Connect with us

Europe

တရုတ်အလေးမအားကစားသမားများက အိုလံပစ်ရွှေတံဆိပ်များ ဆွတ်ခူးရရှိ၊ အလှပြရေကူးအဖွဲ့ကလည်း သမိုင်းဝင်မှတ်တိုင်ထူ

ပြင်သစ်အိုလံပစ်အားကစားပွဲတွင် အမျိုးသား ၆၁ ကီလိုတန်း အလေးမပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ Li Fabin ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်အလေးမအားကစားသမားများဖြစ်သော Li Fabin နှင့် Hou Zhihui တို့သည် ၂၀၂၄ ခုနှစ် အိုလံပစ်ချန်ပီယံအဖြစ် ဆက်လက်ရှိခဲ့ကြသလို တရုတ်နိုင်ငံက ဩဂုတ် ၇ ရက်၌ အလှပြရေကူးအားကစားတွင်လည်း ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ပဲရစ်အိုလံပစ်အားကစားပွဲ ကျင်းပလျက်ရှိသည်မှာ ၁၂ ရက်ရှိလာပြီဖြစ်ပြီး အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၂၇ ခုဖြင့် ဆုဇယားထိပ်ဆုံး၌ ရှိနေပြီး တရုတ်နိုင်ငံက ရွှေတံဆိပ် ၂၅ ခုဖြင့် ဒုတိယနေရာတွင် ရပ်တည်နေခဲ့သည်။
အသက် ၃၁ နှစ်အရွယ် လီသည် အလေး အမြန်မနည်းစနစ်တွင် ၁၄၃ ကီလိုဂရမ်ဖြင့်လည်းကောင်း၊ နှစ်ဆင့်မနည်းစနစ်တွင်မူ ၁၆၇ ကီလိုဂရမ်ဖြင့်လည်းကောင်း အိုလံပစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ပဲရစ်အိုလဲပစ်အားကစားပွဲတွင် အလှပြရေကူးအားကစားတွင် တရုတ်နိုင်ငံ ကိုယ်စားပြုအဖွဲ့မှ ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Chinese weightlifters retain Olympic golds, artistic swimming team make history
PARIS, Aug. 7 (Xinhua) — Chinese weightlifters Li Fabin and Hou Zhihui, both reigning Olympic champions, retained their titles at Paris 2024, while China also clinched its first ever gold in artistic swimming on Wednesday.
After Day 12, the United States top the medal tally with 27 golds, while China remain in second place with 25.
31-year-old Li set an Olympic record of 143kg in the snatch and lifted 167kg in the clean and jerk.
Photo 1: Li Fabin of China competes during the men’s 61kg weightlifting at the Paris Olympics on Aug. 7, 2024. (Xinhua/Yang Lei)
Photo 2: Team China compete during the team acrobatic routine of artistic swimming at the Paris Olympics on Aug. 7, 2024. (Xinhua/Xia Yifang)