Politics, Law & Military
ဆင်ဟွာသတင်းဌာနနှင့် Singapore Press Holdings (SPH) တို့ ကူးလူးဖလှယ်မှု ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာဆောင်ရွက်မည်

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇူလိုင် ၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဆင်ဟွာသတင်းဌာနသို့ လာရောက်လည်ပတ်သည့် Singapore Press Holdings (SPH) Singapore Press Holdings (SPH) အမှုဆောင်အရာရှိချုပ် Chan Yeng Kit နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံစဉ် ဖုဟွာက ယခုနှစ် ဇွန်လတွင် သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-စင်ကာပူဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဆင့်တိုး စီစဉ်ရေးဆွဲခဲ့ကြကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် SPH နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်အား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ တရုတ်-စင်ကာပူ တိုးတက်မှုနှင့် ပြည်သူများချစ်ကြည်ရင်းနှီးသော အကြောင်းအရာအား အတူတကွ ကောင်းမွန်စွာတင်ဆက်သွားလိုကြောင်း၊ နိုင်ငံစုံယန္တရားမူဘောင်အောက်တွင် ညှိနှိုင်းဆွေးနွေးမှုနှင့် မီဒီယာသစ်ကဏ္ဍ အတွေ့အကြုံများ မျှဝေမှုကိုမြှင့်တင်ကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ပြည်သူများစိတ်နှလုံးချင်းနီးစပ်လာစေရန် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
Chan Yeng Kit က SPH အနေဖြင့် ဆင်ဟွာသတင်းဌာနနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် သတင်းတင်ဆက်မှု၊ ဉာဏ်ရည်တု (AI) စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော်ဆောင်ပြီး တရုတ်နိုင်ငံ အကြောင်းအရာ၊ စင်ကာပူနိုင်ငံ အကြောင်းအရာ၊ အာရှတိုက် အကြောင်းအရာ၊ ကမ္ဘာ့အကြောင်းအရာများကို ကောင်းမွန်စွာ တင်ဆက်ခြင်းဖြင့် လက်ရှိကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမှုကို စစ်မှန်စွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————————————–
(Chinese Version)
新华社将同新加坡新报业媒体集团深化交流合作
新华社北京7月8日电(记者董雪)新华社社长傅华8日在北京会见到访新华社的新加坡新报业媒体集团总裁陈英杰一行。
傅华表示,今年6月,习近平主席会见新加坡总理黄循财,就深化发展中新关系作出进一步规划。新华社愿同新报业媒体集团落实好两国领导人重要共识,共同讲好中新发展和人民友好的故事,加强多边机制框架下沟通和新媒体领域经验分享,深化合作、拉近民心。
陈英杰表示,新报业媒体集团愿同新华社在两国领导人引领下,推进新闻报道、人工智能等领域合作,讲好中国故事、新加坡故事、亚洲故事、全球故事,真实客观反映当今世界发展变化。(完)
图说:7月8日,新华社社长傅华在北京会见到访新华社的新加坡新报业媒体集团总裁陈英杰一行。 新华社记者 申宏 摄