Connect with us

Europe

တရုတ်နိုင်ငံ၌ ဂျာမနီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိဟု Financial Times သတင်းစာ ဖော်ပြ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ စိန်ရန်မြို့၊ Tiexi ခရိုင်ရှိ BMW Brilliance Automotive လီမိတက်၏ မော်တော်ကားထုတ်လုပ်သည့် စက်ရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဂျာမနီနိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိပြီး ယခုနှစ် ပထမနှစ်ဝက်၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ် တစ်နှစ်တာလုံး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် ကျော်လွန်သွားခဲ့သည်ဟု Financial Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ယင်းသည် တရုတ်ဈေးကွက်၏ အပေါင်းလက္ခဏာဆောင်သော အလားအလာများအပေါ် ဂျာမနီနိုင်ငံမှ ကုမ္ပဏီများ၏ ယုံကြည်မှုနှင့် အကောင်းမြင်မှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

ယခုနှစ် ဒုတိယသုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ ဂျာမနီနိုင်ငံမှ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယူရို ၄.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ) ရှိလာခဲ့ပြီး ပထမသုံးလအတွင်း မှတ်တမ်းတင်ထားသော ပမာဏထက် နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း၊ ပထမနှစ်ဝက်ကာလ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယူရို ၇.၃ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင်မူ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ယူရို ၆.၅ ဘီလီယံရှိခဲ့ကြောင်း ဂျာမနီဗဟိုဘဏ်မှ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ Financial Times က ဖော်ပြခဲ့သည်။
ထိုသို့ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းသည် ဥရောပ၏ စီးပွားရေးအင်အားအကြီးဆုံး ဂျာမနီနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ပထဝီဝင်နိုင်ငံရေးအရ စွန့်စားမှုပိုနည်းသော အခြားဈေးကွက်များဆီသို့ ဖြန့်ခွဲ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ၎င်းတို့အစိုးရ၏ တိုက်တွန်းမှုများကို လျစ်လျူရှုထားသည့် လက္ခဏာအား ပေါ်လွင်ထင်ရှားစေသည်ဟုလည်း ဖော်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု အများအပြားသည် “တရုတ်နိုင်ငံတွင်၊တရုတ်နိုင်ငံအတွက်” ဟူသော မဟာဗျူဟာကို ပိုမိုကျင့်သုံးလာသည့် ဂျာမနီ၏ အထင်ကရ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများ၏ အားဖြည့်ထောက်ကူမှုကြောင့် ဖြစ်သည်ဟုလည်း ၎င်းသတင်းစာက ဆိုသည်။ ထိုချဉ်းကပ်မှုပုံစံတွင် အထူးသဖြင့် ကပ်ရောဂါကျရောက်စဉ်နှင့် ဆူးအက်တူးမြောင်း ပိတ်ဆို့မှု ဖြစ်ပွားစဉ်အတောအတွင်း ဖြစ်လာနိုင်သော ထောက်ပံ့ကွင်းဆက်အပေါ် ထိခိုက်နိုင်ခြေများကို လျှော့ချရန် ၎င်းတို့၏ အလွန်အရေးပါသော ဈေးကွက်များထဲမှ တစ်ခုဖြစ်သည့် တရုတ်နိုင်ငံဆီသို့ ထပ်မံပြောင်းရွှေ့ထုတ်လုပ်ခြင်းလည်း ပါဝင်သည်။
Volkswagen နှင့် BMW ကဲ့သို့ အထင်ကရ ဂျာမနီမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများသည် တရုတ်နိုင်ငံ၌ ယူရို ၂.၅ ဘီလီယံရှိ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကို မကြာသေးမီလများက အသီးသီးကြေညာခဲ့သည်ဟု Financial Times က ဖော်ပြထားပြီး ထုတ်လုပ်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ကို အဓိကအာရုံစိုက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ ဂျာမနီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန် အားကောင်းလာခြင်းသည် ယခုနှစ်၏ လက်ကျန်ကာလများအထိ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့အစည်း Rhodium Group မှ လေ့လာဆန်းစစ်သူ ဒန်နီရယ်ဂိုးက ခန့်မှန်းထားသည်ဟု ၎င်းသတင်းစာ၌ ဖော်ပြခဲ့သည်။ (Xinhua)
…………………………
(English Version)
German investment in China soars as companies localize further: Financial Times
German direct investment in China has been surging, with the total in the first half of the year already surpassing that of the entire previous year, the Financial Times reported recently.
This highlights German companies’ confidence and optimism regarding the Chinese market’s positive prospects.
In the second quarter of this year, foreign direct investment from Germany into China reached 4.8 billion euros (5.3 billion U.S. dollars), nearly double the amount recorded in the first three months, bringing the total for the first half to 7.3 billion euros. For comparison, the total investment stood at 6.5 billion euros in 2023, as reported by the Financial Times, citing data from Germany’s central bank.
The investment surge underscores a sign “that companies in Europe’s largest economy are ignoring pleas from their government to diversify into other, less geopolitically risky markets,” as noted by the British media.
The report added that much of the investment was driven by major German carmakers, which are increasingly adopting an “In China, for China” strategy. This approach involves shifting more production to China, one of their crucial markets to mitigate supply chain risks, which became particularly apparent during the pandemic and the blockade of the Suez Canal.
The report said major German carmakers like Volkswagen and BMW have each announced further investments of 2.5 billion euros in China in recent months, with a focus on production and innovation.
Danielle Goh, an analyst at the U.S.-based research group Rhodium Group, predicts that the strong momentum of German investment in China would continue throughout the rest of the year, according to the report. Enditem

Vehicles under production are transferred through the office area at the Tiexi Plant of BMW Brilliance Automotive Ltd. in Shenyang, northeast China’s Liaoning Province, Feb. 16, 2022. (Xinhua/Yang Qing)