Connect with us

China

တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲတွင် ယွမ် ဘီလီယံ ၂၉၀ ရှိသော စီမံကိန်းများ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲသို့ တက်ရောက်လာသူများကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ မေ ၁၈ ရက်က ကျင်းပသော ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ဘီလီယံ ၂၉၀ (အမေရိကန်ဒေါ်လာ ၄၁.၅၅ ဘီလီယံခန့်) တန်ဖိုးရှိသော အဓိကစီမံကိန်း ၈၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများအနက် ၈၄ ခုမှ ချုံချင့်မြို့တွင် တည်ရှိမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၂၈၅.၄၂ ဘီလီယံရှိကြောင်း၊ ယင်းအနက် စီမံကိန်း ၅၆ ခုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၁ ဘီလီယံစီရှိမည်ဖြစ်ကာ ချုံချင့်မြို့ရှိ စုစုပေါင်း သဘောတူညီထားသည့် စီမံကိန်းများ၏ ၆၆.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထိုစီမံကိန်းများမှာ ဉာဏ်ရည်ချိတ်ဆက်ထားသော စွမ်းအင်သစ်မော်တော်ယာဉ်၊ အဆင့်မြင့်စက်ကိရိယာများ၊ ခေတ်မီစက်ယန္တရား၊ စွမ်းအင်နှင့် စားသောက်ကုန်နှင့် လယ်ယာထွက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ စသည့် နယ်ပယ်များအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားခြင်းဖြစ်သည်။

“တောက်ပသော အနာဂတ်အတွက် အနောက်ဘက်ဒေသနှင့် လက်ချင်းတွဲကြစို့” ဟူသော ခေါင်းစဉ်ဖြင့် လေးရက်ကြာပြုလုပ်သော ကုန်စည်ပြပွဲသည် နိုင်ငံနှင့် ဒေသပေါင်း ၃၈ ခု၊ တရုတ်နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့် ဒေသ၂၆ ခုမှ စီးပွားရေးလုပ်ငန်း ၉၀၀ ကျော်ကို ဆွဲဆောင်ထားခဲ့သည်။ (Xinhua)

………………………………
(English Version)
Projects worth over 290 bln yuan signed at western China int’l fair
CHONGQING, May 18 (Xinhua) — A total of 88 major projects, with a contracted investment amounting to 290.7 billion yuan (about 41.55 billion U.S. dollars), were signed at the fifth Western China International Fair for Investment and Trade, which kicked off Thursday in southwest China’s Chongqing Municipality.
Out of these projects, 84 will be located in Chongqing, with a contracted investment of 285.42 billion yuan, and among them, 56 exceeded 1 billion yuan each, accounting for 66.7 percent of the total contracted projects in Chongqing.
The projects cover a wide range of fields such as intelligent connected new energy vehicles, advanced materials, smart equipment, energy, and the processing of food and agricultural products.
Themed “Joining Hands with the West for a Brighter Future,” the four-day fair has attracted more than 900 enterprises from 38 countries and regions, and 26 provincial-level regions across China.
Photo: Visitors attend the fifth Western China International Fair for Investment and Trade in southwest China’s Chongqing Municipality, May 18, 2023. (Xinhua/Chu Jiayin)