Connect with us

Eastern Europe

ယူကရိန်းအား ထောက်ပံ့ထားသော လက်နက်များ အသုံးပြုနိုင်သည့် အကွာအဝေး ကန့်သတ်မှု ရုပ်သိမ်းခဲ့သည့် ဥ‌ရောပ၏ ဆုံးဖြတ်ချက်မှာ “အန္တရာယ်ရှိ” ဟု ကရင်မလင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၇ ရက် (ဆင်ဟွာ)
ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းအား ထောက်ပံ့ထားသော ဒုံးကျည်များ အသုံးပြုနိုင်သည့် အကွာအဝေးအပေါ် ကန့်သတ်မှုများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ “အန္တရာယ်ရှိကြောင်း” ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။
“အဲဒီလို ဆုံးဖြတ်ချက်တွေကို အမှန်တကယ် ချမှတ်လိုက်တယ်ဆိုရင်တော့ နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အဲဒီဖြေရှင်းရေး မူဘောင်အတွင်းမှာ လတ်တလော လုပ်ဆောင်နေတဲ့ ကြိုးပမ်းမှုတွေကို သူတို့ဘက်က လုံးဝဆန့်ကျင်လိုက်တာပဲဖြစ်တယ်” ဟု ပက်စကော့ဗ်က ဆိုသည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်က ဂျာမနီနှင့် မိမိတို့၏ မဟာမိတ်များအနေဖြင့် ယူကရိန်းအား ထောက်ပံ့ထားသော လက်နက်များအား အသုံးပြုနိုင်သည့် အကွာအဝေးအပေါ် ကန့်သတ်မှုများကို ရုပ်သိမ်းကြောင်း မေ ၂၆ ရက်က ကြေညာခဲ့သည်။
ဗြိတိန်နှင့် ပြင်သစ်နည်းတူ မိမိတို့အနေဖြင့်လည်း အဆိုပါ လက်နက်များကို တာဝေးအတွက် အသုံးမပြုရန် ကန့်သတ်ခြင်း မရှိတော့ကြောင်း၊ အမေရိကန်အနေဖြင့်လည်း အလားတူပင်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံထဲမှ စစ်ဘက်အဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့် ရရှိသွားမည်ဖြစ်ကြောင်း ဘာလင်မြို့၌ ကျင်းပသည့် WDR Europaforum တွင် မက်ဇ်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Kremlin calls Europe’s decision to lift range limits on weapons for Kiev “dangerous”
MOSCOW, May 26 (Xinhua) — The decision of several European countries to remove range restrictions on missiles supplied to Kiev is “dangerous,” Kremlin Spokesman Dmitry Peskov said Monday.
Peskov said that if such decisions were actually made, “they absolutely run counter to our aspirations to reach a political settlement and the efforts currently being made within the framework of the settlement.”
German Chancellor Friedrich Merz announced Monday that Germany and its allies have lifted restrictions on the range of weapons supplied to Ukraine.
There are no longer range restrictions for such weapons, “neither from Britain, France, nor from us. Not from the United States either,” Merz said at the WDR Europaforum in Berlin, adding that this would allow Ukraine to defend itself by attacking military facilities within Russia.
English Caption
This photo taken on April 21, 2025 shows a view of the Kremlin in Moscow, Russia. (Xinhua/Cao Yang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.