Connect with us

Social, Education & Health

တရုတ်နိုင်ငံ ပေကျင်း-ထျန်းကျင်း-ဟဲပေ ခရီးသွား ရှုခင်းကြည့်ရထား “ရှင်းကွမ်း ယန့်ကျောက်” ပေကျင်းမြို့မှ စတင်ထွက်ခွာ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းဘူတာရုံ၌ ရပ်နားထားသော ပေကျင်း-ထျန်းကျင်း-ဟဲပေ ခရီးသွား ရှုခင်းကြည့်ရထား “ရှင်းကွမ်း ယန့်ကျောက်” ရှေ့မှ ရထားဝန်ထမ်း ဖြတ်လျှောက်သွားသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

China Railway Beijing Group က တရုတ်နိုင်ငံ ဟဲပေပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ China Tourism Group တို့နှင့် ပူးတွဲ၍ အတူဖန်တီးထားသည့် ပေကျင်း-ထျန်းကျင်း-ဟဲပေ ခရီးသွား ရှုခင်းကြည့်ရထား “ရှင်းကွမ်း ယန့်ကျောက်” သည် ဇူလိုင် ၉ ရက်တွင် ပေကျင်းမြို့မှ ပထမဆုံးအကြိမ် စတင်ထွက်ခွာခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းဘူတာရုံ၌ ပေကျင်း-ထျန်းကျင်း-ဟဲပေ ခရီးသွား ရှုခင်းကြည့်ရထား “ရှင်းကွမ်း ယန့်ကျောက်” တွင် စီးနင်းလိုက်ပါရန် ပြင်ဆင်နေသော ခရီးသွားဧည့်သည်များကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ရှင်းကွမ်း ယန့်ကျောက်” ခရီးသွား ရှုခင်းကြည့်ရထား၌ ရထားတွဲ ၇ တွဲပါဝင်ကာ မြင်ကွင်းကျယ် ရှုခင်းကြည့်ရထားတွဲ၊ စွမ်းရည်စုံ ဖျော်ဖြေရေးရထားတွဲ၊ ကဏ္ဍအလိုက် စားသောက်ခန်း ရထားတွဲနှင့် ရှုခင်းကြည့်ရထားတွဲ ၄ တွဲတို့ဖြင့် ရှုခင်းကြည့်မှု၊ စားသောက်မှု၊ ဖျော်ဖြေမှုတို့အား တစ်သားတည်း ပေါင်းစပ်ထားသော ရွေ့လျားယဉ်ကျေးမှုနေရာ ဖြစ်လာခဲ့သည်။ (Xinhua)

———————————
(Chinese Version)
京津冀首列观光旅游列车“星光·燕赵号”在京发车
新华社照片,北京,2025年7月9日
当日,由国铁北京局联合河北省发改委、中旅集团共同打造的京津冀首列观光旅游列车——“星光·燕赵号”从北京站首发。
“星光·燕赵号”旅游列车编组7辆,包含全景观光车、多功能娱乐车、主题餐车及4节观光车,形成集观光、餐饮、娱乐于一体的移动文化空间。
图说1:7月9日,列车员从停靠在北京站的“星光·燕赵号”列车前走过。 新华社记者 白雪飞 摄
图说2:7月9日,旅客在北京站准备乘坐“星光·燕赵号”列车。新华社记者 张晨霖 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.