Politics, Law & Military
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေး၊ ကွန်ရက်ချိတ်ဆက်ရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြောကြား
ပုဂံ၊ မြန်မာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သည် ဒေသတွင်း တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှု မြှင့်တင်ရာတွင် အကျိုးကျေးဇူးရှိသော ရလဒ်များ ရရှိခဲ့ကြောင်း ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။၇ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချိန်၌ ဝမ်က LMC ခြောက်နိုင်ငံအနေဖြင့် ယမန်နှစ်ကစ၍ ၂၀၂၀ ပြည့်နှစ်တွင် တတိယအကြိမ်မြောက် LMC ခေါင်းဆောင်များအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပထမဆုံးအချက်မှာ ဒေသတွင်းနိုင်ငံများသည် ကိုဗစ်-၁၉ (COVID-19) ရောဂါတိုက်ဖျက်ရေးနှင့် လူထုကိုယ်ခံအားစနစ်အကာအကွယ်တစ်ခု တည်ဆောက်ရေး လက်ချင်းချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် မဲခေါင်ဒေသနိုင်ငံများထံ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂၀၀ ကျော်ပံ့ပိုးပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များကိုလည်း စေလွှတ်ခဲ့ကြောင်း၊ ယင်းနိုင်ငံများတွင် COVID-19 nucleic acid စစ်ဆေးရေးဓာတ်ခွဲခန်းများနှင့် ရွေ့လျားဆေးရုံခန်းများ တည်ဆောက်ရာ၌ ကူညီပေးခဲ့ကြောင်း ဝမ်က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မဲခေါင်ဒေသနိုင်ငံများအတွက် တရုတ်ရိုးရာတိုင်းရင်းဆေးဝါး ကျွမ်းကျင်သူ ၁,၃၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးရာတွင် ပံ့ပိုးကူညီခဲ့သည်။
ဒုတိယအနေဖြင့် အရည်အသွေးမြင့်မားသော ကွန်ရက်ချိတ်ဆက်ခြင်းကို မြှင့်တင်ပေးခဲ့သလို “ဖွံ့ဖြိုးတိုးတက်မှုအင်ဂျင်” တစ်ခုကိုလည်း ပူးတွဲဖန်တီးပေးနိုင်ခဲ့ကြောင်း ဝမ်က ဆိုသည်။ ယမန်နှစ် ဒီဇင်ဘာလ အစောပိုင်းက တရုတ်-လာအို ရထားလမ်း စတင်လည်ပတ်ချိန်မှစ၍ ကုန်စည် တန်ချိန် ၈၀၀,၀၀၀ နီးပါးကို နယ်စပ်ဖြတ်ကျော်လျက် တင်ပို့ပေးနိုင်ခဲ့ပြီး ကုန်စည်အမယ်ပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တည်ဆောက်ထားသော စီမံကိန်းများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အမှတ် ၁၁ အမျိုးသား လမ်းမကြီး၊ ထိုင်နိုင်ငံ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ရှိ ဂိတ်ပေါက်အသစ်နှင့် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ Cat Linh-Ha Dong မြေအောက်ရထားလမ်း စသည်တို့ကို ပြန်လည်အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်း အပါအဝင် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု၊ လူမှုရေးဆိုင်ရာ အကဲဖြတ်နှင့် ဘူမိဗေဒစစ်တမ်းနှင့် ဖြစ်နိုင်ခြေလေ့လာမှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများအကြား ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် အမေရိကန်ဒေါ်လာ ၃၉၈ ဘီလီယံ၊ ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယခုနှစ် ပထမငါးလအတွင်း နှစ်ဘက်ကုန်သွယ်မှုမှာလည်း ၁၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။
တတိယအချက်မှာမူ အဆိုပါနိုင်ငံများသည် “ချစ်ကြည်ရေးတံတား” တစ်ခု တည်ဆောက်ရာတွင် ဒေသခွဲနိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ဝမ်က ဆိုသည်။ လန်ချန်း-မဲခေါင်း ဒေသတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမဆုံးဖိုရမ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒေသအဆင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းအသစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
စတုတ္ထအချက်အနေဖြင့်မူ ဒေသတွင်းနိုင်ငံများသည် ပျော်ရွှင်ဖွယ်ရာနေအိမ်တစ်ခု ဖန်တီးရန် ပြည်သူများ၏ သုခချမ်းသာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲ တွန်းအားပေးလျက်ရှိကြောင်း ဝမ်က ထည့်သွင်းပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုများကိုလည်း ချဲ့ထွင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် မဲခေါင်ဒေသနိုင်ငံများမှ တရုတ်နိုင်ငံ၏ သွင်းကုန်များမှာလည်း ယမန်နှစ်ကထက် အမေရိကန်ဒေါ်လာ ၁၇.၄ ဘီလီယံ ရောက်ရှိခဲ့ကာ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသော အမျိုးသားအားကစားရုံ စီမံကိန်းကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် မီးလင်းရေးစီမံကိန်းမှာလည်း ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံက ရန်ပုံငွေပံ့ပိုးမှုဖြင့် ပြုပြင်ခြင်းနှင့် အသစ်ပြုပြင်ဆောက်လုပ်ခြင်း စီမံကိန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ကျေးလက်ရေပေးဝေရေးစီမံကိန်းမှာလည်း အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုရှိနေပြီးဖြစ်ကြောင်း သိရသည်။
လန်ချန်း-မဲခေါင် နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်ခြောက်နိုင်ငံတို့ ပါဝင်သည်။ လန်ချန်းမြစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်မှ မြစ်ဖျားခံစီးဆင်းလာခြင်းဖြစ်သည်။ အဆိုပါမြစ်သည် ပင်လယ်အတွင်းသို့ မစီးဝင်မီ အခြားနိုင်ငံ ၅ နိုင်ငံအား ဖြတ်သန်းစီးဆင်းသွားကာ မဲခေါင်မြစ်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ (Xinhua)
————————-
(English Version)
Chinese FM hails Lancang-Mekong cooperation on fight against COVID-19, connectivity, livelihood
Source: Xinhua
Editor: huaxia
2022-07-04 23:58:14
BAGAN, Myanmar, July 4 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi said here on Monday that the Lancang-Mekong Cooperation (LMC) has achieved fruitful results in promoting regional stability and prosperity.
When chairing the seventh LMC foreign ministers’ meeting, Wang said that since last year the six LMC countries have earnestly implemented consensuses reached at the third LMC leaders’ meeting in 2020.
First, the countries have joined hands to combat COVID-19 and build an immune shield. China provided over 200 million doses of COVID-19 vaccines and dispatched medical expert teams to the Mekong countries, and helped the countries establish COVID-19 nucleic acid testing labs and mobile cabin hospitals, he said.
China also helped train some 1,300 Traditional Chinese Medicine personnel for the Mekong countries.
Second, they have promoted high-quality connectivity and jointly created a “development engine,” Wang said. Since the operation of the China-Laos Railway in early December last year, nearly 800,000 tons of freight have been transported cross-border, covering more than 100 kinds of goods.
Chinese-built projects which have been completed include the rehabilitation and expansion of Cambodia’s National Road No. 11, the new terminal at Thailand’s Suvarnabhumi International Airport and the Cat Linh-Ha Dong metro line in the Vietnamese capital Hanoi.
The Kyaukpyu deep-sea port project in Myanmar has started its environmental assessment, social assessment, and geological survey and feasibility study.
In 2021, trade between China and the Mekong countries reached 398 billion U.S. dollars, up 23 percent year-on-year. In the first five months of this year, trade between the two sides witnessed a 16-percent growth.
Third, the countries have rolled out sub-national cooperation to build a “bridge of friendship,” Wang said. The first forum on Lancang-Mekong local government cooperation was successfully held, creating a new platform for local level cooperation.
Fourth, the countries have been jointly pushing cooperation on people’s well-being to build a happy home, Wang said. China has expanded imports of agricultural products from the Association of Southeast Asian Nations. In 2021, China’s imports from the Mekong countries reached 17.4 billion dollars, up nearly 33 percent year-on-year.
Moreover, the China-aided national stadium project in Cambodia has been inaugurated; the lighting project supported by China in the Lao capital Vientiane has been completed; the China-sponsored maintenance and renovation project of the national stadium in Myanmar has also been handed over; and notable progress has been made in the China-built rural water supply project in Vietnam.
The LMC consists of six countries — China, Cambodia, Myanmar, Laos, Thailand and Vietnam. The Lancang River originates from the Qinghai-Tibet Plateau in southwestern China. It is called the Mekong River as it flows through the other five countries before emptying into the sea. ■
Photo : Chinese State Councilor and Foreign Minister Wang Yi, Myanmar’s Foreign Minister U Wunna Maung Lwin, Lao Vice Premier and Foreign Minister Saleumxay Kommasith, Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn, Thai Deputy Prime Minister and Foreign Minister Don Pramudwinai and Vietnamese Foreign Minister Bui Thanh Son attend the seventh Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting in Bagan, Myanmar, July 4, 2022. (Xinhua/Zhang Dongqiang)