Connect with us

Media

ဂါဇာကမ်းမြောင်ဒေသနှင့် နယ်စပ်လမ်းဆုံ ရာဖာအား ပစ်မှတ်မထားရန် အစ္စရေးအား အီဂျစ်နိုင်ငံ တိုက်တွန်း

ကိုင်ရို၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နိုင်ငံကြား နယ်စပ်ပေါ်ရှိ ရာဖာလမ်းဆုံကို ပစ်မှတ်ထားခြင်းအား ရှောင်ရှားရန် အစ္စရေးနိုင်ငံအား အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် တိုက်တွန်းခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

“ရာဖာလမ်းဆုံကို ဖွင့်လှစ်ထားတုန်းပါပဲ။တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ပိတ်ထားတာ မရှိသေးပေမဲ့ ပါလက်စတိုင်း ဘက်အခြမ်းက အခြေခံအဆောက်အအုံတွေကတော့ အစ္စရေးက စီးနင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲလုပ်တဲ့အတွက်ကြောင့် ပျက်စီးသွားခဲ့ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ရာဖာလမ်းဆုံကို စီးနင်းတိုက်ခိုက်ခြင်းများအား ရှောင်ရှားသင့်ကြောင်း ၊ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းညီအစ်ကိုများကို ထောက်ပံ့ပေးနိုင်ရေးအတွက် အသက်သွေးကြောတစ်ခုအဖြစ် အသုံးပြုရန် ယင်းလမ်းဆုံအား ဆက်လက်တည်ရှိနိုင်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)

……………………………………
(English Version)
Egypt urges Israel not to target Rafah border crossing with Gaza Strip
The Egyptian Foreign Ministry on Thursday urged Israel to “avoid targeting the Rafah crossing on the border between the Gaza Strip and Egypt,” according to a statement by the ministry.
“The Rafah crossing remains open and has not been closed since the beginning of the ongoing crisis, but its basic infrastructure at the Palestinian side was destroyed due to the recurrent Israeli raids which prevent its normal operation,” the statement said.
Raids on the Rafah crossing should be evaded, so the crossing can be restored to serve as a life artery for supporting the Palestinian brothers in the strip, the statement added.
Xinhua News Agency correspondents reporting from Cairo.(XHTV)