North America
ထရမ့်က နောက်ထပ် နိုင်ငံ ၆ နိုင်ငံအား စည်းကြပ်ခွန် စာလွှာပေးပို့

နယူးယောက်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက နိုင်ငံ ၆ နိုင်ငံ၏ အကြီးအကဲများထံ စာလွှာပေးပို့၍ ယင်းနိုင်ငံများမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို စည်းကြပ်ခွန်အသစ် ကောက်ခံသွားမည်ဟု ၎င်းတို့အား အကြောင်းကြားခဲ့ကြောင်း သိရသည်။ထရမ့်က ၎င်းကိုယ်ပိုင်တည်ထောင်သည့် “Truth Social” ဝက်ဘ်ဆိုက်တွင် ယင်းစာလွှာများကို ပို့စ်တင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံ ၆ နိုင်ငံတွင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မောလ်ဒိုဗာ၊ အယ်လ်ဂျီးရီးယား၊ အီရတ်နှင့် လစ်ဗျားနိုင်ငံတို့ ပါဝင်သည်။ ၎င်းတို့အနက် လစ်ဗျား၊ အီရတ်နှင့် အယ်လ်ဂျီးရီးယားက စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း၊ ဘရူနိုင်းနှင့် မော်လ်ဒိုဗာက စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၂၀ ရာခိုင်နှုန်း ကောက်ခံ ခံရမည် ဖြစ်သည်။ စည်းကြပ်ခွန်အသစ်သည် ဩဂုတ် ၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။
ထရမ့်သည် ဇူလိုင် ၇ ရက်ကလည်း ဂျပန်၊ တောင်ကိုရီးယား စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို ပထမအသုတ် စည်းကြပ်ခွန်စာလွှာပေးပို့ခဲ့ရာ စည်းကြပ်ခွန်နှုန်းထားမှာ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအသီးသီး ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းက ယခုသီတင်းပတ်တွင် ပို၍များပြားသည့် ယင်းကဲ့သို့သော စာလွှာများ ပေးပို့မည် ဖြစ်ကြောင်း ကြိုတင်အသိပေးပြောကြားခဲ့သည်။ (Xinhua)
——————————————–
(Chinese Version)
特朗普再向6个国家发出关税信函
新华社纽约7月9日电 美国总统特朗普9日上午致信6个国家的领导人,通知他们将对这些国家输美商品征收新关税。
特朗普在他创立的社交媒体平台“真实社交”上发布了这些信函。这6个国家包括菲律宾、文莱、摩尔多瓦、阿尔及利亚、伊拉克和利比亚。其中,利比亚、伊拉克和阿尔及利亚将被征收30%的关税,文莱和摩尔多瓦的税率是25%,菲律宾的税率是20%。新税率将从8月1日起生效。
特朗普7日向日本、韩国等14个国家发出了首批关税信函,关税税率从25%到40%不等。他同时预告本周还会有更多此类信函发出。(完)
1. 7月6日,美国总统特朗普乘直升机返回华盛顿白宫。新华社记者 胡友松 摄