Connect with us

Media

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၄ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိ

နယူးဒေလီ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရထားတွဲ ၂၁ တွဲပါရှိသည့် ခရီးသည်တင်ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် ဘီဟာပြည်နယ်၏ မြို့တော် Patna ၏ အနောက်ဘက် ၉၆ ကီလိုမီတာ အကွာ Buxar ခရိုင်ရှိ Raghunathpur ရထားဘူတာရုံ၌ အောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းဖြစ်စဉ်အတွင်း လူ ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်ဟု ဆိုသည်။ (Xinhua)

……………………………..
(English Version)
4 killed, many injured as train derails in India’s Bihar
At least four people were killed and many others injured after 21 coaches of a passenger train derailed in the eastern Indian state of Bihar, officials said Thursday.
The accident took place Wednesday night at the Raghunathpur railway station in the Buxar district about 96 km west of Patna, the capital city of Bihar.
Local media reports quoting officials said over 80 people were injured in the accident.
Xinhua News Agency correspondents reporting from New Delhi.(XHTV)