Asia
ကုန်သွယ်ရေးအား လက်နက်သဖွယ် အသုံးချခြင်းကို ရင်ဆိုင်ရန်အတွက် အာဆီယံ အဖွဲ့အစည်းအတွင်း ညီညီညွတ်ညွတ်ရှိကြရန် မလေးရှား ဝန်ကြီးချုပ် တိုက်တွန်း

ကွာလာလမ်ပူ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
အဟန့်အတားများကို ကျော်လွှားလွန်မြောက်ကာ လွတ်လပ်၍ တံခါးဖွင့်သော ကုန်သွယ်ရေးဆိုင်ရာ မူဝါဒရပ်တည်ချက်ကို ထိန်းသိမ်းရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးအား လက်နက်သဖွယ် အသုံးချခြင်းကို ညီညီညွတ်ညွတ် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အန်ဝါက အမေရိကန်အစိုးရ၏ စည်းကြပ်ခွန် သတ်မှတ်မှုများကြောင့် ထိခိုက်မှုဖြစ်စေသော သက်ရောက်မှုများကို တန်ပြန်ရင်ဆိုင်ရန်အတွက် ဒေသတွင်း ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်မဟာဗျူဟာတစ်ရပ်အဖြစ် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရန်လည်း တိုက်တွန်းခဲ့သည်။
“အရင်တုန်းက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ဖိအားပေးဖို့၊ အဆက်အသွယ်ဖြတ်တောက်ဖို့၊ ထိန်းချုပ်ဟန့်တားဖို့အတွက် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြပါပြီ။ စည်းကြပ်ခွန်၊ ပို့ကုန်ကန့်သတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အတားအဆီးတွေက ပထဝီနိုင်ငံရေး အားပြိုင်မှုရဲ့ ထက်မြက်တဲ့ လက်နက်တွေဖြစ်လာပါပြီ။ ဒီစိန်ခေါ်မှုက ယာယီအတွက်မဟုတ်ဘဲ မျက်မှောက်ကာလရဲ့ အခြေအနေသစ်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အစည်းအဝေးတက်ရောက်လာသူများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“ကျွန်တော်တို့ဟာ ပြင်ပဖိအားတွေကို ရင်ဆိုင်ဖြတ်ကျော်တဲ့အခါမှာ ကျွန်တော်တို့အသိုက်အဝန်းရဲ့ အတွင်းပိုင်းအုတ်မြစ်တွေကို ခိုင်မာအောင်လုပ်ရပါမယ်။ ကျွန်တော်တို့အသိုက်အဝန်းကြားမှာ ကုန်သွယ်မှုတွေ ပိုလုပ်ပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ကာ ကဏ္ဍအသီးသီးမှာ ပေါင်းစည်းချိတ်ဆက်မှုတွေကို ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ မြှင့်တင်ရပါမယ်။ ပိုမိုအင်အားတောင့်တင်းပြီး ပိုမိုချိတ်ဆက်မှုရှိတဲ့ စီးပွားရေးစနစ်ကို ထူထောင်ခြင်းဟာ လာမယ့်ဆယ်စုနှစ်တွေတိုင်အောင် ကျွန်တော်တို့ရဲ့ ဆက်နွှယ်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုကို ထိန်းမတ်ပေးနိုင်မယ့် မဟာဗျူဟာပိုင်းအရ အလွန်အရေးပါတဲ့ အရာဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အထူးသဖြင့် ကူးလူးဆက်သွယ်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ ပညာရေး၊ အများပြည်သူကျန်းမာရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်မှု စသည့် ကဏ္ဍများတွင် အာဆီယံ ပြည်သူများအား အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ အကောင်အထည်ဖော်ခြင်းကို အာဆီယံအနေဖြင့် မျက်ခြည်ပြတ်၍ မရကြောင်း၊ ထိုမူဝါဒများက လူနေမှုဘဝများကို မြှင့်တင်ပေးသကဲ့သို့ အာဆီယံအဖွဲ့အစည်းကိုလည်း ပိုမိုအင်အားတောင့်တင်းစေမည်ဖြစ်ကြောင်း အန်ဝါက အလေးအနက်ပြောကြားခဲ့သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကလည်း အာဆီယံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် အခြားသော အဟန့်အတားဖြစ်စေသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပိုမိုကျယ်ပြန့်သော ပေါင်းစည်းမှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ကို ရှေးရှုလုပ်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ မျက်နှာစုံညီ အစည်းအဝေး၌ အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံက ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကာ အစည်းအဝေး၏ ဆောင်ပုဒ်မှာ “အားလုံးပါဝင်နိုင်မှု၊ စဉ်ဆက်မပြတ် တည်တံ့မှု” ဟူ၍ဖြစ်ကြောင်း သိရသည်။
ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ (အီးယူ)၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် စသော အာဆီယံပြင်ပ ဆွေးနွေးဖက်နိုင်ငံများနှင့် နှစ်နိုင်ငံချင်း ဆွေးနွေးမှုများ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး စုစုပေါင်း ၂၄ ခုကို ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် မလေးရှား၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဘရာဇီး၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တူကီယဲ စသော ကဏ္ဍအလိုက် ဆွေးနွေးဖက်နိုင်ငံများ ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေး လေးခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/429
……………………………………………..
(English Version)
Malaysian PM urges ASEAN unity to face weaponization of trade
KUALA LUMPUR, July 9 (Xinhua) — Weaponization of international trade must be met with unity among the Association of Southeast Asian Nations (ASEAN) grouping in order to weather disruptions and maintain a principled stand on free and open trade, Malaysian Prime Minister Anwar Ibrahim said here on Wednesday.
In his opening address at the 58th ASEAN Foreign Ministers’ Meeting, Anwar also urged greater intra-regional trade and cooperation as a long-term strategy to counter the disruptive impact of tariffs imposed by the U.S. administration.
“Across the world, tools once used to generate growth are now wielded to pressure, isolate and contain. Tariffs, export restrictions, and investment barriers have now become the sharpened instruments of geopolitical rivalry. This is no passing storm. It is the new weather of our time,” he said.
“As we navigate external pressures, we need to fortify our internal foundations. Trade more among ourselves, invest more in one another, and advance integration across sectors with resolve. To build a stronger, more connected ASEAN economy is a strategic imperative that will anchor our relevance and resilience for decades to come,” he added.