Europe
ပွင့်လင်းမြင်သာမှု၊ ဦးဆောင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ် ဥရောပကော်မရှင် အကြီးအကဲ အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့

စထရာဘော့ဂ်၊ ပြင်သစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ကာကွယ်ဆေး ဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသည်ဟူသော စွပ်စွဲချက်များ၊ ၎င်း၏ ဦးဆောင်မှုအပေါ် အခြား စိုးရိမ်မှုများရှိနေချိန်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်အနေဖြင့် ဥရောပပါလီမန်တွင် ဇူလိုင် ၁၀ ရက်၌ အယုံအကြည်မရှိအဆို တင်သွင်းခံရခြင်းအား ကျော်လွှားနိုင်ခဲ့ကြောင်း သိရသည်။
စထရာဘော့ဂ်မြို့တွင် ဇူလိုင် ၁၀ ရက် မွန်းတည့်ချိန်၌ ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုအတွင်း ယင်းအဆိုအား ကန့်ကွက်မဲ ၃၆၀ မဲ၊ ထောက်ခံမဲ ၁၇၅ မဲ၊ ကြားနေမဲ ၁၈ မဲ ရှိခဲ့ရာ ယင်းအဆိုကို အတည်ပြုနိုင်ရန် လိုအပ်သော ထောက်ခံမဲအရေအတွက် သုံးပုံနှစ်ပုံအား ပြည့်မီခဲ့ခြင်းမရှိပေ။
PFIZER ကုမ္ပဏီနှင့် စာအဆက်အသွယ်များမှသည် ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုအထိ
ထိုအယုံအကြည်မရှိအဆိုမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဥရောပပါလီမန်၌ အယုံအကြည်မရှိအဆိုအား ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်မှုဖြစ်ကာ ဗွန်ဒါလေယန်၏ ဦးဆောင်မှုပုံစံအပေါ် ဝေဖန်မှုများ မြင့်တက်လာခြင်းကိုလည်း ပိုမိုမြင်သာထင်သာရှိစေခဲ့သည်။
ဗွန်ဒါလေယန်အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း Pfizer ကုမ္ပဏီ အမှုဆောင်ချုပ် အဲလ်ဘတ် ဘော်လာနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု စာချုပ်များအတွက် ဆွေးနွေးညှိနှိုင်းရာ၌ အပြန်အလှန်ပေးပို့ခဲ့သည့် စာများကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည့်အတွက် ပွင့်လင်းမြင်သာရှိမှုအပေါ် စိုးရိမ်မှုများ မြင့်တက်စေသည်ဟု စွပ်စွဲလျက် ရိုမေးနီးယား လွှတ်တော်အမတ် ဂျော်ဂျီ ပီပယ်ရာက ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဥရောပကော်မရှင်အနေဖြင့် စွမ်းဆောင်ရည်အားနည်းခြင်း၊ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်နေဖွယ်ရှိခြင်း၊ ရိုမေးနီးယားနှင့် ဂျာမနီ စသော အဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲများတွင် ကြားဝင်စွက်ဖက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ပီပယ်ရာက စွပ်စွဲခဲ့သည်။
ယင်းအဆိုမှာ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် အပါအဝင် ခေါင်းဆောင်အချို့၏ ထောက်ခံမှုကို ရရှိခဲ့ကာ အော်ဘန်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ဗွန်ဒါလေယန်၏ ဓာတ်ပုံတစ်ပုံနှင့်အတူ “ထွက်သွားဖို့အချိန်တန်ပြီ” ဟု ဇူလိုင် ၉ ရက်၌ ရေးသားလျက် ၎င်းအဆိုအား လူသိရှင်ကြားထောက်ခံခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက ပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင် ဗွန်ဒါလေယန်က ဥရောပကော်မရှင်၏ ကပ်ရောဂါတုံ့ပြန်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ ဥရောပအတွက် အကောင်းဆုံး အကျိုးပြုနိုင်ရန်ပင် ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းနှင့် Pfizer ကုမ္ပဏီကြား ထိတွေ့ဆက်ဆံမှုမှာ ကမ္ဘာ့အတော်ဆုံး ကူးစက်ရောဂါကာကွယ်ရေး ပညာရှင်များနှင့် ပိုးမွှားဗေဒပညာရှင်များထံမှ အကြံဉာဏ်တောင်းခံမှုနှင့် အလားတူပင်ဖြစ်ကြောင်း ဥပမာပေး၍ ပြောဆိုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/45e

ပြင်သစ်နိုင်ငံ စထရာဘော့ဂ်မြို့ရှိ ဥရောပပါလီမန် ရုံးချုပ်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် ကြေညာချက်ထုတ်ပြန်နေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
EU chief survives no-confidence vote as transparency, leadership concerns mount
STRASBOURG, France, July 10 (Xinhua) — European Commission President Ursula von der Leyen survived a no-confidence vote in the European Parliament on Thursday, amid accusations of a lack of transparency in vaccine procurement and other concerns over her leadership.
The roll-call vote, held at noon in Strasbourg, ended with 360 votes against the motion, 175 in favor, and 18 abstentions, falling short of the two-thirds majority required for passage.
FROM PFIZER TEXTS TO ELECTION INTERFERENCE
The no-confidence motion marked the first no-confidence vote in the European Parliament since 2014 and brought to the forefront growing criticism of von der Leyen’s leadership style.
Romanian lawmaker Gheorghe Piperea initiated the motion, accusing von der Leyen of refusing to disclose text messages exchanged with Pfizer CEO Albert Bourla during negotiations for COVID-19 vaccine contracts in 2021, raising concerns about transparency.
Piperea also accused the European Commission of inefficiencies and potential misuse of funds, as well as interference in elections in member states such as Romania and Germany.
The motion garnered some support, including from Hungarian Prime Minister Viktor Orban, who publicly endorsed the motion on Wednesday, tweeting “Time to go” alongside a photo of von der Leyen on social media platform X.
Addressing the parliament earlier this week, von der Leyen defended the Commission’s pandemic decisions as being in Europe’s best interest, likening her contact with Pfizer to “seeking advice from the best epidemiologists and virologists in the world.”
English Caption 1
European Commission President Ursula von der Leyen speaks during a press conference after a European Council summit in Brussels, Belgium, Dec. 19, 2024. (Xinhua/Zhao Dingzhe)
English Caption 2
European Commission President Ursula von der Leyen makes a statement at the headquarters of European Parliament in Strasbourg, France, Nov. 27, 2024. (Xinhua/Zhao Dingzhe)