Connect with us

North America

အမေရိကန်စစ်တပ်၏ လေယာဉ်တင်သင်္ဘောပေါ်ပါ တိုက်လေယာဉ် ပင်လယ်ထဲပြုတ်ကျမှု ထပ်မံဖြစ်ပွား

Harry Truman လေယာဉ်တင်သင်္ဘောကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AP)

ဝါရှင်တန်၊ မေ ၇ ရက် (ဆင်ဟွာ)

Harry Truman လေယာဉ်တင်သင်္ဘောပေါ်မှ စတင်ပျံသန်းသော လေယာဉ်တင်သင်္ဘောပေါ်ပါ F/A – 18F “Super Hornet” တိုက်လေယာဉ်တစ်စင်းသည် မေ ၆ ရက်တွင် ပင်လယ်နီထဲသို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသည် အမေရိကန်ရေတပ်က သီတင်းပတ် တစ်ပတ်ကျော်အချိန်အတွင်း ပင်လယ်နီ၌ အလားတူဖြစ်ရပ် ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာက အဆိုပါနေ့တွင် အစိုးရအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဒေသစံတော်ချိန် မေ ၆ ရက် ညပိုင်းတွင် အဆိုပါ နှစ်ယောက်စီး F/A – 18F “Super Hornet” တိုက်လေယာဉ်သည် Harry Truman လေယာဉ်တင်သင်္ဘောသို့ ပြန်လာပြီး ဆင်းသက်ချိန်တွင် လေယာဉ်အမြီးပိုင်းရှိ ချိတ်သည် တားဆီးသည့်ကြိုးနှင့် မချိတ်နိုင်ခဲ့သဖြင့် လေယာဉ်ကိုတားဆီးနိုင်ခြင်းမရှိဘဲ ပင်လယ်ထဲပြုတ်ကျခဲ့သည်ဟု အမေရိကန်မီဒီယာ အများအပြားက သတင်းအရင်းအမြစ်များစွာ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
တိုက်လေယာဉ်ပေါ်ပါ လေသူရဲနှစ်ဦးသည် အချိန်မီ အသက်ဘေးမှလွတ်မြောက်ရန် ထွက်ခွာနိုင်ခဲ့ပြီးနောက် ရှာဖွေရေးရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းခံရကာ နှစ်ဦးလုံးသည် ဒဏ်ရာအနည်းငယ်ရကြောင်း၊ အမေရိကန်စစ်တပ်က အဆိုပါမတော်တဆဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ပင်လယ်ထဲပြုတ်ကျသွားသော တိုက်လေယာဉ်ကို ဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ထရမ့်က ထိုမတိုင်မီ နာရီအနည်းငယ်အတွင်းကပင် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ဟူသီလက်နက်ကိုင်များက ထိုနေ့တွင် Harry Truman လေယာဉ်တင်သင်္ဘောအား ပစ်ခတ်နေဆဲဖြစ်ကြောင်း အမေရိကန် CNN သတင်းဌာနက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်ပြင် ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအား ရပ်တန့်ရန် ဟူသီလက်နက်ကိုင်များက သဘောတူကြောင်း၊ ယင်းကိုအခြေခံ၍ အမေရိကန်က ဟူသီလက်နက်ကိုင်များအပေါ် လေကြောင်းတိုက်ခိုက်နေမှုများအား ရပ်တန့်သွားမည်ဖြစ်ကြောင်း ထရမ့်က မေ ၆ ရက်တွင် အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်လျက်ရှိသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့်အတူ သတင်းထောက်များအား တွေ့ဆုံစဉ်၌ ပြောကြားခဲ့သည်။
“Super Hornet” တိုက်လေယာဉ်၏ တည်ဆောက်မှုကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိကြောင်း သိရသည်။ ဧပြီ ၂၈ ရက်တွင်လည်း F/A – 18E “Super Hornet” တိုက်လေယာဉ်တစ်စင်းသည် Harry Truman လေယာဉ်တင်သင်္ဘော ကုန်းပတ်ပေါ်မှပြုတ်ကျခဲ့သည်။ အဆိုပါလေယာဉ်တင်သင်္ဘောက ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုအား တိမ်းရှောင်ရန် အရေးပေါ် လှည့်ကွေ့နေစဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

——————-
(Chinese Version)
美军再次发生航母舰载战机坠海事件
新华社华盛顿5月6日电 美国媒体6日引用官方人士的话说,当日一架从“哈里·杜鲁门”号航母上起飞的F/A-18F“超级大黄蜂”舰载战斗机坠入红海,这是美海军一周多时间内在红海发生的第二起此类事件。
多家美国媒体援引数名消息人士的话报道说,当地时间6日夜间,这架双座型F/A-18F“超级大黄蜂”战斗机在返回“哈里·杜鲁门”号航母降落时,因尾钩未能钩住阻拦索而导致拦阻失败坠海。
据报道,战机上的两名飞行员及时弹射逃生,后被搜救直升机救起,两人均受轻伤。美军方正对事故原因进行调查,坠海战机尚未被打捞起来。
美国有线电视新闻网援引知情人士的话报道说,尽管美国总统特朗普几小时前宣布与也门胡塞武装停火,但胡塞武装当日仍在向“哈里·杜鲁门”号开火。特朗普6日在白宫与到访的加拿大总理卡尼共见记者时说,胡塞武装同意停止威胁中东水域航行安全,在此基础上美国将停止对胡塞武装的轰炸。
据悉,“超级大黄蜂”战斗机造价超过6000万美元。4月28日,一架F/A-18E“超级大黄蜂”战斗机从“哈里·杜鲁门”号航母甲板坠落。据报道,事发时该航母正在急转弯,以躲避胡塞武装火力攻击。(完)
图说:这是拍摄于2022年2月14日的“哈里·杜鲁门”号航母资料照片。新华社/美联

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.