International Organizations
ပီအက်စ်ဂျီအား ဂိုးပြတ်ရှုံးနိမ့်မှုကို မေ့ပျောက်မသွားသင့်ကြောင်း အလွန်ဆို ပြော

နယူးယောက်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
မိမိနှင့် မိမိအသင်းသားများအနေဖြင့် ဇူလိုင် ၉ ရက် ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပီအက်စ်ဂျီအား ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းကို ဘယ်သောအခါမှ မေ့ပျောက်မသွားသင့်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုက ပြောကြားခဲ့သည်။“ကျွန်တော်တို့ အရှုံးရလဒ်နဲ့ အကြိမ်ပေါင်းများစွာ ကြုံရနိုင်သလို နောက်ထပ် နိုင်ပွဲပေါင်းများစွာကိုလည်း ယူဆောင်ရဦးမှာပါ။ ဒါပေမဲ့ ဘယ်တော့မှမရှုံးဘူးလို့ ထင်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ညာနေတာလို့ပဲ ကျွန်တော်ထင်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ လန်းလန်းဆန်းဆန်းပြန်ဖြစ်ဖို့ အနားယူကြမှာပါ။ ဒီရလဒ်ကို မမေ့ကြပါနဲ့။ ဒါပေမဲ့ ဒီရလဒ်ကြောင့် အလွန်အမင်း စိတ်ဓာတ်ကျတာမျိုးလည်း မဖြစ်ပါစေနဲ့” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။
အသက် ၄၃ နှစ်အရွယ် စပိန်နိုင်ငံသား ကိုင်တွယ်နေသည့် ရီးရဲလ်အသင်းမှာ မက်ထ်လိုက်ဖ် အားကစားကွင်း၌ ရီးရဲလ်ပရိသတ် အများစုပါဝင်သော ပရိသတ် ၇၇,၅၄၂ ဦး၏ ရှေ့မှောက်တွင် အပြတ်အသတ် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။
“အသင်းရဲ့ pressing ကစားပုံတင် ညံ့ခဲ့တာမဟုတ်ပါဘူး။ ကစားကွက်အချိတ်အဆက်ကအစ အရာအားလုံးမှာ ညံ့ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နွေရာသီတွင် ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သည့် ကီလီယန် အမ်ဘာပေမှာ ၎င်း၏ အသင်းဟောင်းနှင့် ပထမဆုံးရင်ဆိုင်ရသည့် ပွဲစဉ်ဖြစ်သလို ယခုပြိုင်ပွဲ၌ ပထမဆုံး ပွဲထွက်ကစားခဲ့သည့် ပွဲစဉ်လည်းဖြစ်သည့် အဆိုပါပွဲစဉ်၌ ခြေစွမ်းပြနိုင်ခြင်းမရှိပေ။

(250710) — NEW JERSEY, July 10, 2025 (Xinhua) — Xabi Alonso, head coach of Real Madrid, reacts during the semifinal match between Paris Saint-Germain (France) and Real Madrid (Spain) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 9, 2025. (Xinhua/Li Ming)
“အမ်ဘာပေလား ဗင်နီစီယက်စ်လား။ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်ချင်းတင်မကဘဲ တစ်သင်းလုံးကို ပြောရမှာပါ” ဟု အလွန်ဆိုက အလေးအနက်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ အသင်းတစ်သင်းကို တည်ဆောက်ဖို့လိုပါတယ်။ အဆင့်တိုင်းမှာ တစ်သားတည်းဖြစ်နေပြီး ဟန်ချက်ညီညီ တွဲဖက်ကစားနိုင်တဲ့ အသင်းတစ်သင်းကိုပါ။ အဲဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။ (Xinhua)
#Sports #Alonso #RealMadrid #ClubWorldCup #အားကစား #အလွန်ဆို #ရီးရဲလ်မက်ဒရစ် #ကလပ်ကမ္ဘာ့ဖလား
………………………………………………………………………………………
(English Version)
Alonso keen not to forget heavy loss to PSG
NEW YORK, July 9 (Xinhua) — Real Madrid coach Xabi Alonso said he and his players should never forget the 4-0 loss to Paris Saint-Germain in the FIFA Club World Cup semifinals on Wednesday.
“We’re going to lose many times, we have to win many more times, but whoever thinks that they’re never going to lose, I think they’re fooling themselves. Tomorrow we will start another stage of the day of rest, to refresh our heads a little. Let’s not forget it, but don’t let it drag us down too much,” Alonso said.
The 43-year-old Spaniard’s side lost its edge in front of 77,542 fans at MetLife Stadium, most of whom were Real Madrid supporters.
“It wasn’t just the pressing that was bad, it was the fluidity in our playing, it was everything,” he said.
Kylian Mbappe, who moved from PSG to Real Madrid last summer, struggled in his first start of the tournament – and his first game against his former club.
“Mbappe and Vinicius? No, we will talk about the whole team, not just individuals,” Alonso stressed.
“We need to build a team. A team that plays together as a unit, in every phase. That’s the goal,” he said.
English Caption
Xabi Alonso (L), head coach of Real Madrid hugs with Luka Modric after the semifinal match between Paris Saint-Germain (France) and Real Madrid (Spain) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 9, 2025. (Xinhua/Huang Zongzhi)