Connect with us

Economy

တိဗက်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ပေကျင်းမြို့တွင်ဖွင့်လှစ်

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနာဂတ်ဖွံ့ဖြိုးတိုးတကမှုအတွက် အသိပညာ စုပေါင်းပါဝင်ရန် တိဗက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်ကို မေ ၂၃ ရက်တွင် ပေကျင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးနှင့် တိဗက်ဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် တစ်ရက်တာ ဖိုရမ်တွင် ပြည်တွင်းပြည်ပမှ အစိုးရတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များနှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါ၀င်တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်း ဖိုရမ်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး ကာကွယ်မှုကဏ္ဍတွင် တိဗက်၏ စာမျက်နှာအသစ်ကို ဖွင့်လှစ်ရန် အလေးထားဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဆွေးနွေးမည့်အကြောင်းအရာများမှာ ပြည်သူ့အခြေပြု ဒီမိုကရေစီအရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၊ တိဗက်ယဉ်ကျေးမှုနှင့် ဂေဟစနစ်ယဉ်ကျေးမှု အပါအဝင် ခေါင်းစဉ်ခွဲများကို ဖိုရမ်ခွဲငါးခုဖြင့် ဆွေးနွေးရန် စီစဉ်ထားသည်။ (Xinhua)
———————-
Forum on Tibet’s development opens in Beijing
BEIJING, May 23 (Xinhua) — A forum on the development of Tibet opened Tuesday in Beijing to pool wisdom for further development of the autonomous region in southwest China.
The one-day forum, jointly hosted by the State Council Information Office and the regional government of Tibet, brings together officials, experts, and representatives of enterprises and media organizations from home and abroad.
The forum focuses on Tibet’s new chapter in high-quality development and human rights protection.
Five sub-forums are scheduled to be held to discuss topics including whole-process people’s democracy, high-quality development, as well as Tibet’s culture and ecological civilization. ■