Connect with us

China

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် C919 လေယာဉ် ရှီးဇန့်သို့ ပထမဆုံးအကြိမ်ဆိုက်ရောက်လာ

တရုတ်နိုင်ငံ Guangzhou Baiyun အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်လာသော China Southern Airlines မှ ပြေးဆွဲသော C919 ခရီးသည်တင်လေယာဉ်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) မှ ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှ အနီးဝန်းကျင်ရှိ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပျံသန်းခြင်းခရီးစဉ် စက်တင်ဘာ ၁၉ ရက်တွင် ပြီးစီးခဲ့ရာ ရှီးဇန့်‌ဒေသသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာခြင်းလည်းဖြစ်သည်။
အဆိုပါ စမ်းသပ်ပြေးဆွဲမှု ဆိုက်ရောက်သောနေရာ Lhasa Gonggar အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃,၅၆၉ မီတာရှိ Yarlung Zangbo မြစ်ဝှမ်းတောင်ကြားတွင် တည်ရှိသည်။ တောင်တန်းများဖြင့် ဝန်းရံထားပြီး ဒေသန္တရအခြေအနေရှုပ်ထွေး၍ ရာသီဥတုအမျိုးမျိုးပြောင်းလဲဖြစ်ပေါ်နေသော နေရာများက ဝေဟင်မြင့်လေကြောင်း တင်ဆက်မှု အများအပြားပြုလုပ်ကြသောနေရာလည်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ C919 လေယာဉ်သည် ဝေဟင်မြင့်ပျံသန်းပြေးဆွဲမှုများ၊ ကုန်းပြင်မြင့်ရှိ လေဆိပ်များတွင် အလိုက်သင့်ပျံသန်းမှုစစ်ဆေးခြင်းအတွက် အရေးပါသော ပတ်ဝန်းကျင်ထိန်းချုပ်ရေး၊ လေယာဉ်ပုံစံငယ်ထုတ်လုပ်မှုနည်းပညာနှင့် တွန်းကန်အား စသည့် အဓိကစနစ်အချို့အတွက် သုတေသနနှင့် တိုးတက်မှု စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ဝေဟင်မြင့်လေယာဉ်လမ်းကြောင်းများ၏ ပျံသန်းပြေးဆွဲမှုလိုအပ်ချက်များ၊ အနာဂတ်တွင် ဝေဟင်မြင့်လေယောဉ်အမျိုးမျိုး တီထွင်ထုတ်လုပ်မှုနှင့် ကိုက်ညီစေရန် အခြေခံအုတ်မြစ်ချမှတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း COMAC က ပြောကြားခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂,၄၃၈ မီတာတွင်ရှိသော လေဆိပ်များကို ကုန်းပြင်မြင့်လေဆိပ်များအဖြစ် သတ်မှတ်ထားကြောင်း လေကြောင်းလုပ်ငန်းလေ့လာသူများထံမှ သိရသည်။ (Xinhua)

……………………………………..
(English Version)
China’s homegrown C919 aircraft arrives in Xizang for first time
SHANGHAI, Sept. 19 (Xinhua) — China’s homegrown C919 jetliner, developed by the Commercial Aircraft Corporation of China (COMAC), completed a flight from southwest China’s Sichuan Province to the neighboring Xizang Autonomous Region on Thursday, marking the aircraft’s first landing in Xizang.
The destination of this trial flight, Lhasa Gonggar International Airport, is located in the Yarlung Zangbo River Valley, at an elevation of 3,569 meters. Surrounded by steep mountains, the local complex and variable meteorological environment places high demands on the high-altitude operational performance of aircraft.
The C919 aircraft will now conduct research and development test flights for some key systems such as environmental control, avionics and propulsion that are critical for high-altitude operations, as well as adaptability checks for high-plateau airports. This is expected to lay the foundation for meeting the operational needs of high-altitude air routes and the development of high-altitude aircraft variants in the future, said the COMAC.
Airports with an elevation of over 2,438 meters above sea level are referred to as high-plateau airports, according to industry insiders.
Photo 1: A C919 passenger aircraft operated by China Southern Airlines took off from Guangzhou Baiyun International Airport on Thursday, marking the Guangzhou-based airline’s maiden C919 commercial flight. (Xinhua)