ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပထမဆုံး နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အား နိုဝင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ပညာရေးကဏ္ဍ၌ သုံးစွဲငွေစုစုပေါင်းပမာဏမှာ ယွမ် ၅.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃၁.၃ ဘီလီယံ) ရှိခဲ့ပြီး ယမန်နှစ်ကထက် ၅.၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(FOCAC) သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ထိရောက်မှု နှင့် ခိုင်မာမှုရှိသော စင်္ကြံ တစ်ခုဖြစ်ကာ ကောင်းမွန်သော အကျိုးရလဒ်များ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် အားပြင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၂၉ ရက်၌ ၄ ဦးအထိရှိလာကြောင်း တူရကီအစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ ရာသီဥတုဆိုးဝါးသည့် အခြေအနေများကြောင့် နိုင်ငံသား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့်...
နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် COVID-19 မျိုးဗီဇကွဲဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကူးစက်ခံရသောနိုင်ငံများမှ နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုများအား ချက်ချင်းရပ်ဆိုင်းရန် နယူးဒေလီမြို့တော် ဝန်ကြီးချုပ် Arvind Kejriwal က နိုဝင်ဘာ ၃၀ ရက်၌ တိုက်တွန်းလိုက်ကြောင်း သိရသည်။ “နိုင်ငံများစွာက...
ဖနွမ်းပင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) သို့မဟုတ် B.1.1.529 ဟုသိကြသော COVID-19 ဗီဇပြောင်း မျိုးကွဲအသစ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် အာဖရိကရှိ နိုင်ငံ ၁၀ နိုင်ငံမှ ခရီးသည်များပြည်ဝင်ခွင့်ကို ကမ္ဘောဒီးယားနိုင်ငံက နိုဝင်ဘာ ၂၉ ရက် ညဉ့်သန်းခေါင်ကျော်တွင် တားမြစ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ကျန်းမာရေးဝန်ကြီး...
ယူနန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် နယ်နိမိတ်မျဉ်းတစ်လျှောက် ကီလိုမီတာ စုစုပေါင်း ၄,၀၆၀ ရှိသည်။ ယူနန် ပြည်နယ်တွင် နယ်စပ်မှတစ်ဆင့် COVID-19 ကူးစက်မှုများကို ဦးစွာ ကြုံတွေ့ရတတ်သည်။ ထိုဒေသတွင် ကဏ္ဍပေါင်းစုံမှ ဝန်ထမ်းပေါင်း ၁၅၃,၀၀၀ ဦးကို နယ်စပ်ဒေသစောင့်ကြပ်ရန်နှင့်ပြည်သူများ၏ အသက်အိုးအိမ်များကိုစောင့်ကြပ်ရန်တာဝန်ချထားကြောင်း...
တိုကျို၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက COVID-19 ဗီဇမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော အိုမီခရွန် (Omicron) ဗိုင်းရပ်စ်အား နိုင်ငံအတွင်း ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့ကြောင်း ဂျပန် အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ ရောဂါပိုးကူးစက်ခံရသောပုဂ္ဂိုလ်မှာ တိုကျိုမြို့အနီး နာရီတာလေဆိပ်တွင် နိုဝင်ဘာ ၂၈...