Connect with us

Europe

ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြီးစီး၊ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများ လဲလှယ်ရန် သဘောတူ

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသော ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးပြီးနောက် ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rustem Umerov (အလယ်) က မီဒီယာများထံ ညှိနှိုင်းမှုရလဒ်များအား ကြေညာနေသည်ကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ ကျင်းပသော ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးခဲ့သည်။
ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများကို လဲလှယ်ရန် ရှေ့တန်းတချို့ဒေသများတွင် နှစ်ရက်မှ သုံးရက်အကြာ အပစ်အခတ်ရပ်စဲရန် ရုရှားဘက်က သဘောတူညီခဲ့ပြီး ယူကရိန်းဘက်က သုတေသနပြုပြီး အစီအစဉ်ကို အမြန်ဆုံး ရေးဆွဲရန် ကတိပြုခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရုရှားဘက်က လာမည့်ရက်သတ္တပတ်တွင် ယူကရိန်းထံ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်း ၆,၀၀၀ ကို တစ်ဖက်သတ် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က မီဒီယာများထံ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုတွင် နှစ်ဖက်သည် စစ်သုံ့ပန်းများ လဲလှယ်ရန်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီး အပြင်းအထန် နာမကျန်းဖြစ်နေသော စစ်သုံ့ပန်းများနှင့် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများအားလုံးကို လဲလှယ်ရန် အဆိုပြုထားကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသော ရုရှား- ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးပြီးနောက် ရုရှားသမ္မတ လက်ထောက်၊ ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky (အနောက်တန်း၊ အလယ်) တို့က မီဒီယာများထံ ညှိနှိုင်းမှုရလဒ်များအား ကြေညာနေသည်ကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
俄乌第二轮直接谈判结束 同意交换阵亡士兵遗体
新华社照片,伊斯坦布尔(土耳其),2025年6月2日
俄乌两国代表团2日在土耳其伊斯坦布尔就和平解决俄乌冲突举行的第二轮直接谈判结束。俄罗斯总统助理、俄方谈判代表团团长梅金斯基对媒体发表声明说,俄乌同意在前线部分地区停火两到三天以交换阵亡士兵遗体,乌方承诺会尽快研究制定方案。同时,俄方宣布在下周单方面向乌方移交6000具阵亡士兵遗体。乌克兰代表团团长、国防部长乌梅罗夫在会后表示,双方在谈判中就战俘交换达成一致,拟交换所有重病战俘及25岁以下战俘。
图说1:6月2日,在土耳其伊斯坦布尔举行的俄乌第二轮直接谈判结束后,乌克兰国防部长乌梅罗夫(中)向媒体公布谈判结果。 新华社记者 刘磊 摄
图说2:6月2日,在土耳其伊斯坦布尔举行的俄乌第二轮直接谈判结束后,俄罗斯总统助理、俄方谈判代表团团长梅金斯基(后排中)向媒体公布谈判结果。新华社记者 刘磊 摄