Connect with us

Education & Health

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၂၂၀,၀၀၀ ခန့် စာရင်းပေးသွင်းထား

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို ၂၀၂၃ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ ၂၂၀,၀၀၀ ခန့် စာရင်းပေးသွင်းထားကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ဒီဇင်ဘာ ၉ ရက်၌ သတင်းဖော်ပြခဲ့သည်။
ယခင်ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသား/ကျောင်းသူအရေအတွက်မှာ ပိုမိုများပြားလာကြောင်း သတင်းအရ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၂၀,၀၀၀ ကျော် စာမေးပွဲဖြေဆိုခဲ့ကြကြောင်း၊ ၎င်းတို့အနက် ၇၄,၀၀၀ ကျော် စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)
…………………..
(English Version)
About 220,000 students register for matriculation exam in Myanmar

YANGON, Dec. 9 (Xinhua) — About 220,000 students registered for the nationwide matriculation examination of Myanmar for the academic year of 2024-2025, state-run Myanmar Radio and Television (MRTV) reported on Monday.
The number of students registered to take the exam for the 2024-2025 academic year increased compared to the previous academic year, the report said.
In the 2023-2024 academic year, over 120,000 students sat for the exam, out of which more than 74,000 passed, it added.
The nationwide matriculation exam for the 2024-2025 academic year will be held from March 17 to March 22, 2025, according to the Department of Myanmar Examinations.
Photo: Students are to sit for the matriculation exam for the academic year of 2022-23 in Yangon, Myanmar, March 8, 2023. (Photo by Myo Kyaw Soe/ Xinhua)