Connect with us

International Organizations

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ ရန်ပုံငွေ ဒေါလာ သန်း၁၀၀ လိုငွေပြနေ

ဂျော်ဒန်နိုင်ငံ Amman မြို့ရှိ Near East ဒေသတွင် ပါလက်စတိုင်း ဒုက္ခသည်များ သက်သာရေးနှင့် လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအနေဖြင့် ဇွန် ၂၃ ရက် ကွန်ဖရင့်က ဒေါ်လာ သန်း ၁၆၀ တိုးမြှင့်ခဲ့ပြီးနောက် ယခုအခါ ၂၀၂၂ ခုနှစ်အတွက် ရန်ပုံငွေ သန်း ၁၀၀ လိုငွေပြခြင်းနှင် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ယင်းအေဂျင်စီ အကြီးအကဲ Philippe Lazzarini က ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။

ရန်ပုံငွေလိုငွေပြမှုသည် အေဂျင်စီအနေဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး နှစ်စဥ် တွေ့ကြုံလျက်ရှိသည့် ရန်ပုံငွေလိုအပ်မှု ဖြစ်သည်။
အေဂျင်စီအနေဖြင့် အရေအတွက် ခြိုးခြံချွေတာရေးနှင့် ကုန်ကျစရိတ် ထိန်းချုပ်ရေး စီမံဆောင်ရွက်မှုများမှတစ်ဆင့် တတ်နိုင်သမျှ လုပ်ဆောင်လျက်ရှိသည်။ သို့ရာတွင် ယနေ့ အချိန်ကာလတွင် ကြာရှည်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ကြောင်း Lazzarini က ဆိုသည်။

လာမည့် နှစ်လအတွင်း အကယ်၍ ရန်ပုံငွေ ကွာဟချက်ကို မဖြည့်တင်းနိုင်ပါက မိန်းကလေးနှင့် ယောကျ်ားလေး ၅ သိန်းကျော်အား ပညာသင်ကြားခွင့် သို့မဟုတ် လူဦးရေ ၂ သန်းအတွက် ကနဦးကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခွင့် သို့မဟုတ် ဆင်းရဲဆုံး ပါလက်စတိုင်းဒုက္ခသည်များထံ အရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသား ကူညီပံ့ပိုးမှု စသည်တို့မှာ ဆိုးဝါးစွာ အန္တရာယ်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ “ကျွန်တော်တို့ အန္တရာယ်ဇုန်ထဲ ကျရောက်နေပါပြီ”

“အရှေ့အလယ်ပိုင်းမှာ အောင်မြင်မှုအရှိဆုံး လူသားဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး ဖြစ်ရပ်အချို့ကို နောက်ပြန်လှည့်ရမယ့် အချိန်မဟုတ်ဘူး။ ဒါက နောက်ထပ်စိတ်ပျက်အားငယ်ခြင်းနဲ့ နိုင်ငံရေးရေချိန်အားနည်းမှု၊ မကြုံစဖူးသောစီးပွားရေး အကျပ်အတည်းနဲ့ မြောက်များစွာသော ပဋိပက္ခတွေဖြစ်ပွားနေတဲ့အချိန်မှာ ဒေသအတွင်းမှာ ခိုကိုးရာမဲ့အဖြစ်ဆုံး အသိုင်းအဝိုင်းကို စွန့်ပစ်လိုက်တယ်ဆိုတဲ့ ခံစားမှုတွေကို မီးလောင်ရာလေပင့်လုပ်လိုက်တာသာဖြစ်ပါတယ်” ဟု Lazzarini မှ သတင်းထောက်များအား ပြောကြားခဲ့သည်။ “ပင်ပန်းမှုက ရွေးချယ်မှုတစ်ခုတော့မဖြစ်သင့်ပါဘူး၊ ဒါကိုစိတ်မဝင်စားတော့တာလို့ ကျွန်တော်ပြောလိုပါတယ်”

အေဂျင်စီ၏ ကာလကြာရှည်ဖြစ်ပေါ်နေသော ငွေကြေးပြဿနာကို အဖြေရှာခြင်းတွင် လုံလောက်သော အရင်းအမြစ်များဖြင့် လုပ်ပိုင်ခွင့်အတွက် ပံ့ပိုးမှုနှင့် ကိုက်ညီမည့် နိုင်ငံရေးလည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဒေသတွင်းက ခိုကိုးရာမဲ့အဖြစ်ဆုံးအသိုင်းအဝိုင်းအနက် တစ်ခုကို အစိုးရကဲ့သို့ ဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ NGO တစ်ခုလိုမျိုး ရန်ပုံငွေထူထောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စေတနာအလျောက် ထည့်ဝင်ကြတဲ့အပေါ်မှာပဲ ကျွန်တော်တို့က လုံးဝအမှီပြုထားရလို့ပါ”

Near East ဒေသတွင် ပါလက်စတိုင်း ဒုက္ခသည်များ သက်သာရေးနှင့် လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီဟု တရားဝင်လူသိများသော အဆိုပါ အေဂျင်စီသည် ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယားအပြင် West Bank နှင့် ဂါဇာရှိ ပါလက်တိုင်း ဒုက္ခသည်များနှင့် သားစဉ်မြေးဆက် ၅.၆ သန်းခန့်ကို အကူအညီပေးလျက်ရှိပြီး ပညာရေး၊ ကနဦးကျန်းမာရေးနှင့် လူမှုရေး အကာအကွယ်များပေးအပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
UN agency for Palestine refugees faces funding shortfall of over 100 mln dollars

Source: Xinhua

Editor: huaxia

2022-06-25 04:41:30

UNITED NATIONS, June 24 (Xinhua) — The UN agency for Palestine refugees now faces a funding shortfall of over 100 million U.S. dollars for 2022 after Thursday’s pledging conference raised 160 million dollars, said Philippe Lazzarini, the head of the agency, on Friday.

The shortfall is consistent with the discrepancy of funds that the agency has faced every year for almost a decade. The agency has so far been able to move along through a number of austerity and cost-control measures. But today it is no longer possible to sustain, Lazzarini said. “There is very little to cut from our cost without, in fact, cutting our services.”

If the funding gap fails to be filled in the next couple of months, the delivery of education to more than half a million girls and boys, or the access to primary health care for close to 2 million people, or the emergency food and cash assistance to the poorest Palestine refugees might be seriously at risk, he warned. “We have entered a danger zone.”

“It is not the time to turn our back on some of the most successful human development story in the Middle East. This can only fuel further despair and the feeling of abandonment of one of the most destitute communities in the region at a time when there is a lack of political horizon, and unprecedented economic crisis and multiple conflicts,” Lazzarini told reporters. “Fatigue should not be an option, and indifference to this, I would say, even less.”

Finding a solution to the agency’s chronic financial problem requires political will to match the support for the mandate with sufficient resources, he said. “We are expected to provide government-like services to one of the most destitute communities in the region. But we are funded like an NGO because we depend completely on voluntary contributions.”

The agency, officially known as the UN Relief and Works Agency for Palestine Refugees in the Near East, currently helps some 5.6 million Palestine refugees and their descendants in Jordan, Lebanon, Syria as well as in West Bank and Gaza, by providing education, primary health, and social protection. ■

Photo : Students attend a class at a school of the United Nations Relief and Works Agency for Palestine Refugees in the Near East (UNRWA) in Amman, Jordan, on April 21, 2022. (Xinhua/Ji Ze)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.