China
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ၏ ရာသီဥတုဆိုင်ရာ သံတမန်တို့ ပေကျင်း၌ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အပြည်ပြည်ဆိုင်ရာ ရာသီဥတုမူဝါဒရေးရာ အကြီးတန်းအကြံပေး ဂျွန်ပိုဒက်စတာနှင့် စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်က ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၄၅ နှစ်ပြည့်မြောက်သည့် အခါသမယဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်သည်ကို ၄၅ နှစ်ကြာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများက ညွှန်ပြနေကြောင်း၊ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေမည့်အစား တစ်နိုင်ငံ၏အောင်မြင်မှုကို အခြားတစ်နိုင်ငံက အထောက်အကူပေးသင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကိုမြို့၌ နှစ်နိုင်ငံ သမ္မတနှစ်ဦးအကြား ရရှိခဲ့သည့် အရေးပါသော ဘုံသဘောတူညီမှုများကို အကောင်အထည်ဖော်ရန်၊ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအချင်းချင်း သင့်သင့်မြတ်မြတ်ရှိစေမည့် မှန်ကန်သော နည်းလမ်းတစ်ခုကို ရှာဖွေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတည်ငြိမ်၍ ရေရှည်တည်တံ့သော တိုးတက်မှုများ ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် အမေရိကန်နိုင်ငံနှင့်အတူ လက်တွဲအလုပ်လုပ်ရန် တရုတ်နိုင်ငံက အသင့်ရှိနေသည်ဟုလည်း ဝမ်က ဆိုသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးကို ဦးတည်လျက် ကာဗွန်ထွက်ရှိမှုနည်းသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခိုင်အမာ ကတိကဝတ်ပြုထားကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အရေးပါသော စီမံဆောင်ရွက်ချက်လည်းဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
နှစ်ဖက်လုံးမှ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးအဖွဲ့များသည် နီးနီးကပ်ကပ် ဆက်ဆံမှုများကို ထိန်းသိမ်းလျက် ယခုနှစ်အတွင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များစွာကို ရရှိခဲ့ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မူဝါဒတည်ငြိမ်အောင် ထိန်းသိမ်းကာ တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို အထူးအလေးအနက်ထားပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် လွန်ကဲသော လုံခြုံရေးအယူအဆတို့ကို ရှောင်ကြဉ်လျက် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအား တရုတ်နိုင်ငံနှင့်အတူ လက်တွဲဖြေရှင်းမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့သည့် အရေးပါသော ဘုံသဘောတူညီမှုတစ်ရပ်ဖြစ်ကာ အမေရိကန်-တရုတ် ဆက်ဆံရေး၏ အခရာကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်၏ အလေးထားစရာဖြစ်ကြောင်း ပိုဒက်စတာက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ကမ္ဘာကြီးအတွက်လည်း ကောင်းကျိုးချမ်းသာများကို ပိုမိုဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အပြန်အလှန်ဆက်ဆံမှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန်နှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက ဆန္ဒရှိကြောင်း ပိုဒက်စတာက ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
China’s top diplomat meets U.S. climate envoy in Beijing
BEIJING, Sep. 6 (Xinhua) — China’s top diplomat Wang Yi met with U.S. Senior Advisor to the President for International Climate Policy John Podesta here on Friday.
Wang, Chinese foreign minister and also a member of the Political Bureau of the Communist Party of China (CPC) Central Committee, noted that this year marks the 45th anniversary of the establishment of diplomatic ties between China and the United States.
The 45 years of experience have revealed that China and the United States should be partners instead of being rivals, said Wang, adding that the two sides should enable each other’s success instead of competing viciously.
China stands ready to work with the United States to follow the important common understandings reached by the two presidents in San Francisco, find a right way to get along with each other as two major countries, and strive for the sound, stable and sustainable development of bilateral relations, Wang said.
Noting that China is firmly committed to green, low-carbon and sustainable development, Wang pointed out that dialogue and cooperation on climate change is not only an integral part of bilateral relations, but also an important measure to implement the consensus reached by the two heads of state.
He noted that the teams of both sides on climate response have maintained close communication and reached a series of practical cooperation outcomes this year. It is hoped that the U.S. side will maintain policy stability, earnestly respect China’s concerns, avoid protectionism and overstretching the concept of security, and jointly address this global challenge with China.
Podesta stated that cooperation on addressing the climate change is an important consensus reached by the two heads of state, and it is a key component of the U.S.-China relationship and concerns the global multilateral cooperation process.
The collaboration between the United States and China will not only benefit the people of both countries but also bring more welfare to the world, he said.
The U.S. side is willing to strengthen communication and coordination with China and engage in constructive cooperation, Podesta said. Enditem
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with U.S. Senior Advisor to the President for International Climate Policy John Podesta in Beijing, capital of China, Sept. 6, 2024. (Xinhua/Liu Bin)