North America
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းအများအပြား စတင်လျှော့ချဟု အမေရိကန်မီဒီယာများ ဆို

နယူးယောက်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင် ၁၁ ရက်မှစ၍ ဝန်ထမ်းအများအပြား လျှော့ချခဲ့ရာ ပထမဆုံးအသုတ်တွင် လူ ၁,၃၅၀ ကျော် အလုပ်ဖြုတ်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာအများအပြား၏ သတင်းဖော်ပြချက်အရ သိရသည်။
ပထမဆုံးအသုတ် အလုပ်ဖြုတ်မည့်သူများတွင် အမေရိကန်ပြည်တွင်း၌ အလုပ်လုပ်ကိုင်သူ အစိုးရဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးရာဝန်ထမ်း ၂၄၆ ဦးပါဝင်ကြောင်း အမေရိကန်မီဒီယာက အတွင်းပိုင်း အသိပေးကြေညာချက်တစ်ခုကို ကိုးကား၍ သတင်းဖော်ပြထားသည်။ အလုပ်ဖြုတ်ခံရသည့်ဝန်ထမ်းသည် အီးမေးလ်မှတစ်ဆင့် အသိပေးချက်တစ်ခု လက်ခံရရှိမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမေရိကန်ပြည်တွင်း၌ အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းပေါင်း ၁၈,၀၀၀ ခန့်အနက် နောက်ဆုံးတွင် လူ ၃,၀၀၀ နီးပါး အလုပ်ဖြုတ်လျှော့ချခံရမည်ဖြစ်ပြီး ၎င်းအနက် မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအနေဖြင့် သံတမန်ရေး ဦးစားပေးလုပ်ငန်းများတွင် အာရုံစိုက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများ ကောင်းမွန်လာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းလျှော့ချသည့်လုပ်ငန်းသည် အသေးစိတ် စီစဉ်ရေးဆွဲထားခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်ချက်မဟုတ်သော၊ ထပ်ခါတလဲလဲ ထူထောင်ထားသော သို့မဟုတ် အပိုဖြစ်နေသော လုပ်ငန်းဌာနများနှင့် လုပ်ငန်းတာဝန်များကို တစ်စုတစ်စည်းတည်း ပေါင်းစုခြင်း သို့မဟုတ် ပေါင်းစပ်၍ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းတွင်ကျယ်မှုအား အများအပြားမြှင့်တင်နိုင်သည့် လုပ်ငန်းဌာနများကိုသာ ရည်ရွယ်ကြောင်း အဆိုပါအသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအကြိမ် ဝန်ထမ်းလျှော့ချမှုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလတွင် စတင်သည့် ပြန်လည်ဖွဲ့စည်း၍ ပြုပြင်ပြောင်းလဲသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အကြောင်းအရာများတွင် လုပ်ငန်းဌာန ၁၃၂ ခုအား လျှော့ချပယ်ဖျက်ခြင်းနှင့် လုပ်ငန်းဌာန ၁၃၇ ခုအား ရုံးခန်းလိပ်စာရွှေ့ပြောင်းခြင်းတို့လည်း ပါဝင်ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပမာဏနှင့် အသုံးစရိတ်သည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း အများအပြား တိုးပွားလာကြောင်း၊ ၎င်းကို သမ္မတ ထရမ့်၏ “အမေရိကန် ဦးစားပေးမှု” လုပ်ငန်းစဉ်နှင့် ပိုမိုကိုက်ညီစေရန် အသေးစိတ်လျှော့ချ၍ ပြန်လည်ဖွဲ့စည်းမှု လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့ဖူးသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ထရမ့်က အမိန့်ကြေညာချက်အား လက်မှတ်ထိုးထုတ်ပြန်၍ ဖက်ဒရယ်အစိုးရတွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချမှု လုပ်ဆောင်ခဲ့ရာ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနနှင့် ဖက်ဒရယ်အဖွဲ့အစည်း ၁၀ ခုကျော်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
美媒:美国务院开始大规模裁员
新华社纽约7月11日电(记者夏林)据多家美国媒体报道,美国务院11日开始大规模裁员,首批将解雇1350多人。
美国媒体援引一份内部通知报道,首批解雇对象包括在美国国内工作的1107名公务员和246名外事人员。被裁撤员工将通过电子邮件接到一份通知。美国务院在国内工作的大约1.8万名员工中,最终将有近3000人被裁撤,其中包括自愿离职者。与此同时,美国务院将优化国内机构,使其专注于外交工作优先事项。
通知说,裁员工作经过仔细谋划,只针对美国务院的非核心功能、重复设立或冗余的处室,以及通过集中化或合并管理其职能可大幅提升工作效率的处室。
据美国媒体报道,这次裁员是美国务院今年4月启动的重组改革的一部分,内容还包括裁撤132个处室和对137个处室进行办公地址迁移。美国务卿鲁比奥曾说,国务院的规模和开支在过去15年飙涨,有必要精简、重组,让其更符合总统特朗普的“美国优先”议程。
今年2月,特朗普签署行政命令推进联邦政府大规模减员,涉及农业部、商务部、卫生与公众服务部、国务院、财政部、退伍军人事务部等部门以及十多个联邦机构。(完)
图说1、2:这是7月11日在美国首都华盛顿拍摄的美国国务院外景。新华社记者 胡友松 摄