Latin America
ကိုလံဘီယာက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်တွင် ပါဝင်ပြီးနောက် ပထမဆုံး အကြီးစား အခြေခံအဆောက်အဦ တည်ဆောက်မှုစီမံကိန်း စတင်လုပ်ဆောင်

Facatativá ကိုလံဘီယာ ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း ရထားလမ်းပါ လျှပ်စစ်သုံးယာဉ်(Tram)စီမံကိန်းကို ဇွန် ၁၇ ရက်တွင် ကိုလံဘီယာနိုင်ငံ Cundinamarca ပြည်နယ် Facatativá မြို့၌ စီမံကိန်းစတင်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ယင်းသည် ကိုလံဘီယာနိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်တွင် ပါဝင်ပြီးနောက် ပထမဆုံးအကောင်အထည်ဖော်သည့် အကြီးစား အခြေခံအဆောက်အဦ စီမံကိန်းဖြစ်သည်။
အဆိုပါစီမံကိန်းသည် မြို့တော်ဘိုဂိုတာနှင့် Cundinamarca ပြည်နယ်၏ မြို့လေးမြို့အကြား ချိတ်ဆက်ပေးမည်ဖြစ်ပြီး ကိုလံဘီယာနိုင်ငံမြို့တော်နှင့် အနီးတစ်ဝိုက်မြို့များကို ချိတ်ဆက်ပေးသည့် ပထမဆုံး ရထားလမ်းပါ လျှပ်စစ်သုံးယာဉ်(Tram)လမ်းကြောင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံက ကိုလံဘီယာနိုင်ငံ အခြေခံအဆောက်အဦ တည်ဆောက်မှုအတွက် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ စီမံကိန်းစတင်ခြင်းသည် သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း၊ ၎င်း၏အနက်အဓိပ္ပာယ်သည် လမ်းပန်းဆက်သွယ်မှုဟူသည့် မူရင်းအဓိပ္ပာယ်ထက် များစွာသာလွန်နေကြောင်း၊ ယင်းသည် ကိုလံဘီယာနိုင်ငံက ရာသီဥတုအခက်အခဲရင်ဆိုင်ရေး၊ မြို့ပြစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးနှင့် ပြည်သူလူနေမှုဘဝ အရည်အသွေးမြှင့်တင်ရေးအတွက် အရေးကြီးအစီအမံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Maria Rojas က ကိုလံဘီယာနိုင်ငံ၏ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး ရထားလမ်းအနေဖြင့် အဆိုပါစီမံကိန်းသည် နိုင်ငံတော် စွမ်းအင်အသွင်ပြောင်းမှု၏ အရေးကြီးသမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး ရထားလမ်းကွန်ရက် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အရေးကြီးခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခဲ့သည်ကို အမှတ်သင်္ကေတပြုနေကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျူးကျင်းယန်က သမ္မတ Gustavo Petro သည် ယမန်လက တရုတ်နိုင်ငံ ခရီးစဉ် အောင်မြင်စွာ သွားရောက်ခဲ့ပြီး ကိုလံဘီယာနိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်တွင် တရားဝင်ပါဝင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်-ကိုလံဘီယာ နှစ်ဖက်ဆက်ဆံရေးသမိုင်းတွင် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာနှင့် အတူလက်တွဲ၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်ကာ ကိုလံဘီယာဘက်က ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုတွင် ပေါင်းစပ်ပါဝင်ရေးအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် ၃၉.၆၆ ကီလိုမီတာရှိသည့် လျှပ်စစ်စွမ်းအင်သုံး နှစ်လမ်းသွား ရထားလမ်း၊ ဘူတာ ၁၇ ခု၊ တံတား ၁၀ ခု၊ အကြီးစား ကားဖြတ်သန်းရာနေရာတစ်ခုတို့အား အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ယူတည်ဆောက်သူ ကိုယ်စားလှယ်၊ China Railway Construction Corporation Limited (CRCC) လက်အောက်ခံ China Civil Engineering Construction Corporation ဒုတိယအထွေထွေမန်နေဂျာ ကွမ်ကျားရှင်းက သတင်းထောက်အား ပြောကြားခဲ့သည်။
ဘိုဂိုတာသည် ကိုလံဘီယာနိုင်ငံ၏ မြို့တော်နှင့် Cundinamarca ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘိုဂိုတာမြို့ဇုန် လူဦးရေသည် ၇.၉ သန်းခန့်ရှိပြီး အနီးတစ်ဝိုက်ဒေသ လူဦးရေအပါအဝင်ဆိုပါက ၁၀.၇ သန်းခန့် ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ဘိုဂိုတာမြို့အနီးတစ်ဝိုက်၊ မြို့ပြဇုန်အတွင်း၌ အလုပ်လုပ်ကိုင် နေထိုင်သည့် ပြည်သူများသည် ရုံးတက်ရုံးဆင်းသွားလာရသည့် အချိန်ကြာမြင့်ခြင်း၊ သွားလာရာတွင် အဆင်ပြေမှုမရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ အဆိုပါစီမံကိန်း စတင်အသုံးပြုပြီးနောက် လမ်းကြောင်းတစ်လျှောက်နေ ပြည်သူများ၏ နေ့စဉ်သွားလာရေးကြာမြင့်ချိန် လျော့နည်းသွားမည်ဖြစ်သည်။ (Xinhua)

ကိုလံဘီယာနိုင်ငံ Cundinamarca ပြည်နယ် Facatativá မြို့၌ ကျင်းပသည့် စီမံကိန်း စတင်ခြင်း အခမ်းအနား၌ အလုပ်သမားများက ရထားလမ်းအဟောင်းအား ဖြုတ်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ Cundinamarca ပြည်နယ် Facatativá မြို့၌ ကျင်းပသည့် စီမံကိန်း စတင်ခြင်း အခမ်းအနား၌ အလုပ်သမားများက ရထားလမ်းအဟောင်းအား ဖြုတ်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
哥伦比亚加入“一带一路”倡议后首个大型基建项目开工
新华社哥伦比亚法卡塔蒂瓦6月17日电(记者李子健)由中国企业承建的哥伦比亚西部有轨电车项目17日在昆迪纳马卡省法卡塔蒂瓦市举行开工仪式。这是哥加入“一带一路”倡议后首个落地实施的大型基础设施项目。
据介绍,该项目将连通首都波哥大市与昆迪纳马卡省的四座市镇,成为连接哥首都与周边卫星城市的首条有轨电车线路。
哥伦比亚总统佩特罗在仪式上致辞表示,感谢中方支持哥方基础设施建设,项目启动是一个历史性转折点,其意义远超交通本身,这是哥伦比亚应对气候危机、实现城市可持续发展和提升民众生活质量的关键举措。
哥交通部长玛丽亚·罗哈斯说,作为哥伦比亚第一条电气化铁路,该项目是国家能源转型的一个重要里程碑,标志着全国铁路网复兴计划迈出关键一步。
中国驻哥伦比亚大使朱京阳表示,佩特罗总统上个月成功访华,哥正式加入“一带一路”倡议,这在中哥双边关系史上具有重大意义。中方将与哥伦比亚携手高质量共建“一带一路”,推进哥方融入全球互联互通。
承建方代表、中国铁建旗下中国土木工程集团有限公司副总经理管嘉欣告诉记者,该项目将新建39.66公里双线电气化铁路、17座车站、10座桥梁、1座大型车辆段。
波哥大是哥伦比亚首都和昆迪纳马卡省省会。波哥大市区人口约790万,加上周边地区人口约为1070万。多年来,居住在波哥大周边、在市区工作的居民一直面临通勤时间长、出行不便的困扰。该项目通车后,沿线民众日常通勤时间将缩短。(完)
图说1:6月17日,在哥伦比亚昆迪纳马卡省法卡塔蒂瓦市,哥伦比亚总统佩特罗在项目开工仪式上发表致辞。新华社发(安德烈斯·莫雷诺摄)
图说2、3:6月17日,在哥伦比亚昆迪纳马卡省法卡塔蒂瓦市,工人在项目开工仪式上拆除旧铁轨。新华社发(安德烈斯·莫雷诺摄)