NPC
တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်၏ ပင်မထောက်တိုင်အနေဖြင့် အခိုင်အမာ ဆောင်ရွက်သွားမည်ဟု ဝမ်ရိ ပြောကြား

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ခံယူချက်အား ပြောကြားခဲ့သည်။
ဝမ်ရိက ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ် မပြီးဆုံးမီနှင့် ပြီးဆုံးပြီးနောက် နိုင်ငံတကာအသိုက်အဝန်းက အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြကြောင်း၊ ယင်းမှာ ကုလသမဂ္ဂတည်ထောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသည့်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်သည့် အဓိက ပလက်ဖောင်း တည်ဆောက်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂသည် စမ်းသပ်မှုဒဏ်ကိုခံနိုင်ပြီး အကျိုးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သည်ကို လက်တွေ့က သက်သေပြခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအခြေအနေမှာ အလွန်ကြီးမားသော ပြောင်းလဲမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ဖက်သတ်ဝါဒ ခေါင်းထောင်လာသလို အင်အားသုံးနိုင်ငံရေး လွှမ်းမိုးမှုရှိလာရာ အချို့နိုင်ငံများက ကုလသမဂ္ဂအပေါ် ဤသို့ ထိုသို့သော သံသယမေးခွန်းများ ထုတ်ကြကြောင်း၊ သို့သော် ပဋိပက္ခ ပို၍ ရှုပ်ထွေးလေ ကုလသမဂ္ဂ၏ အဓိကအနေထားကို ပို၍ထင်ပေါ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စိန်ခေါ်မှု ပို၍ အပူတပြင်းဖြစ်လေ ကုလသမဂ္ဂ၏ ရှိသင့်သည့်ဩဇာကို ပို၍ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံအသီးသီးက ကမ္ဘာကြီး ကြီးနိုင်ငယ်ညှဉ်းသဘောဝ ပြန်လည်ဖြစ်ပွားမည်ကို ရှောင်ရှားစေလိုကြောင်း၊ ထို့အတွက် ပထမဆုံးအနေဖြင့် အချုပ်အခြာအာဏာ တန်းတူညီမျှ ရှိသည့် အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်သလို နိုင်ငံကြီး၊ နိုင်ငံငယ် ဟူ၍ မခွဲခြားဘဲ နိုင်ငံတကာအသိုက်အဝန်းတွင် အားလုံးက တန်းတူညီမျှ အဖွဲ့ဝင်ဖြစ်သည်ကို ဝန်ခံအသိအမှတ်ပြုရမည် ဖြစ်ကြောင်း၊ မည်သူက “လက်မောင်းတုတ်”၊ “လက်သီးဆုပ်ကြီး” လျှင် မည်သူပြောသည့်စကားကို နားထောင်ရမည်ဟု လုပ်၍မရကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် တရားမျှတ၊ ဓမ္မဓိဋ္ဌာန်ကျသည့် အခြေခံမူများကို အခိုင်အမာလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ နိုင်ငံအအနည်းစုက နိုင်ငံတကာရေးရာကို လက်ဝါးကြီးအုပ်ထားခြင်းအား ဆန့်ကျင်ရမည် ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏အသံကို ပို၍နားဆင်သင့်ကြောင်း၊ နိုင်ငံအသီးသီး၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများသည် အပြည့်အဝ ကာကွယ်မှု ရရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အတွေးအခေါ်ကို လိုက်နာစောင့်ထိန်းရမည် ဖြစ်ကြောင်း၊ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် အခြေခံမူကို လက်ကိုင်ထားကာ အားလုံးပါဝင်သည့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို အစားထိုးရမည် ဖြစ်သလို “သွေးစည်းညီညွတ်မှုကြီး” ဖြင့် “အသိုက်အဝန်းငယ်” ကို ဖယ်ရှားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၏ ဩဇာအရှိန်အဝါကို အားဖြည့်ရမည်ဖြစ်ရာ နိုင်ငံကြီးများအနေဖြင့် အထူးသဖြင့် ဦးဆောင်၍ ကတိသစ္စာတည်မှု၊ တရားဥပဒေစိုးမိုးမှုအား အလေးထားဆောင်ရွက်ရမည် ဖြစ်ပြီး စံချိန်နှစ်မျိုးထားရှိခြင်းနှင့် အသုံးသင့်သည်ကို ရွေးချယ်ခြင်းအား ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ အနိုင်ကျင့်ဗိုလ်ကျ၍ ဈေးကွက်လက်ဝါးကြီးအုပ်မှု၊ အနုကြမ်းစီးရယူခြင်းကို ပို၍ မဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစည်းစနစ်၏ ကနဦးတည်ဆောက်သူနှင့် အကျိုးခံစားသူဖြစ်သလို ဤစည်းစနစ်၏ ကာကွယ်ထိန်းသိမ်းသူနှင့် တည်ဆောက်သူလည်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် တစ်စင်ထောင်ရန် ဆန္ဒမရှိသလို ယင်းစည်းစနစ်ကို ဖျက်ဆီးပြီး ပြန်လည်စတင်မည့် မည်သည့်နိုင်ငံကိုမျှ ထောက်ခံမည်လည်းမဟုတ်ကြောင်း၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မိမိထမ်းဆောင်ရမည့် နိုင်ငံတကာတာဝန်ဝတ္တရားကို သိရှိရာ ကုလသမဂ္ဂ၏ ဗဟိုပြုနေရာအား အခိုင်အမာကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်၏ ပင်မထောက်တိုင်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်း၏ တရားမျှတရေး စကားသံအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မိမိတို့သည် ဘက်ပေါင်းစုံနှင့်အတူ ကုလသမဂ္ဂတည်ထောင်သည့် ကနဦးရည်မှန်းချက်ကို ပြန်လည်အောက်မေ့မှတ်သားကာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွက်ချက်များနှင့် အခြေခံမူများကို လိုက်နာစောင့်ထိန်းလျက် ပို၍ တရားမျှတမှု၊ လျော်ကန်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို တည်ဆောက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
两会·外长记者会|王毅谈全球治理:中国将坚定做多边体系的中流砥柱
新华社北京3月7日电 中共中央政治局委员、外交部长王毅7日在两会记者会上就全球治理阐述中方立场主张。
王毅表示,今年是联合国成立80周年。二战结束前后,国际社会做出的最重要决定就是成立联合国,打造一个维护世界和平、开展全球治理的最主要平台。事实证明,联合国经受了考验,发挥了作用。现在形势又发生了很大变化,单边主义抬头,强权政治泛滥,有的国家对联合国提出了这样那样的质疑,但中方认为,矛盾越是复杂,越要突出联合国的重要地位;挑战越是紧迫,越要维护联合国的应有权威。
王毅表示,各国都希望避免世界重回丛林法则,为此,首先要筑牢主权平等的基石,承认国家不分大小强弱,都是国际社会平等一员,不能谁“胳膊粗”“拳头大”,谁就说了算。二是要坚持公平正义的原则,反对少数国家垄断国际事务,全球南方的声音应当得到更多倾听,各国的正当权益应当得到充分保护。三是要恪守多边主义的理念,秉持共商共建共享原则,以包容协作取代集团对抗,以“大团结”破除“小圈子”。四是要加强国际法治的权威,大国尤其要带头讲诚信、讲法治,反对双重标准和选择性适用,更不应欺行霸市、巧取豪夺。
王毅说,中国是二战后国际秩序的缔造者和受益者,当然也是这一秩序的维护者和建设者。我们无意另起炉灶,也不支持任何国家推倒重来。作为安理会常任理事国,中方意识到自身承担的国际责任,将坚定维护联合国的中心地位,做多边体系的中流砥柱,做全球南方的正义代言。我们愿同各方一道,重温联合国创始初心,恪守联合国宪章宗旨和原则,构建更加公正合理的全球治理体系。(完)
1. 3月7日,十四届全国人大三次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。