Connect with us

မြန်မာ-ENG

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ကနဦး အကူအညီအဖြစ် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၅ သန်း ခွင့်ပြု

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Manuel Elias/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂက ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် အရေးပေါ် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ခွဲဝေသတ်မှတ်လိုက်ပြီး နောက်ဆက်တွဲ လိုအပ်ချက်များကို စိစစ်တွက်ချက်ကာ ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရာ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက မတ် ၂၈ ရက်၌ ပြောကြားခဲ့သည်။
“ကုလသမဂ္ဂအနေနဲ့ ငလျင်ဒဏ်တုံ့ပြန်ရေးကို လမ်းညွှန်ပေးဖို့အတွက် ထိခိုက်ခံစားရသူ အရေအတွက်၊ အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အ‌ရေးတကြီး လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် အဖွဲ့များနှင့် အထောက်အပံ့များကိုလည်း စုရုံးပြင်ဆင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုးပမ်းအားထုတ်မှုများကို ဝိုင်းဝန်းအကူအညီပေးရန် မြန်မာအာဏာပိုင်များက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားကြောင်း ဒူဂျာရစ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက အသက်ကယ်ဆယ်ရေး အကူအညီများကို အထောက်အကူပေးရန် ကုလသမဂ္ဂ အရေး‌ပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေထဲမှ အမေရိကန်‌ဒေါ်လာ ၅ သန်း ခွဲဝေသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် ငလျင်ဗဟိုချက်အနီးတွင်ရှိသော မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် အခြားနေရာဒေသများတွင်လည်း ကြီးမားသော အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်း ဒူဂျာရစ်က ဆိုသည်။
အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃.၅ သန်းကျော် အပါအဝင် လူသန်း ၂၀ နီးပါး အကူအညီလိုအပ်လျက်ရှိသော မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် စိုးရိမ်ဖွယ် လူသားချင်းစာနာမှု အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံမှာလည်း သက်ရောက်မှုအပြင်းထန်ဆုံး ဖြစ်ပုံရပါတယ်။ ဘန်ကောက်မြို့က အထပ်မြင့်အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် လူသေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဘန်ကောက်မှာ အရေး‌ပေါ်အခြေအနေ ကြေညာထားပြီး ထိုင်းအစိုးရက တုံ့ပြန်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်လည်း ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ကာ ယင်းပြည်နယ်တွင် သွားလာလှုပ်ရှားမှုအပေါ် ထိခိုက်မှုနှင့် ပျက်စီးမှု အနည်းအကျဉ်း ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“တုန်ခါမှုတွေကြောင့် ဒါကာနဲ့ စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်မြို့ကြီးအချို့မှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူထိခိုက်သေဆုံးတဲ့ သတင်းတွေ လတ်တလော ထွက်ပေါ်ခြင်းမရှိသေးပေမဲ့ အာဏာပိုင်တွေက နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်တဲ့ အလားအလာကြောင့် ဆက်လက်သတိထားနေပါတယ်” ဟု ဒူဂျာရစ်က ဆိုသည်။
ကုလသမဂ္ဂအနေဖြင့် အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်ကာ လိုအပ်သည့် အကူအညီနှင့် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒူဂျာရစ်က ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
UN grants initial 5 mln USD to Myanmar for earthquake aid
UNITED NATIONS, March 28 (Xinhua) — The United Nations on Friday allocated an emergency 5 million U.S. dollars to Myanmar for earthquake aid while determining additional needs and coordinating the response, a UN spokesman said.
“The UN is gathering information on the number of people impacted, damage to infrastructure and immediate humanitarian needs to guide the response,” Stephane Dujarric, spokesman for the UN secretary-general, told reporters. “The UN is mobilizing teams and support.”
Dujarric said Myanmar’s authorities called for the international community to support the response efforts.
The UN Emergency Relief Coordinator Tom Fletcher allocated 5 million U.S. dollars from the UN Central Emergency Response Fund to support life-saving assistance.
Dujarric said the earthquake has caused significant damage in central Myanmar, Mandalay City, near the epicenter, as well as in Nay Pyi Taw territory, Bago, Magway, Sagaing, Shan state and possibly other regions.
It will compound an already dire humanitarian situation in Myanmar, where nearly 20 million people need assistance, including more than 3.5 million people displaced from their homes, the spokesman said.
“Beyond Myanmar, the impact appears to be greatest in Thailand,” he said. “Reports indicate that a high-rise building in Bangkok collapsed, resulting in casualties. A state of emergency has been declared in Bangkok and the government is scaling up its response.”
He added that China’s Yunnan Province, bordering Myanmar, also recorded strong tremors. Initial reports indicate limited disruptions and damage in the province.
“The tremors also reportedly caused panic in several cities in Bangladesh, including Dhaka and Chattogram,” Dujarric said. “While there were no immediate reports of casualties in Bangladesh, authorities remained alert for potential aftershocks.”
The spokesman said the world body will continue to monitor the situation closely and provide support and assistance as needed.
English Caption
UN Secretary-General Antonio Guterres speaks during a press conference at the UN headquarters in New York, on Feb. 28, 2025. (Manuel Elias/UN Photo/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.