Connect with us

Myanmar

မြန်မာနိုင်ငံ၌ ရက်သတ္တပတ်တစ်ပတ်အတွင်း တရားမဝင်သစ် တန် ၆၀ ကျော် သိမ်းဆည်းရမိ

မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိမှုများအား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း ရက်သတ္တပတ်တစ်ပတ်အတွင်း တာဝန်ရှိသူများက တရားမဝင်သစ် တန် ၆၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တရားမဝင် ကျွန်း ၂၂.၃၀ တန်ကျော်၊ သစ်မာ ၅.၄၁ တန်ကျော်နှင့် အခြားသစ် ၃၃.၃၈ တန်ကျော်အား နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ ပြစ်မှုကျုးလွန်သူ ၁၇ ဦးအား ယာဉ်/ယန္တရား ၁၀ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)


…………………………
(English Version)
Myanmar seizes over 60 tons of illegal timbers
YANGON, Dec. 4 (Xinhua) — Myanmar authorities have seized over 60 tons of illegal timbers across the country in a week, the state-run daily The Mirror reported on Wednesday.
From Nov. 25 to Dec. 1, they confiscated over 22.30 tons of teak, over 5.41 tons of hardwood and over 33.38 tons of other types of timbers in the country’s regions, states and Nay Pyi Taw Union Territory, the report said.
During this period, 17 offenders were charged in connection with the cases, along with the seizure of ten vehicles and machines, it added.
The Forest Department has been cracking down on illegal logging and trading of forest products and is committed to implementing tree plantation projects in substitution. ■