Connect with us

China

နွေဦးပွဲတော်ကာလအတွင်း ဘေးကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံအနေဖြင့် လာမည့် နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ခရီးသည်များ ဘေးကင်း၍ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အစီအမံများ ဆောင်ရွက်လျက်ရှိသည်။
မိသားစုအများအပြား ပြန်လည်ဆုံစည်းခြင်း၊ ခရီးသွားလာမှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းတို့က တရုတ်ပြက္ခဒိန်တွင် နှစ်သစ်တစ်နှစ်စတင်သည့် အထိမ်းအမှတ်ဖြစ်သော နွေဦးပွဲတော်၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး၊ မိုးလေဝသ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးနှင့် အခြားနယ်ပယ်များကို တာဝန်ယူထားသည့် အစိုးရဌာနများအနေဖြင့် အဆိုပါ ပွဲတော်ကာလအတွင်း ခရီးသွားလာမှုများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းကို စီမံကိုင်တွယ်ရန် နှစ်စဥ်နှစ်တိုင်း အစွမ်းကုန် ပြင်ဆင်ဆောင်ရွက်လေ့ရှိသည်။ယခုနှစ် နွေဦးပွဲတော် ခရီးသွားရာသီမှာ ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ ကြာမြင့်မည်ဟု သိရသည်။ ရက်ပေါင်း ၄၀ ကြာမြင့်မည့် ခရီးသွားရာသီအတွင်း ဒေသဖြတ်ကျော် ခရီးစဥ်ပေါင်း ၉ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကာ ရထားခရီးစဥ်နှင့် မြို့ပြလေကြောင်းခရီးစဥ် နှစ်မျိုးလုံးတွင် ခရီးသည်ဦးရေ စံချိန်တင် များပြားလာဖွယ်ရှိကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ဒုတိယညွှန်ကြားရေးမှူး လီချွမ်းလျင်က ပြောကြားခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0kl


…………………….
(English Version)
Multi-faceted efforts underway to ensure safe Spring Festival travel
China is taking multipronged measures to ensure safe and smooth travel for passengers during the upcoming Spring Festival travel rush.
Spring Festival, marking the beginning of a new year in the Chinese lunar calendar, is characterized by mass family reunions and a surge in travel. Each year, government agencies responsible for transport, weather, emergency management and other areas go all out to handle the travel rush associated with the festival.
This year, the Spring Festival travel rush will extend from Jan. 14 to Feb. 22. A total of 9 billion inter-regional trips are expected during the 40-day travel surge, with passenger volumes for both rail and civil aviation trips also set to hit record highs, said Li Chunlin, deputy director of the National Development and Reform Commission (NDRC). xhtxs.cn/0kl

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.