Connect with us

North America

အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုအား ရင်ဆိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအား မြှင့်တင်မည်ဟု ကနေဒါ ဝန်ကြီးချုပ် ဆို

အမေရိကန် သမ္မတ ထရမ့် (အလယ်) က ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန်သို့ ရောက်ရှိလာသော ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုအား ရင်ဆိုင်ရန်အတွက် ကနေဒါအနေဖြင့် ကမ္ဘာ့ဒေသအသီးသီး ကုန်သွယ်ရေးမိတ်ဖက်များနှင့် ဆက်ဆံရေးအား မြှင့်တင်သွားမည်ဟု ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီက ဇူလိုင် ၁၀ ရက် ညပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်ခဲ့သည်။
အစောပိုင်းတွင် ထရမ့်က ဩဂုတ် ၁ ရက်မှစ၍ ကနေဒါမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာခဲ့သည်။ ၎င်းက ထိုနေ့တွင် လူမှုမီဒီယာပလက်ဖောင်း “Truth Social” တွင် မာ့ခ်ကာနီအား ပေးပို့သည့် စာလွှာကို ထုတ်ပြန်၍ အမေရိကန် ထိုမတိုင်မီ ကောက်ခံသော စည်းကြပ်ခွန် အပေါ် ကနေဒါက လက်တုံ့ပြန်မှုကို ဝေဖန်ခဲ့သည်။
လက်ရှိအမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုတွင် ကနေဒါအစိုးရက မိမိနိုင်ငံ အလုပ်သမားများနှင့် လုပ်ငန်းကုမ္ပဏီများ၏ အကျိုးစီးပွားအား အစဉ်အမြဲခိုင်မာစွာ ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ “ကျွန်တော်တို့ ဒီတိုင်းဆက်လက်လုပ်သွားပြီး ဩဂုတ် ၁ ရက် ဆိုတဲ့ နောက်ဆုံးအကန့်အသတ်အချိန်အထိ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု မာ့ခ်ကာနီက လူမှုမီဒီယာ၌ တုံ့ပြန်ပြောကြားခဲ့သည်။
ကနေဒါ ဖက်ဒရယ်အစိုးရ၊ ပြည်နယ်နှင့် ဒေသအသီးသီးက အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသော အရေးကြီးစီမံကိန်းများစွာ အသစ်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာ့ဒေသအသီးသီး ကုန်သွယ်ရေးမိတ်ဖက်နှင့် ဆက်ဆံရေးအား မြှင့်တင်လျက်ရှိကြောင်း မာ့ခ်ကာနီက ပြောကြားခဲ့သည်။
စည်းကြပ်ခွန်အသစ် ကောက်ခံရခြင်း၏ အချို့တစ်ဝက်အကြောင်းရင်းမှာ Fentanyl များ ကနေဒါမှ အမေရိကန်သို့ စီးဝင်မှုကြောင့်နှင့် “မမျှတသော ကုန်သွယ်မှု လုပ်ဆောင်ချက်” ကြောင့်ဖြစ်ကြောင်း၊ ကနေဒါနှင့် အမေရိကန်တို့ ပူးပေါင်း၍ Fentanyl စီးဝင်မှုကို တားဆီးမည်ဆိုပါက ၎င်းအနေဖြင့် စည်းကြပ်ခွန်အား ညှိနှိုင်းရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ကနေဒါနှင့် အမေရိကန်တို့သည် G7 ထိပ်သီးအစည်းအဝေးပြီးနောက်မှသာ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု စတင်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းရန်အကန့်အသတ်အဖြစ် ရက် ၃၀ သတ်မှတ်ထားသော်ငြားလည်း နှစ်ဖက်က လတ်တလောကာလအတွင်း ကြီးမားသည့်ထိုးဖောက်မှု ရရှိလိမ့်မည်မဟုတ်ဟု ခန့်မှန်းရကြောင်း ကနေဒါ ဒေသတွင်းမီဒီယာများက ဇူလိုင် ၁၀ ရက်တွင် သတင်းဖော်ပြကြသည်။
ကနေဒါက အမေရိကန် သိပ္ပံနည်းပညာကုမ္ပဏီများအား ဦးတည်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်အား ခိုင်မာစွာလုပ်ဆောင်ခဲ့သဖြင့် အမေရိကန်က ကနေဒါနှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု အားလုံးအား ချက်ချင်းရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ထရမ့်က ဇွန်လ လကုန်ပိုင်းတွင် ကြေညာခဲ့သည်။ ထို့နောက် ကနေဒါအစိုးရက အဆိုပါစည်းကြပ်ခွန်အား ပယ်ဖျက်လိုက်ပြီး ညှိနှိုင်းဆွေးနွေးမှု ပြန်လည်စတင်ခဲ့သည်။ အဆိုပါအကောက်ခွန်အား ပယ်ဖျက်ခြင်းသည် အမေရိကန်နှင့် နောက်ဆုံးသဘောတူညီချက်အတွက် “ပိုမိုပမာဏကြီးမားသည့် ညှိနှိုင်းဆွေးနွေးမှု” လုပ်ဆောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မာ့ခ်ကာနီက ထိုစဉ်က ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
加总理表示将加强全球贸易应对美关税威胁
新华社渥太华7月10日电(记者林威)加拿大总理卡尼10日晚对美国总统特朗普新的关税威胁作出回应,表示将加强与世界各地贸易伙伴的关系,以应对美方关税威胁。
稍早前,特朗普宣布将自8月1日起对从加拿大进口的商品征收35%的关税。他当天在社交媒体平台“真实社交”上发布致卡尼的信函,批评加拿大对美国此前征收的关税进行报复。
卡尼在社交媒体上回应说,在当前与美国的贸易谈判中,加拿大政府一直坚定维护本国工人和企业的利益。“我们将继续这样做,并朝着8月1日这一最后期限努力。”
卡尼还说,加拿大联邦政府、各省和地区准备新建一系列符合国家利益的重大项目,并正在加强与世界各地贸易伙伴的关系。
特朗普表示,征收新关税的部分原因是芬太尼从加拿大流入美国以及“不公平贸易行为”,若加拿大与美国合作阻止芬太尼的流入,他将考虑调整关税。
据加拿大当地媒体10日报道,尽管加拿大与美国在七国集团峰会后开始贸易谈判并设定了30天的谈判期限,但预计双方近期不会取得任何重大突破。
特朗普6月底宣布,由于加拿大坚持推出针对美国科技公司的数字服务税,美国决定立即停止与加拿大的所有贸易谈判。加拿大政府随后取消了该税,重启谈判。卡尼当时表示,取消该税是与美国就最终协议进行“更大规模谈判”的一部分。(完)
图说:5月6日,美国总统特朗普(中)在华盛顿白宫迎接到访的加拿大总理卡尼。新华社记者胡友松 摄