Connect with us

Europe

ရုရှားသမ္မတ ပူတင် နှင့် ဂျာမနီဝန်ကြီးချုပ် Scholz တို့ ယူကရိန်းတင်းမာမှုများအကြား စစ်ပွဲအား ရှောင်ရှားရန် လိုအပ်သည့်အပေါ် သဘောတူကြ

ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့နှစ်ဦး ရုရှားနိုင်ငံ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် တွေ့ဆုံစဉ် (Kremlin press release)

မော်စကို ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့နှစ်ဦးလုံးသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆွေးနွေးရာ၌ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ စစ်ပွဲအား ရှောင်ကြဉ်ရန် နှင့် သံတမန်ရေးရာကြိုးပမ်းမှုများမှတစ်ဆင့် အကျပ်အတည်းအား ဖြေရှင်းရန် လိုအပ်ကြောင်းကို အလေးထားဖော်ပြခဲ့ကြသည်။

“ဒီစစ်ပွဲကို လိုလားသလားဆိုရင် ကျွန်တော်တို့ မလိုလားပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ လူတိုင်းအတွက် တန်းတူညီမျှတဲ့ လုံခြုံရေးကို ရရှိအောင် သဘောတူညီချက်တစ်ရပ် ရရှိဖို့ ကြိုးပမ်းရာမှာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ခု စတင်ဖို့အတွက် အဆိုပြုချက်တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။”ဟု ပူတင်က ကရင်မလင်နန်းတော်၌ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် ဆွေးနွေးမှုများအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) နှင့် ဥရောပသမဂ္ဂတို့၏ သဘောထားရပ်တည်ချက်များသည် ရုရှားနိုင်ငံ၏ အဆိုပြုချက်များနှင့် ကွဲပြားနိုင်သော်လည်း တွေ့ဆုံဆွေးနွေးရေးသည် အရေးပါနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသည် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ အန္တရာယ်အရှိဆုံး အကျပ်အတည်းများအနက် တစ်ခုဖြင့် ရင်ဆိုင်နေရပြီး ယူကရိန်းနှင့် ပတ်သက်သည့် တင်းမာမှုများအား ထိန်းသိမ်းရေး နှင့် စစ်ပွဲဖြစ်နိုင်ခြေအား ကာကွယ်ရန် အရေးတကြီး လိုအပ်နေကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဥရောပ၌ စစ်ပွဲသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်သောကြောင့် ဂျာမနီဝန်ကြီးချုပ်က ဥရောပတိုက်တွင် မည်သို့သော စစ်ရေးကျယ်ပြန့်ပြင်းထန်လာခြင်းမဆို ကာကွယ်ရန် ၎င်းကိုယ်တိုင် နှင့် ရုရှားနိုင်ငံသမ္မတ ပူတင်တို့ နှစ်ဦးလုံး၏ တာဝန်ဖြစ်သည်ဟု ယူဆသဘောထားကြောင်း ဆိုသည်။

ဂျာမနီဝန်ကြီးချုပ်က “သံတမန်ရေးရာအခွင့်အလမ်းတွေက မကုန်ခမ်းသေးပါဘူး ။ ရုရှားတပ်ဖွဲ့တစ်ချို့ နယ်စပ်တွေကနေ ရုပ်သိမ်းနေပြီလို့ ကြားရပါတယ်။ဒါက ကောင်းမွန်တဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဂျာမနီဝန်ကြီးချုပ်က NATO ၏ တိုးချဲ့ခြင်းသည် အစီအစဉ်တွင်ပင် မပါရှိကြောင်း ရုရှားသမ္မတပူတင်ကို အာမခံခဲ့ကြောင်း သိရသည်။

သို့သော် ပူတင်က ယူကရိန်း၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ချေအား ရွှေ့ဆိုင်းခြင်းသည် ရုရှားအတွက် မည်သို့မျှ ဖြေရှင်းပေးမည် မဟုတ်ကြောင်း နှင့် ရုရှားသည် ၎င်းတို့၏ လုံခြုံရေးကိစ္စရပ်များအား အလေးထား ကိုင်တွယ်ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အစီအစဉ်များနှင့်အညီ လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုသည် နောက်ဆုံး အစစ်အမှန်အရှိတရားကို ထင်ဟပ်လိမ့်မည် ဖြစ်ကြောင်း ၊ သို့သော် အခြေအနေများ မည်သို့ ဖြစ်လာမည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားသည် သံတမန်ရေးရာနည်းလမ်းများဖြင့် လက်ရှိကိစ္စရပ်များအားလုံးကို ဖြေရှင်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————————————–
(English Version)

Putin, Scholz agree on need to avert war amid Ukraine tensions

MOSCOW, Feb. 15 (Xinhua) — Both Russian President Vladimir Putin and visiting German Chancellor Olaf Scholz on Tuesday underlined the need to avoid a war over Ukraine and to settle the crisis via diplomatic efforts.

“Regarding whether we want this (war), of course we don’t. This is why we have put forward proposals for the start of a negotiation process in a bid to reach an agreement ensuring equal security for everyone,” Putin said during a press conference with Scholz following their talks in the Kremlin.

Scholz said despite that the positions of the North Atlantic Treaty Organization (NATO) and the European Union may differ from those of Russia, dialogue remains crucial.

Europe is faced with one of its most dangerous crises in decades and there is an urgent need to defuse the tensions regarding Ukraine and prevent a possible war, the German leader stressed.

As a war in Europe is “unimaginable,” Scholz considered it the duty of both Putin and himself to prevent any military escalation on the continent.

“Diplomatic opportunities have not yet been exhausted … We have heard that some (Russian military) units are being withdrawn (from the borders) and this is a good sign,” Scholz said.

As for Russia’s security concerns, Scholz assured Putin that NATO’s expansion is not even on the agenda.
However, Putin said that postponing Ukraine’s possible accession to NATO will resolve nothing for Russia, and Moscow wants its security concerns to be addressed seriously.

Russia will act “in accordance with the plan” and its moves will reflect the latest realities, but no one can predict how the situation will unfold, Putin said, adding that Moscow, nevertheless, will strive to resolve all the existing issues by diplomatic means. ■
Photo – Russian President Vladimir Putin (L) meets with German Chancellor Olaf Scholz in Moscow on Feb. 15, 2022. (Kremlin press release)