မြန်မာ-中文
ဘီလျံနာများ၏ အာဏာကစားပွဲ- “အမေရိကပါတီ” နောက်ကွယ်က အမေရိကန်နိုင်ငံရေးအကျပ်အတည်းအား ဖော်ထုတ်ခြင်း

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
“တတိယမြောက် နိုင်ငံရေးပါတီကို တည်ထောင်လိုက်တာက သိပ်ကို အဓိပ္ပါယ်မဲ့တယ်” ဟုအမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်မီတစ်ရက်က အမေရိကန် ဘီလျံနာ အီလွန်မက်စ်က ထရမ့် အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေမူကြမ်းကို မကျေနပ်ခြင်းကြောင့် လူမှုကွန်ရက်မီဒီယာတွင် နိုင်ငံရေးပါတီသစ် “အမေရိကပါတီ” တည်ထောင်ကြောင်း ကြေညာခဲ့သည်။
အီလွန်မက်စ်နှင့် ထရမ့်သည် ရင်ချင်းဆက် ရင်းနှီးရာမှ မိတ်ပျက်သည်အထိ ဖြစ်လာရခြင်းမှာ နိုင်ငံရေးအာဏာ၊ စီးပွားရေးအကျိုးစီးပွား စသည့် စမ်းသပ်မှုများကြောင့် ဖြစ်ကြောင်း အမေရိကန် မီဒီယာနှင့် ပညာရှင်များက ထောက်ပြကြသည်။ အမေရိကန်နိုင်ငံ ပါတီဂိုဏ်းဂဏများ၏ နိုင်ငံရေး အလွန်အမင်း အစွန်းရောက် ထိပ်တိုက်ရင်ဆိုင်မှုများ နောက်ခံအခြေအနေအောက်တွင် အီလွန်မက်စ်၏ ပါတီသစ် မည်သို့အလားအလာရှိမည်ဆိုသည်မှာ ခန့်မှန်းရခက်သော်လည်း သေချာသည်မှာ ဤအကျိုးစီးပွား မတူညီကြသည့် အစုအဖွဲ့များအကြားက “အာဏာကစားပွဲ” သည် အမေရိကန်နိုင်ငံရေး စဉ်ဆက်မပြတ် အစွန်းရောက်အသွင်နှင့် ရှုပ်ထွေးသည့်ဖြစ်ရပ်မှန်ကို ထင်ဟပ်ပြသနေပေသည်။
“အာဏာကစားပွဲ” နောက်ကွယ်က အကျိုးစီးပွားအငြင်းပွားမှု
ထရမ့်နှင့် အီလွန်မက်စ်ကို အမေရိကန်တွင် “ဩဇာအရှိဆုံးသော ဘီလျံနာ နှစ်ဦး” အဖြစ် မှတ်ယူကြသည်။ တစ်နှစ်မပြည့်မီကာလအတွင်း ၎င်းတို့နှစ်ဦးသည် မဟာမိတ်မှ မိတ်ပျက်သည့်အဆင့်သို့ လျှောက်လှမ်းခဲ့သည်။
ယမန်နှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း အီလွန်မက်စ်က ထရမ့်အတွက် ဧရာမများပြားသော ငွေကြေးပံ့ပိုးမှုများပေးခဲ့ပြီး ထရမ့်က ယခုနှစ် နှစ်ဆန်းပိုင်းတွင် သမ္မတရာထူးတာဝန်ထမ်းဆောင်ပြီးချက်ချင်းတွင်ပင် အီလွန်မက်စ်အား အမေရိကန် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) တာဝန်ခံအဖြစ် အရေးကြီးတာဝန်ပေးခဲ့သည်။
သို့သော် မကြာမီတွင်ပင် အီလွန်နှင့် ထရမ့်အစိုးရအဖွဲ့ အဓိကအဖွဲ့ဝင်များအကြား ပြင်းပြင်းထန်ထန် အငြင်းအခုန်ဖြစ်ကြသည့် ကိစ္စပေါ်လာခဲ့သည်။ ၎င်းသည် မေလတွင် အမေရိကန် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) နုတ်ထွက်ခဲ့ပြီး မိမိသည် ထရမ့်အစိုးရ၏ “ဓားစာခံ” ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာမီတွင်ပင် ၎င်းတို့နှစ်ဦးသည် “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေကြမ်းကြောင့် လူသိရှင်ကြား “အပြန်အလှန် ဝေဖန်တိုက်ခိုက်” ခဲ့ကြသည်။
ထရမ့်နှင့် အီလွန်မက်စ်သည် ကနဦးက ကြီးကြပ်စီမံမှု ဖြေလျှော့ရေး စသည့် ကိစ္စရပ်များ၌ ရပ်တည်ချက်တူ၍ မဟာမိတ်ဖွဲ့ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အာဏာနှင့် အကျိုးစီးပွား ပိုမိုရရှိရန် နှစ်ဖက်စလုံးက မျှော်လင့်ကြကြောင်း၊ သို့သော် အစိုးရ၏သုံးငွေ၊ စွမ်းအင်သစ်တိုးတက်ရေး စသည့် ကိစ္စရပ်များတွင် ကွဲလွဲမှု အလွန်ကြီးမားခဲ့ခြင်းကြောင်း နှစ်ယောက်သား နောက်ဆုံးတွင် ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် လူထုအမြင်က ထောက်ပြထားသည်။
အီလွန်မက်စ်သည် ဇူလိုင် ၅ ရက်က လူမှုကွန်ရက်မီဒီယာတွင် သိပ္ပံနည်းပညာလုပ်ငန်းရင်းနှီးမြှုပ်နှံသူတစ်ဦး၏ “အမေရိက ပါတီ” မူဘောင်ဆိုင်ရာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားပြီး သဘောတူညီကြောင်း ပြောကြားခဲ့သည်။ ယင်းပို့စ်တွင် အဓိကဖော်ပြထားသော အကြောင်းအရာတွင် ဉာဏ်ရည်တုနှင့် စက်ရုပ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနည်းပညာလုပ်ငန်း အားပေးရေး၊ စွမ်းအင်ကဏ္ဍလုပ်ငန်းများ၏ ကြီးကြပ်မှု လျှော့ချရေး စသည်တို့ ပါဝင်သည်။
နှစ်ယောက်တိုက်ခိုက်မှုသည် “ဤကဲ့သို့ လျင်မြန်၍ ပြင်းပြင်းထန်ထန်” တိုးတက်လာခဲ့ရာ ယင်းအတိုင်းအတာမှာ အံ့ဩဖွယ်ကောင်းကြောင်း အမေရိကန်မီဒီယာများက သုံးသပ်ဖော်ပြထားသည်။
အီလွန်မက်စ်သည် အိမ်ဖြူတော်တွင် သိပ္ပံနည်းပညာကဏ္ဍ၏ ဦးဆောင်မှုနည်းဗျူဟာကို အသုံးချရန် ကြိုးပမ်းခြင်းကြောင့် ၎င်းနှင့် ထရမ့်အစိုးရကြား အာဏာလု အားပြိုင်မှု ဖြစ်ပွားခဲ့ကြောင်း The Business Insider ဝက်ဘ်ဆိုက်က ယူဆသည်။
ထရမ့်အစိုးရက အီလွန်မက်စ်ကို အသုံးချ၍ “စက်ဆုပ်ဖွယ်အလုပ်” များ လုပ်ကိုင်စေခဲ့ပြီး အီလွန်မက်စ်က အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် ထရမ့်အစိုးရ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရာ ထို့ကြောင့် ငဲ့ညှာမှု အလျင်းမရှိ စွန့်ပယ်ခံရခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံရေးပညာရှင် Francis Fukuyama က ပြောကြားခဲ့သည်။
အာဏာလွန်ဆွဲမှု၏ နောက်ကွယ်က အကျိုးစီးပွား အငြင်းပွာမှုသာဖြစ်ကြောင်း ပညာရှင်များက ယူဆကြသည်။
အီလွန်မက်စ်အနေဖြင့် “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေကြမ်းကို မကျေနပ်ရခြင်းမှာ ၎င်းက စွမ်းအင်သစ်မော်တော်ယာဉ် ထောက်ပံ့ကြေးများကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ထရမ့်က တိုက်ရိုက်ပြောကြားခဲ့သည်။
ထို့အပြင် ဘဏ္ဍာရေးအခွန်အခ စသည့် ပြဿနာများကြောင့် အီလွန်မက်စ်သည် ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် အကြီးအကျယ် အငြင်းပွားခဲ့ဖူးသလို H-1B ဗီဇာ စသည့် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်ကြောင့် လက်ယာစွန်းရောက်အင်အား ကိုယ်စားလှယ်၊ အိမ်ဖြူတော် “ဗျူဟာမှူးဟောင်း” Steve Bannon နှင့် ရေရှည်မသင့်မမြတ် ဖြစ်ခဲ့ရကြောင်း ထုတ်ဖော်ပြောခံခဲ့ရသည်။
ထရမ့်နှင့် အီလွန်မက်စ်သည် အကျိုးစီးပွားကြောင့် အတူလျှောက်လှမ်းခဲ့ကြသော်လည်း ဤ “ချစ်ကြည်ရေး”တွင် အက်ကြောင်း ရှိကြောင်း၊ ဘက်ပေါင်းစုံ၏ ဖိအားအောက်တွင် အပြန်အလှန်အမုန်းပွားမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ သူကြွယ်နှစ်ဦး မဟာမိတ်၏ အကျိုးစီးပွား ပဓာနနှင့် ထိလွယ်ရှလွယ်မှုကို ပေါ်လွင်စေခဲ့ကြောင်း ယူအေအီး ပညာရှင်အဖွဲ့ အနာဂတ် အဆင့်မြင့်သုတေသနဌာနစင်တာ၏ ဆောင်းပါးတွင် သုံးသပ်ထားသည်။
ပါတီအသစ်တည်ထောင်မှုက အပြောသာလွယ်၍ လုပ်ဆောင်ရန် ခက်ခဲ
ထရမ့်နှင့်ဆက်ဆံရေး ပျက်ပြားလာသည်နှင့်အမျှ အီလွန်မက်စ်သည် တတိယပါတီတည်ထောင်ရန် အတွေးကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေကြမ်းကို လွှတ်တော်၌ အတည်ပြု၍ ထရမ့်က လက်မှတ်ရေးထိုးပြီးနောက် အီလွန်မက်စ်က “အမေရိကပါတီ (America Party)” တည်ထောင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ “ဒီနေ့ ‘အမေရိကပါတီ’ တည်ထောင်မှုက သင်တို့ကို လွတ်လပ်မှုတွေ ပြန်လည်ပေးအပ်ပါမယ်” ဟု အီလွန်မက်စ်က ဇူလိုင် ၅ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အီလွန်မက်စ်က ဇူလိုင် ၄ ရက်တွင် ၎င်းထိန်းချုပ်ထားသည့် လူမှုမီဒီယာပလက်ဖောင်း၌ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူခဲ့ရာ ပါဝင်မဲပေးသည့် အင်တာနက်အသုံးပြုသူ ၁.၂၄၉ သန်းတွင် “အမေရိကပါတီ” တည်ထောင်မှုကို ထောက်ခံအားပေးသူ အချိုးအဆသည် ၆၅.၄ ရာခိုင်နှုန်းရှိသည်။ အီလွန်မက်စ်က ဇွန်လအစောပိုင်း၌ လုပ်ဆောင်ခဲ့သည့် အွန်လိုင်းပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုတွင်မူ ၂၄ နာရီအတွင်း မဲပေးသူအကြိမ်ရေ ၅.၅ သန်းကျော်ရှိခဲ့ပြီး ၎င်းအနက် ၈၀.၅ ရာခိုင်နှုန်းက တတိယပါတီ တည်ထောင်ရန် ထောက်ခံအားပေးခဲ့သည်။
အမေရိကန်၌ မဲဆန္ဒရှင်များက ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်လုံးအပေါ် ကျေနပ်မှု မရှိသော်လည်း တတိယရွေးချယ်ချက်လည်း မရှိကြောင်း၊ အဓိကအကြောင်းရင်းမှာ နိုင်ငံရေးဂေဟအခြေအနေနှင့် ရွေးကောက်ပွဲစနစ်အရဆိုရလျှင် အမေရိကန်၌ ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ရပ်အပြင် အတိုက်အခံလုပ်နိုင်သည့် တတိယမြောက် နိုင်ငံရေးပါတီ ပေါ်ထွက်လာရန် ခက်ခဲမှုကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။
အမေရိကန်တွင် လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်မှာ တတိယပါတီ ပေါ်ထွက်လာမှုအား များစွာ ကန့်သတ်ထားသည်။ ပြည်နယ်အားလုံး၏ဥပဒေများသည် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ဟူသည့် နိုင်ငံရေးပါတီကြီးနှစ်ရပ်အပေါ် အလေးသာနေပြီး တတိယပါတီပေါ်ထွက်လာမှုအတွက် အတတ်နိုင်ဆုံး အတားအဆီးများ လုပ်ဆောင်ထားသည်ဟု အမေရိကန် ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင် ဘရက် ခက်ပါလ်က ပြောကြားခဲ့သည်။
ဥပမာအားဖြင့် အမေရိကန် ပြည်နယ်အများအပြားတွင် “ရှုံး၍မရသော ရှုံးနိမ့်သူများ” သတ်မှတ်ချက်ရှိသည်။ ၎င်းမှာ ကနဦးရွေးကောက်မှု၌ ရှုံးနိမ့်ခဲ့သည့်ဒေသ၊ ပြည်နယ်နှင့် ဖက်ဒရယ်အစိုးရဝန်ထမ်း လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းသည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သို့မဟုတ် အခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိခြင်းပင်ဖြစ်သည်။ အဆိုပါပြည်နယ်ဥပဒေများသည် အများအားဖြင့် ၁၉၆၅ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်အတွင်း အတည်ပြုခဲ့ခြင်းဖြစ်ကာ ဥပဒေပြုသည့်အချိန်မှစ၍ တတိယပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ပါဝင်ရွေးကောက်ယှဉ်ပြိုင်မှုအတွက် တောင်းဆိုချက်နှင့် ဆုံးရှုံးနိုင်သည့် အရင်းအနှီးအား မြှင့်တင်ခြင်းဖြင့် ပါတီကြီးနှစ်ရပ်၌ မည်သည့်ပါတီ အုပ်ချုပ်သည်ဖြစ်စေ အသွင်သာပြောင်း၍ အနှစ်သာရပြောင်းလဲမှုမရှိသည့် နိုင်ငံရေးဖွဲ့စည်းပုံအား ခိုင်မြဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။
မဲပေးပိုင်ခွင့်အား ကန့်သတ်ထားသည့် ဥပဒေပေါင်း ဒါဇင်ချီခြင်း၊ “အနိုင်ရရှိသူက အားလုံးကိုရရှိခြင်း” ဟူသည့် သမ္မတနှင့် ဒုသမ္မတရွေးချယ်ရန်အတွက် ပြည်နယ်အသီးသီးက ပေးပို့သောကိုယ်စားလှယ်များ (Electoral College) စနစ်၊ တင်းကျပ်၍ ကန့်သတ်ချက်များရှိသော နိုင်ငံတစ်ဝန်း အချေအတင်ဆွေးနွေးမှု၌ ပါဝင်ခွင့်…အမေရိကန်၏ အဆိုပါ အရိုးစွဲနေသော စနစ်ပုံစံအတားအဆီးများသည် အီလွန်မက်စ် တည်ထောင်သော “အမေရိကပါတီ” ကို ကျဉ်းထဲကျပ်ထဲ ကျရောက်စေဦးမည်သာဖြစ်သည်ဟု အမေရိကန် “Newsweek” ဂျာနယ်က ထောက်ပြထားသည်။
ငွေကြေးသည်လည်း တတိယပါတီကို အကန့်အသတ်ဖြစ်စေသည့် အရေးကြီးအကြောင်းအချက် ဖြစ်ပေသည်။ “တတိယပါတီတစ်ခု တည်ထောင်ပြီး ရွေးကောက်ပွဲမှာပါဝင်ဖို့အတွက် တောင်းဆိုချက် အလွန်မြင့်မားပါတယ်။ အဆက်မပြတ်ရရှိနိုင်တဲ့ အရင်းအနှီးငွေရှိမယ်ဆိုရင် ဒါက အကောင်အထည် ပေါ်လာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်အကြာကြီးနဲ့ ငွေကြေးအများအပြား ကုန်ကျရလိမ့်မယ်” ဟု ဘရက် ခက်ပါလ်က ပြောကြားခဲ့သည်။
သို့သော် အီလွန်မက်စ်သည် အကြီးစား လူမှုမီဒီယာပလက်ဖောင်းအား ပိုင်ဆိုင်ထားသူအနေဖြင့် အမေရိကန်၏ အခြားသော ပါတီအသေးများ သို့မဟုတ် သမိုင်းတွင်ရှိခဲ့သော တတိယနိုင်ငံရေးပါတီများထက်စာလျှင် ၎င်း၏တစ်မူထူးခြားသော အားသာချက်ဖြစ်သည့် ကျော်ကြားမှုနှင့် လူအများစိတ်ဝင်စားမှုကို ပိုင်ဆိုင်ထားသည်။ တစ်ချိန်တည်းတွင် အီလွန်မက်စ်က “အမေရိကပါတီ” ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း သေချာရှင်းလင်းစွာ သိရှိထားသည်။ ၎င်းက ပို့စ်တစ်ခုတွင် “အမေရိကပါတီ” ၏ “လမ်းပြမြေပုံ” ကို တင်ပြခဲ့သည်။ ယင်းမှာ အထက်လွှတ်တော်အမတ်နေရာ ၂ နေရာမှ ၃ နေရာနှင့် အောက်လွှတ်တော်အမတ်နေရာ ၈ နေရာမှ ၁၀ နေရာအထိ ယှဉ်ပြိုင်ရယူရန်အတွက် အရင်းအမြစ်များအား တစ်စုတစ်စည်းတည်း ဦးစားပေး အသုံးပြုမည် ဟူ၍ပင် ဖြစ်သည်။ “အမေရိကပါတီ” ၏ အနာဂတ်အလားအလာ မသေချာမရေရာသေးသော်လည်း လာမည့်နှစ် ကာလလတ် ရွေးကောက်ပွဲအတွက် အခြေအနေရှုပ်ထွေးမှု ဖြစ်လာစေနိုင်သည်ဟု အမေရိကန်မီဒီယာများက ယူဆကြသည်။
အီလွန်မက်စ်၏ “အမေရိကပါတီ” သည် ဆီလီကွန်ဗယ်လီ သိပ္ပံနည်းပညာ လစ်ဘရယ်ဝါဒီသမားများ၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်ပြီး ၎င်း၏ ရပ်တည်ချက်သည် အမေရိကန်ပြည်သူအများစု အထူးသဖြင့် အလုပ်သမားလူတန်းစားနှင့် တောင်သူ မဲဆန္ဒရှင်များ၏ လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည်မဟုတ်ကြောင်း အမေရိကန် “Newsweek” ဂျာနယ်က ယူဆထားသည်။
“အမေရိကပါတီ” ၏ အကြီးမားဆုံးပြဿနာမှာ “ပြည်သူများရဲ့ ပြောင်းလဲမှုအပေါ် ပြင်းပြင်းပြပြ တောင့်တလိုအပ်မှုကို အစစ်အမှန် သတိပြုမိနိုင်ရန် ခဲယဉ်းမှု” ဖြစ်ပြီး ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်ကမူ ဆန္ဒမဲများ ခွဲဝေရယူသွားခံရမည်ကို ကာကွယ်ရန်အတွက် “အမေရိကပါတီ” ၏ အချို့သော နိုင်ငံရေးရပ်တည်ချက်တွေကို “လက်ခံရယူခြင်းကနေ ခိုးယူခြင်းအထိ” လုပ်ဆောင်နိုင်ပြီး ၎င်းရှင်သန်ရပ်တည်ရန် အနေအထားကို ဖိနှိပ်နိုင်သည်ဟု အမေရိကန် Valdosta State တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘာနက် တာလ်မက်စ်က ယူဆထားသည်။
အမေရိကန် နိုင်ငံရေးစနစ်၏ “လမ်းပိတ် အကျပ်အတည်း”
သိသာပေါ်လွင်စေပြီး “အမေရိက ပါတီ” ၏ မျက်နှာပူဖွယ် အလားအလာမှာ အမေရိကန် နိုင်ငံရေးစနစ် “ထွက်လမ်းမရှိသော လမ်းပိတ်” သို့ ရောက်ရှိသွားခြင်း၏ ထင်ရှားသောသက်သေဖြစ်သည်။
အမေရိကန်သမိုင်းကြောင်းမှ ကြည့်လျှင် အဓိကပါတီနှစ်ခုအပြင် လစ်ဘရယ်ပါတီ၊ ဂရင်းပါတီ စသည့် နားစွန်နားဖျားနိုင်ငံရေးပါတီများသည် ဆယ်စုနှစ်ကြာ တည်ရှိခဲ့ပြီးဖြစ်ရာ ယင်းတို့သည်လည်း ဖက်ဒရယ်နှင့် ပြည်နယ်အဆင့် ရွေးကောက်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်သာမက သမ္မတရွေးကောက်ခြင်းအထိပင် သမ္မတလောင်းတင်မြှောက်ခဲ့ဖူးသည်။ သို့သော် ရရှိနိုင်သော ဆန္ဒမဲမှာ လွန်စွာ အကန့်အသတ်ရှိ၍ အဓိကပါတီနှစ်ခု၏ လက်ဝါးကြီးအုပ်သည့် အနေအထားကို မထိုးဖောက်နိုင်ခဲ့ပေ။ အမေရိကန်တွင် တတိယပါတီ အောင်မြင်စွာ ထူထောင်ရန်မှာ “ခဲယဉ်း၍ ဖြစ်နိုင်ခြေမရှိသလောက်” ဖြစ်သည်ကို သက်သေပြုခဲ့ပြီးဖြစ်ကြောင်း အမေရိကန် အပတ်စဉ်ထုတ် “Time” မဂ္ဂဇင်းက ယူဆထားသည်။
အီလွန်မက်စ် နှစ်ကြိမ် အဆိုပြုခဲ့သော တတိယပါတီ ဖွဲ့စည်းတည်ထောင်ရန် စပ်လျဉ်းသည့် အွန်လိုင်း ပြည်သူ့သဘောထားကောက်ခံသည့် စစ်တမ်းသည် အင်တာနက်အသုံးပြုသူ အချိုးအစားအများအပြား၏ ထောက်ခံမှုရရှိခဲ့ရာ အမေရိကန် ပြည်သူလူထုက လက်ရှိပါတီနှစ်ခု၏ ယှဉ်ပြိုင်တိုက်ခိုက်မှု၊ နိုင်ငံရေး အစွန်းရောက်အသွင်ပြောင်းမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းကို ထင်ဟပ်နေကြောင်း အမေရိကန်မီဒီယာတချို့ သတိထားမိကြသည်။ သို့သော် တစ်ချိန်တည်းတွင်ပင် အင်တာနက်အသုံးပြုများက အီလွန်မက်စ်နှင့် ထရမ့်တို့ကြား မကြာခဏ ခွာပြဲမှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် အီလွန်မက်စ် “အမေရိကန်ပါတီ” ဖွဲ့စည်းတည်ဆောက်မှုကို အားပေးထောက်ခံသော ပြည်သူအချိုးအစား သိသာထင်ရှားစွာ လျော့နည်းလာခဲ့သည်။
ထရမ့်နှင့် အီလွန်မက်စ်တို့ အားပြိုင်ရခြင်း အခြေခံသဘောမှာ အမေရိကန်ဘီလီယံနာများအကြား ယှဉ်ပြိုင်တိုက်ခိုက်မှုသာ ဖြစ်ကြောင်း၊ “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေမူကြမ်းနှင့် ပတ်သက်၍ “စည်းစိမ်ဥစ္စာတွေကို ဘယ်လိုအထက်သို့ ဝေစုခွဲမလဲ” ဆိုသည်မှာ နှစ်ဖက် အဓိက အငြင်းပွားရသော အချက်ဖြစ်သည်ဟု ပညာရှင်များက ယူဆကြသည်။ အီလွန်မက်စ် တတိယပါတီဖွဲ့စည်းတည်ဆောက်ခြင်းက ထရမ့်အစိုးရကို မည်သို့ အနှောင့်အယှက်ပြုကာ လာမည့်နှစ်၏ ကြားဖြတ် ရွေးကောက်ပွဲတွင် မည်သို့သော သက်ရောက်မှုဖြစ်စေမည်နည်းဟူသော အချက်ကိုသာ အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းက အဓိက အာရုံစိုက်ကြပြီး အမေရိကန် သာမန်ပြည်သူလူထုအား အကျိုးပြုမှုအတွက် မည်သို့သော ကူညီပံ့ပိုးမှုများ မြှင့်တင်ပေးနိုင်မည်နှင့်ပတ်သက်၍ မဆိုစလောက်သာ ဖော်ပြထားကြောင်း ၎င်းတို့က ယူဆကြသည်။
အမေရိကန် ပါတီစုံနိုင်ငံရေး အားပြိုင်မှုတွင် ပြည်သူများ၏ အကျိုးစီးပွားသည် အမြဲလိုပင် အချည်းနှီးသော ကြွေးကြော်သံများ ဖြစ်လာပြီး ချမ်းသာဆင်းရဲခြင်း ကွာဟမှုစသည့် လူမှုရေး နာတာရှည်ရောဂါများသည် ကြာလေ ပိုဆိုးရွားလေ ဖြစ်လာသည်။ အမေရိကန် ပညာရှင် Thomas Day၊ Harmon Zeigler နှင့် Louis Schubert တို့က “ဒီမိုကရေစီ၏ လှည့်ကွက် (The Irony of Democracy) – အမေရိကန်လူထူးချွန်များ၏နိုင်ငံရေးသည် မည်သို့လုပ်ဆောင်နေသနည်း” စာအုပ်တွင် ထောက်ပြထားသည့်အတိုင်းပင် အမေရိကန် ပြည်သူလူထုက အစိုးရသည် အများပြည်သူ၏ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးခြင်းအပေါ် ယုံကြည်ရန် ခက်ခဲပြီး အမေရိကန်၏ နိုင်ငံရေးစနစ်သည် လူနည်းစု အင်အားကြီးအကျိုးစီးပွားအုပ်စုက ထိန်းချုပ်ထားကာ ထိုသူများသည် အမြဲလိုပင် တစ်ကိုယ်ကောင်းအကျိုးစီးပွားအတွက် ပြည်သူလူထုအကျိုးစီးပွားကို လျစ်လျူရှုနိုင်သည်ဟု ၎င်းတို့က ယူဆကြသည်။
အမေရိကန် ပြည်သူလူထုသည် နိုင်ငံ၏ နိုင်ငံရေးစနစ်ကို ယေဘုယျအားဖြင့် မယုံကြည်ကြကြောင်း၊ အမေရိကန် နိုင်ငံရေးသည် “ပျက်စီးရှုံးနိမ့်” ခဲ့ပြီးဖြစ်ရာ“ယင်းကို ပြန်လည်ပြုပြင်ရန်မှာ ဒုံးပျံကို မြေပြင် ဆင်းသက်ခိုင်းတာထက် ပို၍ခက်ခဲသည်” ဟူ၍ အမေရိကန် “The Washington Post” က ဆောင်းပါးတွင် ရေးသားခဲ့သည်။
ယခုကြည့်လျှင် တတိယ နိုင်ငံရေးပါတီရှိလာသော်ြငားလည်း အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုနိုင်ခြင်းမရှိပါက နောက်ဆုံးတွင်လည်း အချည်းနှီးသာဖြစ်ပေမည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် အမှာစကားပြောကြားနေသော အီလွန်မက်စ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန်လွှတ်တော် အဆောက်အဦအား ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့၌ “ဘုရင်အလိုမရှိ (No Kings)” ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူများကို ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
国际观察丨“亿万富翁们的权力游戏”——起底“美国党”背后的美国政治困局
“成立第三政党这件事非常荒谬。”美国总统特朗普6日说。此前一天,美国亿万富翁埃隆·马斯克因不满特朗普力推的“大而美”法案,在社交媒体上宣布建立新政党“美国党”。
美国媒体和专家指出,马斯克与特朗普从亲密无间到走向决裂,均是出于政治权力、经济利益等考量。在美国党派政治高度极化对立的背景下,马斯克的新政党前景如何尚是未知数,但可以确定的是,这场不同利益集团之间的“权力游戏”,却是美国政治持续极化与混乱的现实反映。
“权力游戏”背后的利益之争
特朗普与马斯克被认为是美国“两名最具权势的亿万富翁”。在不到一年时间里,两人从结盟走向决裂。
马斯克在特朗普去年竞选总统期间向其提供巨额献金,特朗普今年年初上任后即对马斯克委以重任,让其担任政府效率部负责人。但不久后,马斯克被曝与特朗普内阁重要成员发生激烈争吵。他5月底从政府效率部离职,声称自己成了特朗普政府的“替罪羊”。不久后,两人因“大而美”法案等公开“互撕”。
美国舆论指出,特朗普和马斯克最初因在放松监管等议题上立场一致而结盟,双方都希望借此获取更多权力和利益。然而,因在政府支出、发展新能源等问题上分歧巨大,双方最终分道扬镳。
马斯克5日在社交媒体转发一名科技行业投资人有关“美国党”纲领的帖文并表示认同。这篇帖文重点提到的内容包括发展人工智能和机器人技术、支持科技行业、减少对能源领域企业的监管等。
多家美国媒体评论说,两人争斗发展得“如此迅速和激烈”,其程度令人吃惊。美国商业内幕网站认为,马斯克试图在白宫运用科技界的领导策略,导致其与特朗普政府之间爆发权力争夺。美国政治学者弗朗西斯·福山说,特朗普政府利用马斯克“干脏活”,马斯克引发争议后成为特朗普政府的累赘,因此被毫不留情地抛弃。
专家认为,权力争斗背后仍是利益之争。特朗普直言,马斯克不满“大而美”法案是因为其取消新能源汽车补贴。马斯克还被曝曾因财政税务等问题与财长贝森特等人激烈争吵,因H-1B签证等移民问题与极右翼势力代表、前白宫“军师”史蒂夫·班农长期不和。
阿联酋智库未来高级研究中心刊文分析,特朗普与马斯克因利益交汇走到一起,但这段“友谊”存在裂痕,在各方压力下很快演变为互相怨恨,暴露出两名富豪联盟的功利性和脆弱性。
建新党说易行难
随着与特朗普关系恶化,马斯克多次提出建立第三党的想法。“大而美”法案在国会通过并由特朗普签署后,马斯克正式宣布建立“美国党”。“今天,‘美国党’的成立还给你们自由。”马斯克5日在社交媒体上说。
马斯克4日在他掌控的社交媒体平台发起民意调查,参与投票的124.9万名网民中支持成立“美国党”的人占比达到65.4%。马斯克6月初发起的在线民调显示,24小时内超过550万人次投票,其中80.5%的人表示支持组建第三党。
专家分析,在美国,选民虽然对民主、共和两党都不满意,但又没有第三个选择,主要原因是,从政治生态和选举制度而言,美国难以出现共和、民主两党之外与之抗衡的第三政党。
美国现行选举制度极大限制了第三党的崛起。美国选举专家布雷特·卡普尔说,所有州的法律都偏向共和、民主两大政党,并尽可能对第三党的出现制造障碍。
比如,美国多州都有所谓“输不起的失败者”规定:在初选中失败的地方、州和联邦公职候选人,不能再以独立候选人或其他政党候选人的身份出现在选举中。这些州法律大多在1965年至1985年间通过,被广泛认为是以立法来提高第三党或独立候选人参加竞选的门槛和失败成本,从而巩固两党无论谁执政都是换汤不换药的政治结构。
美国《新闻周刊》指出,数十部限制投票权的法律、“赢者通吃”的选举人团制度、严格受限的全国性辩论参与机会……美国这些根深蒂固的制度性障碍依然会让马斯克建立的“美国党”举步维艰。
金钱也是制约第三党的重要因素。“创建一个第三党并参加选举的门槛很高。如果有源源不断的资金,这或许可以实现,但将耗费很长时间和大量金钱。”卡普尔说。
不过,马斯克作为一家大型社交媒体平台的拥有者,对比美国其他小党派或历史上的第三政党,有其独特优势:流量与关注度。与此同时,马斯克对于“美国党”面临的困难也相当清楚。他在一条帖文中提出“美国党”“路线图”:先将资源集中用于争夺国会参议院的2至3席和众议院的8至10席。美国媒体认为,尽管“美国党”前景不明,但或将在明年中期选举中产生搅局作用。
美国《新闻周刊》则认为,马斯克的“美国党”可能会代表硅谷科技自由主义派的利益,其立场可能与美国大多数民众的需求并不一致,尤其对于工薪阶层和农村选民而言。 美国州立瓦尔多斯塔大学政治学教授伯纳德·塔马斯认为,“美国党”的最大问题在于“难以真正关注到民众强烈的变革渴望”,而且民主、共和两党为防止选票被分走,也会“吸收乃至窃取”“美国党”的一些政治主张,挤压其生存空间。
美国政治制度“死胡同”
马斯克与特朗普的“分手大戏”再度凸显美国政治的混乱无序,而“美国党”的尴尬前景则是美国政治制度走进“死胡同”的明证。
从美国历史来看,两党之外的自由党、绿党等边缘政党已存在数十年,它们也参加联邦和州层面竞选,甚至曾推出候选人竞选总统,但能获得的选票非常有限,无法打破两党的垄断地位。美国《时代》周刊认为,在美国建立成功的第三政党已被证明是“困难且几乎不可能的”。
有美国媒体注意到,马斯克发起的两次关于组建第三党的线上民调均获得高比例网民支持,反映出美国民众对目前两党争斗、政治极化的厌倦。但同时,网民在目睹马斯克与特朗普政府的频繁拉扯之后,支持马斯克组建“美国党”的民众比例显著减少。
专家认为,特朗普与马斯克之争本质上仍是美国亿万富翁之间的争斗,双方关于“大而美”法案的主要争执点在于“财富如何向上再分配”。美国政界对马斯克组建第三党的主要关注点在于其将如何干扰特朗普政府执政以及影响明年的中期选举,鲜少提及对促进美国普通民众福祉能有何种贡献。
在美国党派政治博弈中,民众利益往往沦为空洞的口号,贫富差距等社会顽疾愈演愈烈。正如美国学者托马斯·戴伊、哈蒙·齐格勒和路易斯·舒伯特在《民主的反讽:美国精英政治是如何运作的》一书中指出,美国民众已经难以相信政府是为大众利益服务,他们认为美国政治制度由少数大型利益集团操控,后者往往会为一己私利把民众利益抛之脑后。 美国《华盛顿邮报》刊文说,美国民众对美国政治体系普遍不信任,美国政治已然“破败”,“修复它的难度比让火箭着陆还大”。
现在看来,即便有了第三个政党,如果不真正代表美国人民的利益,最终也无济于事。(完)
1. 埃隆·马斯克2025年1月20日在美国首都华盛顿第一资本体育馆发表演说。新华社记者 吴晓凌 摄
2. 这是2024年4月23日在美国首都华盛顿拍摄的美国国会大厦。新华社记者 刘杰 摄
3. 2025年6月14日,在美国马萨诸塞州波士顿,人们参加 “不要国王”抗议活动。新华社发(朱子于摄)