Connect with us

Asia

လာအိုနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ လှေများဖြင့် ရွှေ့ပြောင်းနေကြသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကာ နေအိမ်များနှင့် စိုက်ပျိုးမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒေသတွင်း သတင်းဝက်ဘ်ဆိုက် Lao Phattana News ၏ ဇူလိုင် ၁၀ ရက် ဖော်ပြချက်အရ ဇူလိုင် ၂ ရက်မှ ၇ ရက်အထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ဗီယင်ကျန်းပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၅ ရွာနှင့် အိမ်ထောင်စု ၁၇၉ စု ထိခိုက်ခဲ့ကာ စုစုပေါင်း ခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုသည် လာအိုငွေ ကစ် ၄၂၂ သန်း (အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ခန့်) ရှိကြောင်း သိရသည်။
လွမ်ပရာဘန်ပြည်နယ်တွင်မူ ဇူလိုင် ၆ ရက်က မိုးအဆက်မပြတ် နာရီပေါင်းများစွာ ရွာသွန်းပြီးနောက် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး လူအချို့ ပျောက်ဆုံးခဲ့သည်။ ဇူလိုင် ၈ ရက် နံနက်ပိုင်းအထိ အမျိုးသားတစ်ဦး၏ အလောင်းကိုသာ ပြန်လည်တွေ့ရှိဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Khammuan ပြည်နယ်တွင်လည်း ဇူလိုင် ၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လမ်းများနှင့် နေအိမ်များ ရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု နာရီပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့ကာ မွေးမြူရေးတိရစ္ဆာန်များနှင့် လူသုံးပစ္စည်းများ ရေစီးနှင့်အတူ မျောပါသွားခဲ့သည်။
မဲခေါင်မြစ်ကော်မရှင် (MRC) က ဇူလိုင် ၉ ရက်မှ ၁၁ ရက်အကြား လာအိုနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ အန္တရာယ်များသော ဒေသများရှိ ဒေသခံများကို သတိပြုနေထိုင်ကြရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို လိုက်နာရန် လာအိုနိုင်ငံ အာဏာပိုင်များက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Heavy rains trigger flash floods in several parts of Laos
VIENTIANE, July 10 (Xinhua) — Continuous heavy rainfall has triggered flash floods and landslides across several parts of Laos, leaving one people dead and several others missing, and causing significant damage to homes and agricultural land.
According to the local news website Lao Phattana News report on Thursday, continuous heavy rainfall from July 2 to 7 triggered flash floods and landslides in Vientiane province. Five villages were affected, impacting 179 families. The total estimated damage is around 422 million Lao kip (some 20,000 U.S. dollars).
In Luang Prabang province, severe flooding occurred on July 6 following several hours of continuous rain. The floods caused extensive damage to homes and left some people missing. As of the morning of July 8, the body of one male victim had been recovered, and search and rescue efforts remain ongoing.
Meanwhile, in Khammuan province, heavy rainfall led to widespread flooding on July 8, submerging roads and homes. The flood disrupted traffic for several hours, damaged numerous houses, and swept away livestock and personal belongings.
In addition, the Mekong River Commission (MRC) has issued a warning of heavy rainfall expected between July 9 and 11 across northern and central Laos. Authorities are urging residents in high-risk areas to remain vigilant and follow official safety guidelines.

English Caption
An aerial drone photo taken on Sept. 14, 2024 shows local people being evacuated to safe place in boats in Vientiane, Laos. (Photo by Kaikeo Saiyasane/Xinhua)