Connect with us

China

မျိုးဆက်နှစ်ဆက်၏ ဘဝဇာတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်မိသားစုတစ်စုကြားက သံယောဇဥ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ‌ပေဟိုင်ဥယျာဥ်၌ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည့် ဂျွန်မေ အာဘွန်ညာအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အယ်ဒီတာ့မှတ်စု- တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မျှော်လင့်ချက်မှာ ပြည်သူများထံ၌ တည်ရှိကာ အခြေခံလူထုချင်း ကူးလူးဆက်သွယ်မှုက ယင်း၏ အခြေခံအုတ်မြစ်ဖြစ်ပေသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အနိမ့်အမြင့်၊ အတက်အကျများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အဓွန့်ရှည်တည်တံ့သော ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုက ထိုဆက်ဆံရေးအတွက် နွေးထွေးပျူငှာမှုနှင့် အရှိန်အဟုန်များကို စဥ်ဆက်မပြတ် အသက်သွင်းပေးလျက်ရှိသည်။
ဇန်နဝါရီ ၁ ရက်သည် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၄၆ နှစ်မြောက် အခါသမယ ဖြစ်သည်နှင့်အညီ ဆင်ဟွာသတင်းဌာနအနေဖြင့် တရုတ်ယဥ်ကျေးမှုအား နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားကာ နှစ်နိုင်ငံအကြား ကွဲလွဲမှုများကို ပေါင်းကူးစေ့စပ်ပေးရန် တက်တက်ကြွကြွ လုပ်ဆောင်နေသော အမေရိကန်နိုင်ငံသားများအကြောင်း အကျယ်တဝင့် ဖော်ပြသည့် သတင်းဆောင်းပါးများကို ထုတ်ပြန်လျက်ရှိသည်။
ဂျွန်မေ အာဘွန်ညာအဖို့ ဟန့်ဖူဆိုသည်မှာ တရုတ်ရိုးရာဝတ်စုံ တစ်ခုမျှသာမကဘဲ ယဥ်ကျေးမှုချင်း ပေါင်းကူးဆက်သွယ်ပေးသောအရာ၊ တရုတ်နိုင်ငံ၏ ကြွယ်ဝသော သမိုင်းကြောင်းကို လှစ်ဟပြနေသည့် ပြတင်းတံခါး တစ်ချပ်လည်းဖြစ်သည်။ အသက် ၃၀ အရွယ်ရှိ cultural influencer တစ်ဦးဖြစ်သည့် အဆိုပါ အမေရိကန်သူမှာ ဟန့်ဖူဝတ်စုံအပေါ် စွဲလမ်းမှု၊ တရုတ်ရိုးရာဓလေ့များအပေါ် မြတ်နိုးမှုကြောင့် အွန်လိုင်းပေါ်တွင် ဖော်လိုဝါ (follower) သန်းဝက်နီးပါးကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ၎င်း၏ခရီးမှာ ၎င်းနှင့် တရုတ်နိုင်ငံအကြား ဆက်နွှယ်မှုကို မသိရှိမီ ကာလအတော်ကြာကတည်းကပင် ယဉ်ကျေးမှုအပေါ် တန်ဖိုးထားတတ်မှုကို မျိုးစေ့ချပေးခဲ့သည့် ၎င်း၏ မိဘများ၏ ဘဝဇာတ်ကြောင်းနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်လျက်ရှိသည်။
ဝစ္စကွန်ဆင်ပြည်နယ် ဇာတိဖြစ်သော ဂျွန်မေ၏မိဘများက အင်္ဂလိပ်စာဆရာ/ဆရာမများအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ တာ့လျန် ကမ်းရိုးတန်းမြို့တွင် ၎င်းကို ၁၉၉၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ ၎င်း၏ မိဘများသည် ကမ္ဘာကြီးအား သိမြင်နားလည်နိုင်မှု စွမ်းအားအပေါ် ယုံကြည်ချက်ဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အစောပိုင်းကာလဖြစ်သည့် ၁၉၈၇ ခုနှစ်၌ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ကျွန်မမိဘတွေက သူတို့စိတ်ထဲမှာ အမြဲအောက်မေ့သတိရနေတဲ့ တာ့လျန်မြို့ခံတွေရဲ့ ကြင်နာမှုနဲ့ ဖော်ရွေမှုတွေအကြောင်း မကြာခဏဆိုသလို ပြန်ပြောပြလေ့ရှိပါတယ်” ဟု ဂျွန်မေက ဆိုသည်။ “ကျွန်မမိဘတွေက တရုတ်နှစ်သစ်ကူးကာလမှာ စပြီးရောက်လာခဲ့တာပါ။ သူတို့က တိုင်းတစ်ပါးကလာတဲ့ သူစိမ်းတွေဆိုပေမဲ့ မြို့ခံတွေက သူတို့နဲ့အတူ ပျော်ပျော်ပါးပါးဆင်နွှဲဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်ခဲ့တယ်” ဟုလည်း ၎င်းက ပြောပြခဲ့သည်။
ထိုဇနီးမောင်နှံမှာ ၎င်းတို့၏ လူမှုအသိုက်အဝန်း၌ မြန်မြန်ဆန်ဆန် အခြေတကျဖြစ်လာခဲ့ကာ ဒေသခံများထံမှ လေ့လာသင်ယူလျက် ယဥ်ကျေးမှုချင်း ဖလှယ်မှုကိုလည်း အထောက်အကူပေးခဲ့သည်။ ဂျွန်မေ၏ ဖခင်ဖြစ်သူ တင်မ်အာဘွန်ညာကလည်း “Red Star Over China” ဟူသော စာအုပ်ကို မှီငြမ်းရိုက်ကူးထားသည့် ၁၉၉၄ ရုပ်သံဇာတ်လမ်းတွဲ၌ အက်ဂါစနိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ ထိုစဥ်က ယန်အန်းမြို့ကဲ့သို့ တော်လှန်ရေး၏ အမှတ်သညာနေရာများသို့ သွားရောက်လည်ပတ်ခဲ့သည်။
“တာ့လျန်မြို့မှာရှိခဲ့တဲ့ အဲဒီနှစ်ကာလတွေက သူ့ဘဝရဲ့ အရေးအပါဆုံး အလှည့်အပြောင်းတချို့ပါပဲလို့ အဖေက ကျွန်မကို အမြဲပြောပြပါတယ်” ဟု ဂျွန်မေက ဆိုသည်။ ဂျွန်မေ၏ ဖခင်သည် ယင်းအတွေ့အကြုံများကို အခြေခံ၍ “I Am Chinese” ဟု အမည်ရသော သီချင်းတစ်ပုဒ်ကို စပ်ဆိုခဲ့ကာ ၎င်းတို့ ခရီးထွက်ခဲ့သည့် မြို့များအကြောင်း၊ ၎င်းနှင့် တရုတ်နိုင်ငံအကြား နက်ရှိုင်းသော ပတ်သက်မှုအကြောင်းတို့ကို ထည့်သွင်းဂုဏ်ပြုခဲ့သည်။
ထိုမိသားစုနှင့် တာ့လျန်မြို့အကြား သံယောဇဥ်မှာ အလွန်နက်ရှိုင်းသည့်အတွက် ယင်းမြို့နှင့် မြို့ခံများအား ဂုဏ်ပြုသည့်အနေဖြင့် ဂျွန်မေ၏ အစ်မဖြစ်သူကို တာ့လျန်ဟု တရုတ်နာမည်ပေးခဲ့သလို ဂျွန်မေကိုလည်း “တရုတ်” နှင့် “အမေရိကန်” ၏ တရုတ်အသံထွက်အတိုင်း နာမည်ပေးခဲ့သည်။
“ကျွန်မမိဘတွေရဲ့ တရုတ်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုက ကျွန်မကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ပါတယ်။ ကျွန်မ အသက် ၆ နှစ်အရွယ်မှာ အမေရိကန်ကို ပြန်ရောက်လာပြီးနောက်မှာတောင် ကျွန်မမိဘတွေရဲ့ တရုတ်ဓလေ့ထုံးတမ်းတွေအပေါ် တန်ဖိုးထားမှုက ကျွန်မအပေါ် ဆက်ပြီးလွှမ်းမိုးထားတုန်းပါပဲ” ဟု ဂျွန်မေက ဆိုသည်။
ငယ်စဥ်က ညဥ့်ဦးပိုင်းအချိန်များတွင် တရုတ်ရာဇဝင် ပြဇာတ်များနှင့် ရုပ်ရှင်များကို မိဘများနှင့်အတူ ကြည့်ရှုခဲ့သည့် အကြောင်းကိုလည်း ဂျွန်မေက ပြန်လည်ပြောပြခဲ့သည်။ “အဲဒီတုန်းက တရုတ်လူမျိုးတွေအကြောင်း သိပ်မသိပေမဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ သမိုင်းနောက်ခံရှုခင်းတွေက ကျွန်မကို ဆွဲဆောင်နိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ ၎င်း၏မိဘများကလည်း ၎င်းအား မန်ဒရင်းဘာသာစကား သင်ယူရန်၊ တရုတ်လူမျိုး မိတ်ဆွေသူငယ်ချင်းများနှင့် ပေါင်းသင်းရန် တိုက်တွန်းခဲ့သည်။
ထိုသို့ ကြီးပြင်းလာရခြင်းက တရုတ်နိုင်ငံနှင့် ၎င်း၏ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမှုကို သိလိုစိတ် ပြင်းပြလာစေရန် လှုံ့ဆော်ပေးခဲ့ကာ နောက်ဆုံးတွင် ဂျွန်မေအား တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။
“တရုတ်နိုင်ငံအကြောင်း မျက်မြင်ကိုယ်တွေ့ လေ့လာချင်ပါတယ်” ဟု ဂျွန်မေက မန်ဒရင်းဘာသာစကားဖြင့် ကျွမ်းကျင်စွာပြောဆိုခဲ့သည်။ “ပြင်းပြင်းပြပြ စူးစမ်းလေ့လာဖို့နဲ့ ယဥ်ကျေးမှုချင်းဖလှယ်ဖို့ ကျွန်မမိဘတွေက ကျွန်မကို လမ်းညွှန်ခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း အဲဒီအမွေကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဂျွန်မေ အာဘွန်ညာမှာ အထက်တန်းတက်ရောက်စဥ် ပေကျင်းသို့ ရောက်ရှိလာခဲ့ကာ ထို့နောက် တရုတ်အကပညာ အထူးပြုဘာသာရပ်ဖြင့် ကောလိပ်တက်‌ရောက်စဥ်က တရုတ်နိုင်ငံတွင် ရှေးခေတ် ဓလေ့ထုံးတမ်းများကို ပြန်လည်ဖော်ထုတ်လျက်ရှိကာ လူငယ်မျိုးဆက်သစ်များကလည်း ထိုအမွေအနှစ်များကို ခေတ်မီနည်းလမ်းများဖြင့် လက်ခံကျင့်သုံးလျက်ရှိကြသည်။
ဟန့်ဖူဝတ်စုံအပေါ် လူကြိုက်များလာခြင်းမှသည် လက်ရေးလှအတတ်ပညာ၊ ကဗျာစာပေ စသည့် တရုတ်ဂန္ထဝင် အနုပညာဖန်တီးမှုများအပေါ် စိတ်ဝင်စားမှုများ ပြန်လည်နိုးကြားလာခြင်းအထိ ပြန်လည်ဆန်းသစ် ဖော်ထုတ်မှုက ဂျွန်မေနှင့် တရုတ်နိုင်ငံအကြား ပတ်သက်ဆက်နွှယ်မှုကို ပိုမိုနက်ရှိုင်းစေသည့် ပြီးပြည့်စုံသော နောက်ခံအခြေအနေကို ဖန်တီးပေးခဲ့သည်။
အဆိုပါ နှစ်များအတွင်း ဟန့်ဖူဝတ်စုံ၊ ဂန္ထဝင်ကဗျာစာပေနှင့် လက်ရေးလှအတတ်ပညာအပေါ် စွဲလမ်းမှုက ဂျွန်မေအတွက် အားတက်စရာ အသက်မွေးမှုအလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ၎င်းသည် TikTok ၊ Bilibili နှင့် Xiaohongshu စသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် အကြောင်းအရာများ ဖန်တီးကာ တရုတ်ယဥ်ကျေးမှုအကြောင်းကို ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ပရိသတ်များအား မတူညီသော ရှုထောင့်များမှ မျှဝေမိတ်ဆက်ပေးလျက်ရှိသည်။
“ဟန့်ဖူဝတ်စုံက တရုတ်နိုင်ငံရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းနဲ့ လက်မှုအတတ်ပညာကို ထင်ဟပ်စေပါတယ်။ အဲဒါက အတိတ်ကာလနဲ့ ပေါင်းကူးဆက်သွယ်ပေးသလို မျက်မှောက်ကာလမှာလည်း လှုံ့ဆော်မှုပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
ဖခင်ဖြစ်သူ၏ တီထွင်ဖန်တီးတတ်သော စိတ်နေစိတ်ထားနှင့် မိဘများ၏ ယဥ်ကျေးမှုဖလှယ်ရေး ဒဿနတို့က ဂျွန်မေ၏ လက်ရှိအလုပ်အပေါ် စေ့ဆော်ပေးလျက်ရှိသည်။ ဂျွန်မေသည် တရုတ်ရိုးရာ လက်မှုပညာများကို ခေတ်မီအကြောင်းအရာများနှင့် ပေါင်းစပ်ခြင်းမှသည် ဒေသိယစကားများနှင့် ဒေသတွင်းမှ ဈေးများအကြောင်း ဖော်ထုတ်ပြသခြင်းအထိ ယဥ်ကျေးမှုချင်း အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
“ရုပ်ဝတ္ထုပိုင်းမှာ ကြွယ်ဝချမ်းသာမှုနည်းပေမဲ့ လူအချင်းချင်း ပေါင်းစည်းဆက်သွယ်မှု အားကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အချိန်ကာလဖြစ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက တရုတ်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကျွန်မမိဘတွေရဲ့ ဘဝဇာတ်ကြောင်းတွေဟာ ကျွန်မရဲ့စိတ်အာရုံထဲမှာ နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်နေပါတယ်။ ကျွန်မလုပ်ခဲ့တဲ့ အရာတိုင်းမှာလည်း သူတို့ရဲ့တန်ဖိုးကို တွေ့ရပါတယ်” ဟုလည်း ၎င်းက ပြောပြခဲ့သည်။
“အဓိပ္ပာယ်ပြည့်ဝတဲ့ ပေါင်းကူးတံတားတွေ တည်ဆောက်ဖို့ ကျွန်မရဲ့ အတွေ့အကြုံတွေကို အသုံးချချင်ပါတယ်။ မတူညီတဲ့ ယဥ်ကျေးမှုတွေကို လက်ခံတတ်ခြင်းက ကျွန်မတို့အားလုံးအတွက် ပိုပြီးအကျိုးရှိစေတယ်ဆိုတာကို ဟန့်ဖူဝတ်စုံနဲ့ တခြားဓလေ့ထုံးတမ်းတွေကို ကြည့်ခြင်းအားဖြင့် နားလည်သဘောပေါက်မိပါတယ်” ဟု ဂျွန်မေက ဆိုသည်။ (Xinhua)


………………………….
(English Version)
Feature: Tale of two generations: An American family’s bond with China across time, cultures
Editor’s note: The hope for the China-U.S. relationship lies in the people, with grassroots connections as its foundation. While the two countries have experienced ups and downs in their bilateral ties, it is the enduring friendship between their peoples that has consistently infused warmth and momentum into this relationship.
As Jan. 1 marks the 46th anniversary of the establishment of China-U.S. diplomatic relations, Xinhua is releasing a series of stories highlighting Americans who deeply appreciate Chinese culture and work actively to bridge the differences between the two nations.
BEIJING, Dec. 26 (Xinhua) — For JongMay Urbonya, Hanfu is more than traditional Chinese attire — it’s a bridge between cultures and a window into China’s rich history. At 30, the American cultural influencer has captivated nearly half a million followers online with her passion for Hanfu and her love for Chinese traditions.
However, her journey is deeply intertwined with the story of her parents, who first planted seeds of cultural appreciation long before she discovered her connection to China.
JongMay was born in 1994 in Dalian, a coastal city in northeast China where her parents, originally from Wisconsin, worked as English teachers. They arrived in China in 1987, during earlier stage of the country’s reform and opening-up, motivated by a belief in the power of global understanding.
“My parents often reminisced about how the hospitality and kindness of the people in Dalian left a lifelong impression on them,” JongMay said, adding that “it was the Chinese Lunar New Year when my parents first arrived, and despite being strangers in a foreign country, they were warmly invited to celebrate with local families.”
The couple quickly became embedded in their community, learning from the locals and contributing to the cultural exchange. JongMay’s father, Tim Urbonya, also portrayed Edgar Snow in a 1994 television series adapted from the book Red Star Over China, where he visited revolutionary landmarks such as Yan’an.
“My dad always told me that those years in Dalian were some of the most transformative of his life,” JongMay reflected. Inspired by these experiences, he wrote a song titled “I Am Chinese,” celebrating the cities they had traveled to and his deep connection to the country.
The family’s bond with Dalian was so profound that they gave JongMay’s elder sister the Chinese name “Dalian” to honor the city and its people while JongMay was named after the Chinese pronunciation of “China” and “America”.
“My parents’ love for China shaped the environment I grew up in,” JongMay said. “Even after we returned to the United States when I was six, their appreciation for Chinese traditions continued to influence me.”
JongMay recalled childhood evenings watching historical Chinese dramas and films with her parents. “I didn’t understand much Chinese back then, but the stories and historical settings captivated me,” she said. Her parents also encouraged her to learn Mandarin and connect with Chinese friends.
This upbringing ignited JongMay’s curiosity about her Chinese roots, eventually leading her back to the country.
“I wanted to experience China through my own eyes,” said JongMay, fluent in Mandarin. “My parents taught me to embrace curiosity and cultural exchange, and I hoped to carry that legacy forward.”
By the time JongMay Urbonya arrived in Beijing during high school and later college, majoring in Chinese dance, the country was undergoing a revival of ancient traditions, with younger generations embracing the heritage in modern ways.
From the growing popularity of Hanfu to a resurgence of interest in classical Chinese arts like calligraphy and poetry, the revival provided JongMay with the perfect backdrop to deepen her connection to China.
Over the years, her passion for Hanfu, classical poetry, and calligraphy grew into a vibrant career. Today, she creates content on social media platforms, including TikTok, Bilibili and Xiaohongshu, showcasing different facets of Chinese culture to a global audience.
“Hanfu reflects China’s rich history and craftsmanship,” she said. “It’s a way to connect with the past while inspiring the present.”
Her father’s creative spirit and her parents’ philosophy of cultural exchange inspire her current work. From blending traditional Chinese crafts into modern contexts to showcasing dialects and local markets, JongMay continues to promote understanding between cultures.
“Their stories about living in China during the 1990s — a time when material life was less abundant but human connections were rich and genuine — resonate deeply with me,” she said. “I see their values in everything I do.”
“I want to use my experiences to build meaningful bridges,” she said. “Through Hanfu and other traditions, I’ve learned that embracing different cultures makes us all richer.”
English Caption
JongMay Urbonya reads a book at Beihai Park in Beijing, capital of China, Sept. 19, 2022. (Xinhua/Wei Mengjia)