Connect with us

Asia

ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် သီရိလင်္ကာအစိုးရအဖွဲ့ဝန်ကြီးများအားလုံး နုတ်ထွက်စာတင်

သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး Mahinda Rajapaksa က ကိုလံဘိုမြို့ရှိ သီရိလင်္ကာလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်တွင် အစိုးရဘက်ဂျက်တောင်းခံလွှာတင်သွင်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ စီးပွားရေး မတည်ငြိမ်မှု နှင့် လောင်စာဆီပြတ်လပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားနေစဉ် ဆန္ဒပြပွဲများအရှိန်မြင့်တက်လာခြင်းကို တုန့်ပြန်သည့်အနေဖြင့် အစိုးရအဖွဲ့ဝန်ကြီးများအားလုံးသည် ၎င်းတို့၏ ရာထူးမှနုတ်ထွက်ကြောင်း နုတ်ထွက်စာများကို ဧပြီ ၃ ရက် ညပိုင်းတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးသည် ၎င်းတို့၏ နုတ်ထွက်စာများကို တင်သွင်းလိုက်ပြီဖြစ်ကြောင်း နှင့် အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် နိုင်ငံရေးပါတီများအားလုံးအတွက် လမ်းဖွင့်ပေးထားကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူများက ဆင်ဟွာသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။
သို့သော်လည်း သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa နှင့် ပြည်နယ်ဝန်ကြီးများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဝန်ကြီးချုပ်အနေဖြင့် ယနေ့ ဧပြီ ၄ ရက်တွင် နိုင်ငံတော်သို့ အထူးကြေညာချက်တစ်စောင်ထုတ်ပြန်ကြေညာသွားရန်ရှိနေပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ပူးပေါင်းအားထုတ်ကြိုးပမ်းရန်အတွက် နိုင်ငံရေးပါတီများ တိုးမြှင့်ပါဝင်နိုင်ရန် ဖိတ်ခေါ်မှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် နာရီပေါင်းများစွာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု နှင့် လောင်စာဆီမလုံလောက်မှုပြဿနာများကို ဖြေရှင်းရန် ချက်ချင်းအရေးယူဆောင်ရွက်မှုပြုလုပ်ရန် သို့မဟုတ် အစိုးရအဖွဲ့ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့်ဆန္ဒပြပွဲများ ရက်ပေါင်းများစွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင်နိုင်ငံသည် မရှိမဖြစ်လိုအပ်သော အစားအစာနှင့်ဆေးဝါးများကဲ့သို့သော ကုန်စည်များ နှင့် နိုင်ငံခြားငွေကြေးပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရသလို ယင်းအကျိုးသက်ရောက်မှုကို နယ်ပယ်ကဏ္ဍများစွာက ထိခိုက်ခံစားနေရကြောင်း သိရသည်။
နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် စနေနေ့ညပိုင်းတွင်စတင်အသက်ဝင်ခဲ့သည့် ၃၆ နာရီညမထွက်ရအမိန့်တစ်ခုသည် တနင်္လာနေ့နံနက်ပိုင်းတွင်ပြီးဆုံးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။(Xinhua)

…………………………….
(English Version)
Sri Lanka’s cabinet ministers offer to resign en masse amid protests
COLOMBO, April 4 (Xinhua) — Sri Lanka’s cabinet ministers offered to resign from their positions on Sunday night in response to calls from increasing protests amid economic instability and a severe fuel shortage in the South Asian country.
Government officials confirmed to Xinhua that all cabinet ministers have handed in their resignation letters, paving way for all political parties to form a new cabinet, following discussions held with Prime Minister Mahinda Rajapaksa on Sunday evening.
Prime Minister Rajapaksa and the state ministers will however continue to work in their capacities, officials said.
The prime minister is expected to issue a special statement on Monday to the nation, and an invitation will be extended to political parties for joint efforts to form a new government.
Sri Lanka has for days seen protests urging the government to take measures immediately to solve hours-long power cut and fuel shortage or to resign.
The country has also suffered a shortage in essential supplies such as food and medicines and in foreign currencies with several sectors being affected as a result.
A 36-hour curfew came into force on Saturday evening and was lifted early Monday in a bid to ensure law and order in the country, police said. Enditem
Sri Lankan Prime Minister and Minister of Finance Mahinda Rajapaksa presents the government’s budget proposals for 2021 in the Parliament in Colombo, Sri Lanka, on Nov. 17, 2020