Europe
ဗြိတိန်နှင့် ပြင်သစ်တို့က နျူကလီးယား ခြိမ်းခြောက်မှုအင်အား ညှိနှိုင်းမည်ဟု ပထမဆုံးအကြိမ် အတည်ပြု

လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ဗြိတိန်နှင့် ပြင်သစ် နှစ်ဖက်အနေဖြင့် “Northwood ကြေညာချက်” အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ နှစ်ဖက်အနေဖြင့် ကိုယ်စီ၏လွတ်လပ်သော နျူကလီးယား ခြိမ်းခြောက်မှုအင်အားကို ညှိနှိုင်းမှု လုပ်ဆောင်မည်ဟု ပထမဆုံးအကြိမ် အတည်ပြုခဲ့ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားက ဇူလိုင် ၁၀ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ပြင် Northwood စစ်ရေးအခြေစိုက်စခန်း၌ ခရီးစဉ် ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ပြောကြားခဲ့သည်။
ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ပြင်သစ်-ဗြိတိန် နှစ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ပြောကြားခဲ့သည်။ ဥရောပတိုက် အခြေအနေသည် ပြောင်းလဲမှု ဖြစ်ပွားနေပြီဖြစ်ရာ ပြင်သစ်-ဗြိတိန် မိတ်ဖက်ဆက်ဆံရေးသည်လည်း “အခြေအနေအလျောက် ညှိနှိုင်းပြင်ဆင်မှု မဖြစ်မနေ လုပ်ဆောင်ရမည်” ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။
“Northwood ကြေညာချက်” အရ ဗြိတိန် သို့မဟုတ် ပြင်သစ်၏ အဓိကအကျိုးစီးပွားအား ခြိမ်းခြောက်သည့် မည်သည့်ပြိုင်ဘက်မဆို နှစ်နိုင်ငံ နျူကလီးယားအင်အား၏ ပူးတွဲတုံ့ပြန်ခြင်း ခံရနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံက ဗြိတိန်-ပြင်သစ် နျူကလီးယားလမ်းညွှန်မှုအဖွဲ့ငယ်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ သမ္မတရုံးနှင့် ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ရုံးတို့မှ ဦးဆောင်ကာ နှစ်ဖက်က နျူကလီးယား ခြိမ်းခြောက်မှုလှုပ်ရှားမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းလုပ်ဆောင်ရန် တာဝန်ယူရမည်ဖြစ်သည်။
ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ဥရောပတိုက်၌ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် နှစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် ပြင်သစ်က ဥရောပတိုက်မိတ်ဖက်နိုင်ငံများအတွက် “နျူကလီးယား အကာအကွယ်” ပံ့ပိုးပေးရန်နှင့် အခြားသော ဥရောပတိုက်နိုင်ငံများ၌ နျူကလီးယားလက်နက် သယ်ဆောင်ထားသည့် ပြင်သစ်တိုက်လေယာဉ်များ ဖြန့်ကြက်နေရာချထားရန် စသည်တို့အတွက် ဆွေးနွေးလိုကြောင်း မက်ခရွန်က ပြောကြားခဲဖူးသည်။
မက်ခရွန်သည် ဇူလိုင် ၁၀ ရက်တွင် ဗြိတိန်နိုင်ငံသို့ ၃ ရက်တာ နိုင်ငံတော်ခရီးစဉ်သွားရောက်မှု ပြီးစီးခဲ့သည်။ ခရီးစဉ်အတွင်း ဗြိတိန်-ပြင်သစ် နှစ်နိုင်ငံခေါင်းဆောင်များက တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများ တိုက်ဖျက်ရေးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်သွားလာမှု စသည့် အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ပြီး နှစ်ဖက်က စူပါကွန်ပျူတာ၊ ဂြိုဟ်တုဆက်သွယ်ရေး၊ ဉာဏ်ရည်တု (AI) ၊ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်နှင့် အာကာသ စူးစမ်းလေ့လာမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————-
(Chinese Version)
英法首次明确将协调核威慑力量
新华社伦敦7月10日电(记者郑博非 金晶)英国首相斯塔默10日在伦敦郊外诺斯伍德军事基地与到访的法国总统马克龙举行联合记者会时表示,英法双方已签署《诺斯伍德宣言》,首次明确双方将就各自独立的核威慑力量进行协调。
马克龙在记者会上表示,防务与安全合作对法英两国至关重要。他指出,欧洲局势已经发生变化,法英伙伴关系也“必须相应作出调整”。
根据《诺斯伍德宣言》,任何威胁英国或法国核心利益的对手,都可能面临两国核力量的联合回应。两国还将成立英法核指导小组,由法国总统府和英国内阁办公室领导,负责协调双方在核威慑行动等方面的合作。
英国和法国是欧洲仅有的两个核武器国家。今年早些时候,马克龙曾表示,愿意就法国向欧洲盟国提供“核保护伞”以及在其他欧洲国家部署携带核武器的法国战机等进行讨论。
10日,马克龙结束对英国为期三天的国事访问。访问期间,英法两国领导人还就打击非法移民和偷渡问题达成了协议,并表示双方将进一步加强超级计算机、卫星通信、人工智能、民用核能和太空探索等领域的合作。(完)
图说:7月10日,在英国伦敦唐宁街10号首相府前,英国首相斯塔默(左)与法国总统马克龙握手。新华社记者 吴鲁 摄