Connect with us

North America

ဗင်နီဇွဲလား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အခြားနိုင်ငံက ဝယ်ယူမှုအား အမေရိကန် ကန့်သတ်ခြင်းအပေါ် ဗင်နီဇွဲလားရှုတ်ချ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ဂရိလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော အမေရိကန်သမ္မတ ထရမ့်အား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူမည့် နိုင်ငံများအပေါ် အမေရိကန်က စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီအမံသည် “တရားမဝင်” သလို “နိုင်ထက်စီးနင်းပြုရာကျ” ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yván GIL Pinto က မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ အဆိုပါလုပ်ရပ်သည် နိုင်ငံတကာ ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများ အထူးသဖြင့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT) သတ်မှတ်ထားသည့် အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) အခြေခံမူ၊ ယေဘုယျအားဖြင့် ဖယ်ရှားနိုင်သော ပမာဏကန့်သတ်ချက်နှင့် စပ်လျဉ်းသည့် အခြေခံမူ စသည်တို့အား တရားဝင်ချိုးဖောက်ရာကျကြောင်း Yván GIL Pinto က ထိုနေ့တွင် လူမှုမီဒီယာ၌ ထုတ်ပြန်ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအနေဖြင့် အမေရိကန်က ကမ္ဘာ့စီးပွားရေးစည်းစနစ်အပေါ် နောက်တစ်ကြိမ်ချိုးဖောက်မှုအား ရှုတ်ချပြီး နိုင်ငံတကာအဖွဲ့အစည်းများတွင် သင့်တော်သောလှုပ်ရှားမှုများ လုပ်ဆောင်သွားခြင်းဖြင့် လုပ်ပိုင်ခွင့်များအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က ဗင်နီဇွဲလားထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူသည့် နိုင်ငံများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါလက်တင်အမေရိကနိုင်ငံသည် အမေရိကန်နိုင်ငံအပေါ် “ရန်လိုမှု” များရှိနေသည်ဟု မတ် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။ အဆိုပါသက်ဆိုင်ရာ စည်းကြပ်ခွန်သည် ဧပြီ ၂ ရက်တွင် စတင်အသက်ဝင်မည်ဟု ထရမ့်က ဆိုထားသည်။ (Xinhua)

———————-
(Chinese Version)
委内瑞拉谴责美国限制他国购买委石油天然气
新华社加拉加斯3月24日电(记者田睿)委内瑞拉外长希尔24日表示,美国欲对从委内瑞拉购买石油和天然气的国家征收25%关税的措施是“非法”和“专断”的。
希尔当天在社交媒体上发表声明说,美国这一举措公然违反国际贸易规则,尤其是关贸总协定规定的最惠国待遇原则和关于普遍取消数量限制的原则等。委内瑞拉谴责美国对全球经济秩序的再一次侵犯,并将在各国际组织采取一切适当行动维护权利。
美国总统特朗普24日在社交媒体上宣布,将对购买委内瑞拉石油和天然气的国家征收25%的关税,并指称这一拉丁美洲国家对美充满“敌意”。特朗普称相关关税将于4月2日生效。(完)
图说:3月24日,美国总统特朗普在华盛顿白宫出席庆祝希腊独立日活动。新华社记者 胡友松 摄