Connect with us

Africa & Middle East

ဂါဇာဒေသ၌ အကူအညီရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါး ရှိလာဟု ကုလသမဂ္ဂ ဆို

ပါလက်စတိုင်းပြည်သူများက ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့၌ ကူညီရေးပစ္စည်းများ ရယူနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ရက်သတ္တပတ် ၆ ပတ်အတွင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ၌ အကူအညီပစ္စည်းရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါးရှိလာကြောင်း၊ ၎င်းအနက် အများစုသည် အမေရိကန်နှင့် အစ္စရေးပံ့ပိုးပေးသည့် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၇ ရက်အထိ OHCHR က မှတ်တမ်းတင်မှုအရ လူ ၇၉၈ ဦး သတ်ဖြတ်ခံရပြီး ၎င်းအနက် ၆၁၅ ဦးသည် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကာ အခြား ၁၈၃ ဦးကမူ ကူညီရေးပစ္စည်း ပို့ဆောင်သည့် ကားအဖွဲ့ မောင်းနှင်ရာ လမ်းကြောင်းတစ်လျှောက်၌ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သံသယရှိကြောင်း OHCHR ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ထို‌နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ သေဆုံးမှုအများစုသည် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဂါဇာဒေသပြည်သူအများစုသည် “သေနတ်အပစ်ခံရင်ခံ၊ မဟုတ်ရင်အငတ်ခံ” ဟူသော ရက်စက်သည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါအခြေအနေသည် လက်ခံနိုင်ဖွယ်မရှိသော်လည်း အဆက်မပြတ် ဖြစ်ပွားလျက်ရှိကြောင်း Ravina Shamdasani က အလေးထားပြောကြားခဲ့သည်။

မေ ၂၇ ရက်မှစ၍ “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် ကုလသမဂ္ဂအဖွဲ့အစည်းကို ဖယ်ရှောင်ကာ ဂါဇာကမ်းမြောင်ဒေသ အကူအညီပစ္စည်းများ ခွဲဝေမှုကို တစ်ဖက်သတ် “လက်လွှဲရယူ” ခဲ့သည်။ အဆိုပါ ပုဂ္ဂလိကအဖွဲ့အစည်း သတ်မှတ်ထားသည့် ပစ္စည်းများ ခွဲဝေရာနေရာ အနီးတစ်ဝိုက်၌ အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အကူအညီပစ္စည်း ရယူသူများ သေဆုံးသည့်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများ ပြောကြားချက်နှင့် ဘက်ပေါင်းစုံ၏ သတင်းများအရ သိရသည်။
အရပ်သားများသည် အစ္စရေးစစ်တပ်အပေါ် ခြိမ်းခြောက်မှုမရှိသည့်တိုင် အစ္စရေးစစ်သားများသည် အမိန့်ကိုလက်ခံရရှိပြီးနောက် အကူအညီပစ္စည်းများ ရယူရန် စောင့်ဆိုင်းနေသည့်လူအုပ်ထံသို့ အကြိမ်များစွာ “တမင်” သေနတ်ဖြင့်ပစ်ခဲ့ကြောင်း အစ္စရေး “Haaretz” သတင်းစာက ဇွန် ၂၇ ရက်တွင် အမည်မဖော်ပြလိုသည့် အစ္စရေးစစ်သားများစွာ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးတပ်ဖွဲ့ စသည်တို့က သက်ဆိုင်ရာစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် အကူအညီပစ္စည်းများ ခွဲဝေပေးရာနေရာကို အစ္စရေးစစ်တပ် လှုပ်ရှားသည့်ဒေသအတွင်း သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂဘက်က အဆိုပါကူညီမှုပုံစံသည် စီစဉ်ရေးဆွဲမှုအနေအထားကပင် လုံခြုံမှုမရှိသည့်အပြင် လူသားချင်းစာနာမှုအကူအညီ၏ ကြားနေသည့် အခြေခံမူကို ချိုးဖောက်နေကြောင်း အကြိမ်များစွာ ဝေဖန်ခဲ့ဖူးကြောင်း မီဒီယာများက သတင်းဖော်ပြကြသည်။

“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” လည်ပတ်မှု ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ ပရဟိတအဖွဲ့အစည်းနှင့် လူသားချင်းစာနာမှုအဖွဲ့ပေါင်း ၁၆၅ ဖွဲ့ကျော်က ဇူလိုင် ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အကူအညီပေးသည့်ခေါင်းစဉ်ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် အကြမ်းဖက်မှုများအား ပြုလုပ်နေသဖြင့် ရာနှင့်ချီသော အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးရကြောင်း ပြောဆိုခဲ့ကြသည်။ (Xinhua)

———————-
(Chinese Version)
联合国:加沙已有近800人在试图领取援助时遇害
新华社日内瓦7月11日电(记者石松)联合国人权事务高级专员办事处11日发布消息说,过去6周,巴勒斯坦加沙地带已有近800人在试图领取援助物资时遇害,其中绝大多数死在美国和以色列支持的“加沙人道主义基金会”物资分发点附近。
联合国人权高专办发言人拉维娜·沙姆达萨尼当天在瑞士日内瓦举行的一场记者会上说,截至7月7日,人权高专办记录到798人遭杀害,其中615人是在“加沙人道主义基金会”援助物资分发点附近遇害,另外183人疑似是在援助车队行驶沿线被杀。她表示,大多数死亡由枪击造成。
沙姆达萨尼强调,加沙民众正面临“要么挨枪子、要么挨饿”的残酷选择。这种情况不可接受,却仍在持续发生。
5月27日以来,“加沙人道主义基金会”绕开联合国机构,单方面“接管”加沙地带援助物资分发。依据目击者描述和多方消息,该私营组织设立的分发点附近频频发生以色列军人开枪打死领取救济物资者的事件。
以色列《国土报》6月27日援引多名匿名以军士兵的话报道,以军士兵多次在接到命令后“故意”向等待领取援助物资的人群开枪,即便这些平民显然没有对以军构成威胁。以总理内塔尼亚胡、国防军等否认相关指控。
据媒体报道,“加沙人道主义基金会”把援助物资分发点设在以军行动区域。联合国方面多次批评这一援助模式从设计上就不安全,且违反人道主义援助的中立原则。
超过165个国际慈善组织和人道主义团体7月1日发表联合声明,要求“加沙人道主义基金会”立即停止运转,指认该组织打着援助的旗号制造混乱和暴力,导致数以百计无辜平民遇害。(完)
图说:6月26日,巴勒斯坦人在加沙城领取援助物资。新华社发(里泽克·阿卜杜勒贾瓦德摄)