Asia
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို ထပ်မံဖမ်းဆီးခံရ

ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဇူလိုင် ၁၀ ရက် နံနက်အစောပိုင်းတွင် သမ္မတဟောင်း ယွန်းဆက်ယိုအား ဖမ်းဆီရန် ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ခဲ့သည်။ အရေးပေါ် စစ်အုပ်ချုပ်ရေး ကိစ္စရပ်အား တာဝန်ယူစုံစမ်းစစ်ဆေးသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ယင်းနောက် ဖမ်းဆီးခဲ့သည်ဟု တောင်ကိုးရီးယား Yonhap သတင်းဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ ယင်းမှာ ယွန်းဆက်ယို ပြန်လည်လွတ်မြောက်လာပြီး ၄ လကြာပြီးနောက် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းမှ ညပိုင်းအထိ ယွန်းဆက်ယိုအား ၆ နာရီ ၄၀ မိနစ်ကြာသော ဖမ်းဆီးမှုမတိုင်မီ စစ်ဆေးမေးမြန်းခြင်း လုပ်ဆောင်ခဲ့သည်။ အဆိုပါစစ်ဆေးမေးမြန်းခြင်းသည် ဖမ်းဆီးမှုတွင် မဖြစ်မနေလုပ်ဆောင်ရသည့် သုံးသပ်စစ်ဆေးခြင်းဖြစ်ပြီး ဇူလိုင် ၁၀ ရက် နံနက်အစောပိုင်း ၂ နာရီ ၇ မိနစ်တွင် ဖမ်းဝရမ်းအမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်သည့် အကြောင်းရင်းမှာ “(သံသယရှိသူ) သက်သေအထောက်အထားများကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သောကြောင့်” ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံး၏ စစ်ဆေးမေးမြန်းမှုခံယူပြီးနောက် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုအား ဆိုးလ်အချုပ်စခန်းသို့ ပို့ဆောင်နေသည်ကို ဇူလိုင် ၉ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ နယူးစပင်)
ယွန်းဆက်ယိုသည် စစ်ဆေးမေးမြန်းမှုခံယူစဉ် စွဲချက်အားလုံးကို ငြင်းဆိုခဲ့ကြောင်း၊ ဇူလိုင် ၉ ရက် စစ်ဆေးမေးမြန်းမှု ပြီးဆုံးပြီးနောက် ယွန်းဆက်ယိုအား ဆိုးလ်အချုပ်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ တရားရုံးက ဖမ်းဆီးရန် ခွင့်ပြုပြီးနောက် ယွန်းဆက်ယိုအား ထိုနေရာတွင်ပင် ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုးရီးယား Yonhap သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၆ ရက်တွင် ရာထူးအာဏာကို အလွဲသုံးစားလုပ်ခြင်းစသည်တို့တွင် ပါဝင်ပတ်သက်သည့် သံသယများအား အကြောင်းပြု၍ ယွန်းဆက်ယိုအား ဖမ်းဆီးရန် တရားရုံးထံ ခွင့်ပြုချက်တောင်းခံခဲ့သည်။ ယွန်းဆက်ယို ဖမ်းဆီးခံရပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၎င်းအား အကြာဆုံး ရက်ပေါင်း ၂၀ ကြာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယွန်းဆက်ယိုက အထူးအစိုးရတာဝန်များလုပ်ဆောင်ခြင်းကို အဟန့်အတားပြုမှု၊ “သမ္မတအစောင့်တပ်ဥပဒေ” ကို ချိုးဖောက်မှု၊ ရာထူးအာဏာအလွဲသုံးစားလုပ်မှု၊ တရားဝင်စာရွက်စာတမ်းများ အတုပြုလုပ်မှု စသည်တို့တွင် ပါဝင်ပတ်သက်သည့် သံသယရှိကြောင်း ယင်းမတိုင်မီ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့သည်။
ဖမ်းဝရမ်းလျှောက်လွှာတွင် ဖော်ပြထားသော ပြည်တွင်းဆူပူသောင်းကျန်းမှုဆိုင်ရာ သံသယများသည် အစိုးရရှေ့နေရုံးနှင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအဆင့်တွင် အတည်ပြုမှုများ အတိုင်းအတာတစ်ခုအထိ ရရှိပြီးဖြစ်သောကြောင့် နောက်ပိုင်းစုံစမ်းစစ်ဆေးမှုများကို ယွန်းဆက်ယို၏ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာရန် အကြောင်းပြချက်အတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ ဒရုန်းများ ကျူးကျော် စေလွှတ်ခဲ့ပြီး မြောက်ကိုးရီးယားအား ရန်စခြင်းတွင် ပါဝင်ပတ်သက်သည့် သံသယများအပါအဝင် ပြည်ပအန္တရာယ်ဆိုင်ရာ သံသယများအပေါ် အာရုံစိုက်မည်ဟု ခန့်မှန်းထားသည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်တွင် ယင်းကာလတွင် တာဝန်ထမ်းဆောင်နေသော တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။ အဆိုပါလ ၁၄ ရက်တွင်ပင် တောင်ကိုရီးယာနိုင်ငံ အမျိုးသားလွှတ်တော်က ယွန်းဆက်ယိုအား စွဲချက်တင်သည့် အဆိုပြုချက်ကို အတည်ပြုခဲ့ရာ ယွန်းဆက်ယို၏ သမ္မတရာထူးအာဏာကို ချက်ချင်းဆိုင်းငံ့ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ယွန်းဆက်ယို ပထမအကြိမ် ဖမ်းဆီးခံရကာ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေအစိုးရ သမိုင်းတွင် ပထမဆုံး ဖမ်းဆီးခံရသော တာဝန်ထမ်းဆောင်ဆဲသမ္မတ ဖြစ်လာသည်။ မတ် ၈ ရက်တွင် ယွန်းဆက်ယိုသည် ဆိုးလ်အချုပ်စခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဧပြီ ၄ ရက်တွင် တောင်ကိုရီးယားအခြေခံဥပဒေတရားရုံးက ယွန်းဆက်ယိုအပေါ် စွပ်စွဲချက်များကို အတည်ပြုခဲ့ပြီး ယွန်းဆက်ယိုအနေဖြင့် သမ္မတရာထူး ရုပ်သိမ်းခံခဲ့ရသည်။ (Xinhua)
#အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် #ယွန်းဆက်ယို #စစ်ဆေးမေးမြန်းမှု #ဖမ်းဝရမ်းအမိန့် #တောင်ကိုရီးယားအခြေခံဥပဒေ
…………………………………
(Chinese Version)
韩国前总统尹锡悦再次被捕
新华社首尔7月10日电(记者黄昕欣 陆睿)韩国首尔中央地方法院10日凌晨签发对前总统尹锡悦的逮捕令。据韩联社报道,负责调查紧急戒严事件的特检组随后实施逮捕。这是尹锡悦获释4个月后再次被捕。
首尔中央地方法院9日下午到晚上对尹锡悦进行了6小时40分钟的逮捕前讯问,即逮捕必要性审查,于10日凌晨2时7分签发逮捕令,理由是“担心(嫌疑人)销毁证据”。
韩联社报道,尹锡悦接受讯问时否认所有指控。9日晚讯问结束后,尹锡悦被送至首尔拘留所。法院批捕后,尹锡悦被当场收押。
特检组6日以涉嫌滥用职权等为由,提请法院批捕尹锡悦。尹锡悦被捕后,特检组将对其进行最长20天的调查。
特检组先前表示,尹锡悦涉嫌妨碍执行特殊公务、违反《总统警卫法》、滥用职权、伪造公文等。由于提请批捕书中列明的内乱罪相关嫌疑在检方、警方调查阶段已得到一定证实,预计之后调查将集中于尹锡悦的外患罪嫌疑,包括涉嫌为宣布戒严制造理由,派无人机侵入朝鲜首都平壤,以挑衅朝方。
去年12月3日,时任韩国总统的尹锡悦发布紧急戒严令。同月14日,韩国国会通过对尹锡悦的弹劾动议案,尹锡悦总统职权随即停止。今年1月15日,尹锡悦首次被捕,成为韩国宪政史上第一个被逮捕的现任总统。3月8日,尹锡悦从首尔拘留所获释。4月4日,韩国宪法法院宣布通过对尹锡悦的弹劾,尹锡悦被罢免总统职务。(完)
图说1:7月9日晚,韩国前总统尹锡悦接受讯问后走出首尔中央地方法院。新华社/纽西斯通讯社
图说2:7月9日晚,韩国前总统尹锡悦在首尔中央地方法院接受讯问后,被送往首尔拘留所。新华社/纽西斯通讯社