Connect with us

Videos

NATO ၏ ချဲ့ထွင်မှုသည် ရန်စမှု ဟု ရုရှားဘက်က မြင်ကြောင်း ကျွမ်းကျင်သူတစ်ဦးဆို

ဘာစီလိုနာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ညီလာခံ အား ကျူးကျော်ရန်စမှုများ တိုးပွားလာပြီး လုံခြုံရေးမူဝါဒများ မငြိမ်မသက်ဖြစ်စေမှုများကြောင့် စစ်ဘက်ဆိုင်ရာမဟာမိတ်ဖန်တီးမှုအပေါ် ဝေဖန်ပြစ်တင်မှုမြောက်မြားစွာကြားမှ ကြာသပတေးနေ့ (ဇွန် ၃၀ ရက်) က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အဆုံးသတ်ခဲ့ သည်။

“အခု ဆိုရင် NATO ဟာ သူတို့က ခုခံ ကာကွယ်ရေးမဟာမိတ်သက်သက်သာဖြစ်တယ်လို့ တုန့်ပြန်ပါလိမ့်မယ် ဒါကြောင့် ဘာကြောင့်များ ရုရှားက အနောက်နိုင်ငံတွေရဲ့ ကျူုးကျော်မှုကိုကြောက်နေရတာလဲပေါ့၊ ဒါပေမဲ့ ရုရှားဘက်က အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ရန်စမှုတစ်ခုဖြစ်နေတာပဲလေ” ဟု စပိန်နိုင်ငံအခြေစိုက် ပထဝီနိုင်ငံရေးနှင့်ဗျူဟာ ရေးရာကျွမ်းကျင်သူက ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့သည်။
Rosenberg က စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပလျက်ရှိသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ညီလာခံ ကျင်းပခြင်းနှင့်စပ်လျဉ်းကာ ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“အခု ဆိုရင် NATO ဟာ သူတို့က ခုခံ ကာကွယ်ရေးမဟာမိတ်သက်သက်သာဖြစ်တယ်လို့ တုန့်ပြန်ပါလိမ့်မယ် ဒါကြောင့် ဘာကြောင့်များ ရုရှားက အနောက်နိုင်ငံတွေရဲ့ကျူးကျော်မှုကိုကြောက်နေရတာလဲပေါ့၊ ဒါပေမဲ့ ရုရှားဘက်က အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ရန်စမှုတစ်ခုဖြစ်နေတာပဲလေ။ ဒါဟာ ကျူးကျော်မှုကို တရားမျှတတယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူး ။ ဒါပေမယ့် အရှေ့ပိုင်းဆီကို စဉ်ဆက်မပြတ်ချဲ့ထွင်လာမှုအပေါ် ရုရှားဘက်ရဲ့ တုန့်ပြန်မှု ကိုသေချာပေါက် မျှော်လင့်ထား ခဲ့ပြီးသားပါ”
“၁၉၈၉ ခုနှစ်(၁၉၉၀) မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိမ်းစ် ဘာကာ က ရုရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို ကတိပေးခဲ့တာကတော့ “ဂျာမနီတွေရဲ့ ပြန်လည်ပေါင်းစည်းရေးက ခင်ဗျားတို့အတွက် ထိခိုက်မှုရှိစေတယ်ဆိုတာကိုသိပါတယ်၊ ဘာလို့လည်းဆိုတော့ အဲဒီနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တော့မှာမို့လို့လေ၊ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတိပေးလိုတာကတော့ အရှေ့ဘက်ပိုင်းကိုဘယ်တော့မှ ချဲ့ထွင်မှာမဟုတ်ပါဘူး ။ အနာဂတ်မှာလဲ တစ်လက်မတောင်မှချဲ့ထွင်မှာမဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အခုအချိန်မှာတော့ မှန်ကန်မှုမရှိတော့ပါဘူး။”

“အရှေ့နဲ့အနောက်အကြား နယ်နမိတ်ဟာ တဖြည်းဖြည်း အရှေ့ဘက်ကို ရွှေ့လျားလာခဲ့ပါတယ်။ တကယ်တော့ ဥရောပ သမဂ္ဂကို ဝင်ရောက်တဲ့ နိုင်ငံတွေစာရင်းနဲ့ NATO ကို ဝင်ရောက်တဲ့နိုင်ငံတွေ စာရင်းကိုခင်ဗျားတို့ ကြည့်လိုက်ပါ။ အဲဒါဆိုရင် အဲဒီအဖွဲ့အစည်းတွေအကြား ခိုင်မာတဲ့ဆက်စပ်မှုကိုတွေ့ရှိလာမှာပါ”

“ဖင်လန်နိုင်ငံကလဲ နှစ်ပေါင်းများစွာ ရုရှားကိုရန်မစဖြစ်စေမယ့် လမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်ခဲ့ပါတယ် အဲဒီလိုပါပဲ ဆွီဒင်နိုင်ငံကလဲ နှစ်ကာလ တော်တော်ကြာကြာ ဆိုးသည်ကောင်းသည်မဟူ ကြားနေဖို့ သာ ကြိုးစားခဲ့ပါတယ်၊ သူတို့အတွက် ရှေ့တိုးပြီး “ကျွန်တော်တို့လဲ NATOအဖွဲ့ထဲဝင်မယ်လို့”ဆိုလိုက်လို့ရှိရင် မြောက်ပိုင်းမှာ ရှိတဲ့နိုင်ငံတွေအတွက် အန္တရာယ်ဟာ ဘယ်လောက်တောင်ကြီးတယ်ဆိုတာကို ပြသသွားပါလိမ့်မယ်”

“နေတိုးရဲ့ ပဋိဉာဉ်ကို ဆန့်ထုတ်မှုတစ်ခုအဖြစ် ယခင် ယူဂိုဆလပ်ဗီးယားမှာနေတိုးကပါဝင်ခဲ့တာဖြစ်ပါတယ်၊ NATO ဟာ ပစိဖိတ်သမုဒ္ဒရာ ဒါမှမဟုတ် အာဖရိကတိုက်မှာ ဘာမှ လုပ်ဆောင်ပေးမှာမဟုတ်တဲ့အဖွဲ့အစည်းပါ၊ အဲဒါက အဓိပ္ပါယ်တော့မရှိဘူးလေ ဘာမှ မလုပ်ပေးဘူးဆိုရင်ဘာလို့ဖွဲ့ထားတာလဲပေါ့” ဟူ၍ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
GLOBALink | From Russian perspective, NATO expansion is provocation: Spain-based expert
BARCELONA, July 3 (Xinhua) — “Now, NATO will insist that they are a defensive alliance, therefore why should Russia ever fear an invasion from the West? However, from a Russian perspective, this is provocation,” a Spain-based global geopolitics and strategy expert has said to Xinhua.
“Now, NATO will insist that they are a defensive alliance, therefore why should Russia ever fear an invasion from the West? However, from a Russian perspective, this is provocation.” said Mike Rosenberg, a Spanish-based expert in global geopolitics and strategy in a recent interview with Xinhua.

Rosenberg made the remarks while commenting on the ongoing North Atlantic Treaty Organization (NATO) summit in Madrid.
SOUNDBITE (English): MIKE ROSENBERG, Spanish-based expert in global geopolitics and strategy
“Now, NATO will insist that they are a defensive alliance, therefore why should Russia ever fear an invasion from the West? However, from a Russian perspective, this is provocation. That is not to say it justifies an invasion, but that a Russian reaction to the constant and steady eastward expansion was to some degree expected.
In 1989 (1990), the Secretary of State of the United States, the American foreign minister, Mr. (James) Baker, promised his Russian counterpart, saying ‘I know German reunification is tough for you guys, because it’s going to be a NATO country, but I promise we will not expand eastwards, not even one inch, in the future.’ But of course that isn’t true.
The border between the East and the West has been moving steadily eastward. In fact, you can also look at the list of countries which joined the European Union and the countries which joined NATO, and there’s a strong correlation between them.
Finland has chosen a path of not trying to antagonize Russia for many years, and of course Sweden has been neutral through thick and thin for a long, long time. For them, to step forward and say, ‘we want to join NATO,’ can show you how real this threat is perceived by countries in the North.
The fact that NATO was involved in (the former) Yugoslavia was a stretch for NATO’s charter. NATO will not ever be the organization which does anything in the Pacific Ocean or in Africa. It doesn’t make any sense; that’s not what it’s for.”
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.