关支持横琴粤澳深度合作区发展措施,加快综保区转型升级,推进保税物流中心审批机制改革;开展口岸综合绩效评估试点,指导地方加快推进边境口岸项目建设,推动东北地区和新疆、西藏等重点边境口岸扩能提质等。(完)
1. 这是“长胜”轮在联盟国际集装箱码头进行装卸作业。新华社记者 杨文 摄
2. 2024年1月16日晚,随着大型集装箱班轮“巴赫”号载着南美洲车厘子驶进天津港,天津港首条直通南美“车厘子快线”正式开通。新华社记者 赵子硕 摄