Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ အမြန်လမ်းတွင် မတော်တဆဖြစ်ပွားသည့် မော်တော်ယာဉ်အရေအတွက် တစ်ရာကျော်ရှိ၊ အကြောင်းရင်းမှာ ရေခဲနေသော လမ်းမများကြောင့် ဖြစ်ဟုဆို

ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဧရိယာ အမြန်လမ်းရှိ လမ်းပိုင်းအများအပြားတွင် ဇန်နဝါရီ ၁၄ ရက်က အစုလိုက်အပြုံလိုက်ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုတွင် ပါဝင်သည့် မော်တော်ကား စုစုပေါင်းမှာ တစ်ရာကျော်ရှိရာ ဒဏ်ရာရသူများရှိပြီး လမ်းကြောများပိတ်ဆို့မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ရေခဲနေသော လမ်းမများကြောင့်ဖြစ်သည်ဟု ရဲဘက်ဆိုင်ရာက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၅ မိနစ်ခဲ့တွင် Goyang မြို့ လမ်းတစ်နေရာတွင် မော်တော်ကားတိုက်မှုများဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုတွင် ထရပ်ကား၊ ဘတ်စ်ကားနှင့် အိမ်စီးကားများ ပါဝင်ကြောင်း Yonhap သတင်းဌာန၏ သတင်းအရ သိရသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် ကား ၆ စီးဆင့်တိုက်မှု ၄ မှု၊ ကား ၃ စီးဆင့်တိုက်မှု ၁ မှု၊ ကား ၂ စီးဆင့်တိုက်မှု ၆ မှုနှင့် တစ်စီးတည်း မတော်တဆဖြစ်မှု ၅ မှုပါဝင်ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။ ယာဉ်မောင်းတစ်ဦးမှာ ဒဏ်ရာရမှု ပြင်းထန်၍ ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရဲဘက်ဆိုင်ရာနှင့် မီးသတ်ဌာနများက မတော်တဆမှုများကို ဖြေရှင်းကိုင်တွယ်လျက်ရှိပြီး လမ်းမသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ ရေခဲနေသော လမ်းမနေရာများကို နှင်းအရည်ပျော်အေးဂျင့် ကယ်လ်စီယမ်ကလိုရိုက် ဖျန်းခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် Goyang မြို့ ဆိုးလ်- မူဆန် အဝေးပြေးလမ်းမရှိ လမ်းတစ်နေရာတွင် ကား ၄၃ စီး ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကားမောင်းသူ ၉ ဦး ဒဏ်ရာရ၍ ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ရဲဘက်ဆိုင်ရာနှင့် မီးသတ်ဌာနများက သက်ဆိုင်ရာ လမ်းအပိုင်းများကို ပိတ်ခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ အချင်းဖြစ်ပွားရာနေရာ အနောက်ဘက်ရှိ Goyang ဝန်ဆောင်မှုဧရိယာမှ အချင်းဖြစ်ပွားရာနေရာ ၃ ကီလိုမီတာခန့်အထိ လမ်းပိုင်းတွင် ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် Goyang မြို့ ဆိုးလ်- မူဆန် အဝေးပြေးလမ်းမ Paju မြို့ဘက်သွားရာလမ်းအပိုင်းတွင် ကား ၁၈ စီး ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………….
(Chinese Version)
韩国高速路事故车辆过百 原因为道路结冰
新华社首尔1月14日电(记者冯亚松)韩国首都圈高速公路多个路段14日发生连环撞车事故,共涉及百余辆汽车,造成人员受伤,道路拥堵。韩国警方说,事故原因是道路结冰。
据韩联社报道,当地时间5时15分左右,京畿道高阳市一路段发生多起撞车事故,事故车辆包括卡车、公交车和轿车。消防部门说,该事故共涉及4起6车追尾、1起3车追尾、6起2车追尾以及5起单独事故。一名司机伤势较重,已被送医治疗。
警方和消防部门正在处理事故,并展开道路清理工作,在道路结冰区间喷洒了融雪剂氯化钙。
当天5时50分左右,京畿道首尔文山高速公路文山方向一路段发生43辆车连环追尾事故。9名司机受伤,已被送医救治。警方和消防部门封锁了相关路段,正在进行清理工作。事故地点后方的高阳服务区至事故现场大约3公里的路段严重堵塞。
6时40分左右,京畿道首尔文山高速公路坡州方向一路段发生18辆车连环追尾事故,造成2人受伤。(完)