Local
မြန်မာအထည်ချုပ်လုပ်ငန်းက အခြေခံစက်ချုပ်သင်တန်းများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ကအခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့်အလုပ်အကိုင်လိုအပ်နေသူများစွာအား အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း MGMA က နိုဝင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ အစီအစဉ်များမှတစ်ဆင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကြား သင်တန်းသားဦးရေ ၁၅,၃၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်က ဆင်ဟွာကို ပြောခဲ့သည်။
အခြေခံစက်ချုပ်သင်တန်းများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အထည်ချုပ်စက်ရုံများအတွက် ကျွမ်းကျင်အလုပ်သမားများ လေ့ကျင့်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သင်တန်းသားတွေအနေနဲ့ ဒီသင်တန်းဆင်းတာနဲ့ စက်ရုံတွေမှာ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းရှိပါတယ်။ ကျွန်မတို့အသင်းအနေနဲ့ သင်တန်းလာတက်တဲ့ သင်တန်းသားတွေကိုလေ့ကျင့်သင်ကြားပေးရုံတင်မကဘဲနဲ့ အထည်ချုပ်စက်ရုံတွေနဲ့ အလုပ်အကိုင်ရအောင်လည်း ချိတ်ဆက်ပေးပါတယ်” ဟု ဒေါ်အေးမိရှိန်က ဖြည့်စွက်ပြောခဲ့သည်။
အချိန် သုံးပတ်ကြာ တက်ရောက်ရမည့် အခြေခံစက်ချုပ်သင်တန်းများကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာက ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း MGMA ထံမှ သိရသည်။ (Xinhua)
……………………………………
Myanmar garment industry creates job opportunities through basic sewing courses
YANGON, Nov. 23 (Xinhua) — The Myanmar Garment Manufacturers Association (MGMA) has been providing job opportunities for numerous individuals by offering basic sewing machine operator training courses, according to the MGMA on Friday.
Between 2011 and 2024, 15,300 trainees have been trained through these programs, Aye Mi Shein, managing director of MGMA told Xinhua.
These basic sewing courses are aimed at creating job opportunities and training skilled workers for the garment industry, she said.
“Trainees have the chance to get a job at factories as soon as they finish the course. Our association not only provides training but also offers job opportunities by connecting trainees with garment factories,” she added.
The three-week basic sewing machine operator training courses are conducted at the Myanmar Garment Human Resource Development Center, according to the MGMA.
Photo: Employees work at a garment factory in Yangon, Myanmar, May 12, 2023. (Photo by Myo Kyaw Soe/Xinhua)