Australia / Oceania
တရုတ်နိုင်ငံမှ ကူညီပေးသည့်စီမံကိန်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု သမ္မတက များစွာ တန်ဖိုးထား ချီးကျူးကြောင်း ပြောကြား

ဆစ်ဒနီ၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကွန်ဗင်းရှင်းစင်တာ စီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေ ၁၆ ရက်တွင် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု မြို့တော်ပလီကာ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု သမ္မတ Wesley Simina က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးကို များစွာ တန်ဖိုးထား ချီးကျူးကြောင်း ပြောကြားခဲ့သည်။
Wesley Simina က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများက မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ကျိုးမဖက်ကူညီပေးမှုများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ အမျိုးသားကွန်ဗင်းရှင်းစင်တာသည် ဒေသအထင်ကရအဆောက်အအုံ ဖြစ်သည်သာမက မိုက်ခရိုနီးရှား-တရုတ်၏ ကျောက်သားပမာခိုင်မြဲသော ချစ်ကြည်ရေး၏ အရေးကြီးပြယုဂ်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား သက်ဝင်လှုပ်ရှားစွာ ဖော်ပြမှုလည်းဖြစ်သည်ဟု များစွာ တန်ဖိုးထား ချီးကျူးပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်အစိုးရက အဆိုပါစီမံကိန်းအပေါ် အင်တိုက်အားတိုက် ထောက်ခံပံ့ပိုးပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းအား တာဝန်ယူတည်ဆောက်သည့်ဌာနက ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ရမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ခိုင်မြဲတိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်နက်ရှိုင်းစေပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိုက်ခရိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူဝေက အမှာစကားပြောကြားရာတွင် အဆိုပါစီမံကိန်းသည် ခေတ်သစ် တရုတ်-မိုက်ခရိုနီးရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ အမှတ်သင်္ကေတ ရလဒ်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး ကဏ္ဍစုံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်၍ တရုတ်-မိုက်ခရိုနီးရှား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစွာတိုးတက်လာရေးအား တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ ဆောင်ကြဉ်းပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခမ်းအနားတွင် မိုက်ရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ Esmond Moses က တရုတ်နိုင်ငံအစိုးရ ကူညီတည်ဆောက်ပေးသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကွန်ဗင်းရှင်းစင်တာ စီမံကိန်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါစင်တာသည် တရုတ်ပြည်သူများကပေးသည့် အဖိုးတန်ဆုံးလက်ဆောင်ဖြစ်ပြီး မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုအတွက် ကူညီတည်ဆောက်ပေးသည့် အမျိုးသားကွန်ဗင်းရှင်းစင်တာ စီမံကိန်းဆိုင်ရာ အစိုးရကြား လွှဲပြောင်းပေးအပ်မှုလက်မှတ်အား အတူတကွ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း “ရွှေသော့” ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကွန်ဗင်းရှင်းစင်တာကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှ ကူညီတည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု မြို့တော်ပလီကာ၌ တရုတ်နိုင်ငံ ကူညီတည်ဆောက်ပေးသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကွန်ဗင်းရှင်းစင်တာ အပြင်ပုံအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – China Construction Science and Industry Corp. Ltd)

မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု မြို့တော်ပလီကာ၌ တရုတ်နိုင်ငံ ကူညီတည်ဆောက်ပေးသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကွန်ဗင်းရှင်းစင်တာ အပြင်ပုံအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – China Construction Science and Industry Corp. Ltd)
————————
(Chinese Version)
密联邦总统高度评价中国援密项目和两国关系
新华社悉尼5月16日电(记者齐紫剑 梁有昶)帕利基尔消息:中国援密克罗尼西亚联邦国家会议中心项目移交仪式16日在密首都帕利基尔举行。出席仪式的密联邦总统西米纳在致辞中高度评价两国关系。
西米纳在致辞中衷心感谢中国政府和人民对密联邦发展提供的无私帮助,高度评价国家会议中心不仅是地标性建筑,更是密中坚如磐石友谊的重要象征、两国全面战略伙伴关系的生动体现。他感谢广东省政府对项目的大力支持,感谢项目承建单位的艰辛努力,表示密联邦将持续巩固发展同中国的友好关系,期待未来继续深化合作,开启两国关系新篇章。
中国驻密联邦大使吴伟在致辞中强调该项目是新时代中密友好合作的标志性成果。中方愿同密方一道,认真落实两国元首重要共识,深化各领域务实合作,推动中密全面战略伙伴关系深入发展,为两国人民带来更多福祉。
密联邦国会议长摩西斯在仪式上表示,感谢中国政府援密联邦国家会议中心项目,该中心是中国人民赠送的最珍贵礼物,将助力密联邦国家发展。
双方共同签署援密联邦国家会议中心项目政府间交接证书,并移交项目“金钥匙”。
密联邦国家会议中心项目由广东省援建。(完)
图说1:这是5月16日在密克罗尼西亚联邦首都帕利基尔拍摄的中国援密联邦国家会议中心项目移交仪式现场。新华社发(中国驻密克罗尼西亚联邦大使馆供图)
图说2、3:这是2月19日在密克罗尼西亚联邦首都帕利基尔拍摄的中国援密联邦国家会议中心外景(无人机照片)。新华社发(中建科工集团有限公司供图)