International Organizations
၂၀၂၅ ခုနှစ် မေ ၃၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဖရင်းပေါင်နှင့် လက်မှတ်ရေးထိုးကြောင်း လီဗာပူးကြေညာ
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက နယ်သာလန် နိုင်ငံတကာကစားသမား ညာနောက်ခံလူ ဂျရမီ ဖရင်းပေါင်နဲ့ လက်မှတ်ရေးထိုးလိုက်ကြောင်း မေ ၃၀ ရက်က ကြေညာလိုက်သည်။
လီဗာပူးအသင်းမှ ထရန့်အလက်ဇန်းဒါး အာနိုးက ရီးရဲလ်မက်ဒရစ်နဲ့ လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာပြီး နာရီပိုင်းမျှအကြာတွင် ဘေယာလေဗာကူဆန်မှ အသက် ၂၄ နှစ်အရွယ် ဖရင်းပေါင်က ယူရို ၃၅ သန်း (အမေရိကန်ဒေါ်လာ သန်း ၄၀) ဖြင့် လီဗာပူးနှင့် လက်တွဲလိုက်ခြင်းဖြစ်သည်။
………..
— တာ့ခ်လီမာကန် ကားမောင်းပြိုင်ပွဲ၏ အခက်ခဲဆုံးအဆင့်တွင် ကြမ်းတမ်းသောရာသီဥတု၊ အပြောင်းအလဲမြန်သောအနေအထားက ယှဉ်ပြိုင်သူများကို စမ်းသပ်လျက်ရှိ
ယခုနှစ် တာ့ခ်လီမာကန်ပြိုင်ပွဲ ကားမောင်းပြိုင်ပွဲ၏ အခက်ခဲဆုံးအဆင့်များအနက် တစ်ခုအဖြစ် အများက ကျယ်ကျယ်ပြန့်ပြန့်မှတ်ယူထားသော ရှစ်ဆင့်မြောက် ပွဲစဉ် (SS8) ကို ရင်ဆိုင်ယှဉ်ပြိုင်နေရသည့်အလျောက် မေ ၃၀ ရက်တွင်မူ ယှဉ်ပြိုင်သူများအဖို့ ၎င်းတို့၏ စွမ်းဆောင်ရည်ကို အဆုံးအစွန်အထိ တွန်းပို့လိုက်သည်။
တာ့ခ်လီမာကန်သဲကန္တာရအတွင်း ၃၃၈ ကီလိုမီတာဖြတ်သန်းကာ လမ်းကြမ်းမောင်းနှင်ကြသော ပြိုင်ပွဲဝင် ယာဉ်မောင်းများမှာ ပြင်းထန်သောအပူချိန်၊ သဲမုန်တိုင်းများနှင့် အပြောင်းအလဲမြန်သော အလင်းရောင်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်။
……..
— အီကွေဒေါက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် ဗယ်လန်စီယာနှင့် Plata တို့အား အသင်းတွင် အင်အားဖြည့်တင်း
ဘရာဇီးအခြေပြု ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော အန်နာ ဗယ်လန်စီယာနှင့် Gonzalo Plata တို့သည် ဒဏ်ရရှိထားမှု စိုးရိမ်စရာများရှိသော်ငြားလည်း ဘရာဇီး၊ ပီရူးတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် အီကွေဒေါအသင်း၌ ပါဝင်လာခဲ့ကြောင်း အီကွေဒေါ ဘောလုံးအဖွဲ့ချုပ်က မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။
အင်တာစီယွန်နယ်အသင်းမှ ဗယ်လီစီယာက တံကောက်ကြောဒဏ်ရာကြောင့် Porto Alegre ကလပ်အသင်း၏ ပွဲစဉ်ခြောက်ပွဲ လွဲချော်ခဲ့ရသလို ဖလာမင်ဂိုအသင်းမှ Plata ကမူ ဒူးခေါင်းဒဏ်ရာကြောင့် ဧပြီလကတည်းက အရန်နေရာ၌ပင် ရှိနေခဲ့သည်။
“သူတို့က ရှုပ်ထွေးတဲ့အခြေအနေရှိနေပေမဲ့လည်း လက်ရှိမှာတော့ ပြန်လည်နာလန်ထူတဲ့အဆင့်မှာ ရှိနေပါပြီ” ဟု အီကွေဒေါအသင်း မန်နေဂျာ Sebastian Beccacece က သတင်းထောက်များကို ပြောကြားခဲ့သည်။
…………
— ယူအီးအက်ဖ်အေလိဂ် အမျိုးသမီး နေးရှင်းလိဂ် – ဆလိုဗေးနီးယားနှင့် ဂရိပွဲစဉ်
ယူအီးအက်ဖ်အေ အမျိုးသမီး နေးရှင်းလိဂ် ဘီ အုပ်စု ၂ ပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနှင့် ဂရိအသင်းတို့က ဆလိုဗေးနီးယားနိုင်ငံ Ljubljana မြို့တွင် ၂၀၂၅ ခုနှစ် မေ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည်။ (Xinhua)
……………………
(English Version)
— Liverpool announces Frimpong signing
LONDON, May 30 (Xinhua) — Premier League champions Liverpool on Friday announced the signing of Dutch international right back Jeremie Frimpong.
The 24-year-old joins from Bayer Leverkusen for 35 million euros (40 million U.S. dollars) just hours after Real Madrid announced the signing of Trent Alexander-Arnold from Liverpool.
………..
— Harsh weather, shifting sands test racers in Taklimakan Rally’s toughest stage
URUMQI, May 30 (Xinhua) — The Taklimakan Rally pushed competitors to their limits Friday as they tackled the eighth stage (SS8) — widely regarded as one of the toughest stages of this year’s event.
The 338-kilometer stretch cut deep into the Taklimakan Desert, confronting drivers with extreme heat, sandstorms and rapidly shifting light.
……..
— Ecuador names Valencia, Plata in squad for World Cup qualifiers
QUITO, May 30 (Xinhua) — Brazil-based forwards Enner Valencia and Gonzalo Plata have been included in Ecuador’s squad for World Cup qualifiers against Brazil and Peru despite injury concerns, the Ecuadorian football federation said on Friday.
Internacional’s Valencia has missed the Porto Alegre club’s past six games due to a hamstring strain, while Flamengo’s Plata has been sidelined since April with a knee injury.
“They are in a complicated situation but they are currently in the process of recovering,” Ecuador manager Sebastian Beccacece told reporters.
…………
— SLOVENIA-LJUBLJANA-FOOTBALL-UEFA WOMEN’S NATIONS LEAGUE-LEAGUE B-SLOVENIA VS GREECE
LJUBLJANA, May 31, 2025 (Xinhua) — Sara Makovec (front L) of Slovenia shoots during the UEFA Women’s Nations League B group 2 football match between Slovenia and Greece in Ljubljana, Slovenia, May 30, 2025. (Photo by Zeljko Stevanic/Xinhua)